လမ္းေၾကာင္းအတိုင္း မ ေျပးဆြဲဘဲ စက္႐ုံ ဖယ္ ရီ ဆြဲသည့္ YBS ၁၀ စီးကို CNG ျဖည့္ သြင္း ခြင့္ ရာသက္ပန္ ပိတ္သိမ္းအ ေရး ယူ

လမ္းေၾကာင္းအတိုင္း မေျပးဆြဲဘဲ စက္႐ုံဖယ္ရီဆြဲသည့္ YBS ၁၀ စီးကို CNG ျဖည့္သြင္းခြင့္ ရာသက္ပန္ ပိတ္သိမ္းအေရးယူ
=======================
သတ္မွတ္ထားသည့္ ခရီးစဥ္လမ္းေၾကာင္းအတိုင္း မေျပးဆြဲဘဲ စက္႐ုံမ်ားတြင္ ဖယ္ရီေျပးဆြဲေနသည့္ YBS ခရီးသည္တင္ယာဥ္ ၁၀ စီးကို ရာသက္ပန္ CNG ဓာတ္ေငြ႕ျဖည့္သြင္းခြင့္ ပိတ္သိမ္းလိုက္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ျပည္သူမ်ား ခရီးသြားလာေရး အဆင္ေျပေစရန္ႏွင့္ သက္သာေခ်ာင္ခ်ိေရးအတြက္ အာရွတြင္ အသက္သာဆုံးျဖစ္သည့္ တစ္ကီလိုဂရမ္လွ်င္ ၂၇၃ က်ပ္ ၂၅ ျပားႏႈန္းျဖင့္ CNG မ်ားကို ဦးစားေပး ေရာင္းခ်ေပးေနျခင္း ျဖစ္သည္။

သို႔ေသာ္ အဆိုပါ YBS ၁၀ စီးမွာ သတ္မွတ္လမ္းေၾကာင္းအတိုင္း မေျပးဆြဲဘဲ စက္မႈဇုန္မ်ား၌ ဖယ္ရီဆြဲေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ ယခုကဲ့သို႔ ျပင္းထန္စြာ အေရးယူလိုက္ျခင္း ျဖစ္သည္။

အဆိုပါ အေရးယူခံရသည့္ ယာဥ္ ၁၀ စီး၏ နံပါတ္မ်ားကိုလည္း CNG အေရာင္းဆိုင္မ်ားအားလုံးတြင္ ေၾကညာထားမည္ျဖစ္သည္။

ထို႔ျပင္ CNG ကို တရားမဝင္ ျပန္လည္ေရာင္းခ်ပါကလည္း ရာသက္ပန္ ပိတ္သိမ္းအေရးယူသြားမည္ျဖစ္ၿပီး၊ အမ်ားျပည္သူ ပိုေဆာင္ေရးအတြက္ အမွန္တကယ္ ေျပးဆြဲသည့္ လုပ္ငန္းရွင္မ်ားကိုသာ CNG သုံးစြဲခြင့္ ေပးသြားမည္ဟု သိရသည္။


လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ
=======================
သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးအတွက် အာရှတွင် အသက်သာဆုံးဖြစ်သည့် တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် CNG များကို ဦးစားပေး ရောင်းချပေးနေခြင်း ဖြစ်သည်။

သို့သော် အဆိုပါ YBS ၁၀ စီးမှာ သတ်မှတ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်မှုဇုန်များ၌ ဖယ်ရီဆွဲနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယခုကဲ့သို့ ပြင်းထန်စွာ အရေးယူလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အရေးယူခံရသည့် ယာဉ် ၁၀ စီး၏ နံပါတ်များကိုလည်း CNG အရောင်းဆိုင်များအားလုံးတွင် ကြေညာထားမည်ဖြစ်သည်။

ထို့ပြင် CNG ကို တရားမဝင် ပြန်လည်ရောင်းချပါကလည်း ရာသက်ပန် ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပြီး၊ အများပြည်သူ ပိုဆောင်ရေးအတွက် အမှန်တကယ် ပြေးဆွဲသည့် လုပ်ငန်းရှင်များကိုသာ CNG သုံးစွဲခွင့် ပေးသွားမည်ဟု သိရသည်။