အိုင္ဗရီကိုစ္ကစားသမား ဒီယိုမန္ဒီကို ေခၚယူမယ့္ ရီးယဲလ္အသင္း

အိုင္ဗရီကိုစ္ကစားသမား ဒီယိုမန္ဒီကို ေခၚယူမယ့္ ရီးယဲလ္အသင္း
=============
ရီးယဲလ္မက္ဒရစ္အသင္းဟာ လိုက္ပ္ဇစ္အသင္းက အိုင္ဗရီကိုစ္ေတာင္ပံကစားသမား ဒီယိုမန္ဒီကို ေခၚယူဖို ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဘြန္ဒစ္လီဂါၿပိဳင္ပြဲမွာ အေကာင္းဆုံးလူငယ္ကစားသမားဆု ရရွိခဲ့တဲ့ ဒီယိုမန္ဒီ(၁၉ ႏွစ္)ကို ေခၚယူဖို PSG နဲ႔ လီဗာပူးလ္တိုကလည္း စိတ္ဝင္စားခဲ့ၾကၿပီး ကမ္းလွမ္းမႈအားလုံးကို လိုက္ပ္ဇစ္အသင္းက ျငင္းပယ္ခဲ့ေၾကာင္းလည္း သိရပါတယ္။
လီဗာပူးလ္အသင္းက ၿပီးခဲ့တဲ့ ဇြန္လအတြင္း ေပါင္(၆၉)သန္းနဲ႔ ကမ္းလွမ္းခဲ့သလို၊ PSG အသင္းကလည္း တနဂၤေႏြေန႔က ေပါင္(၁၀၂.၅)သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမဲ့ ျငင္းပယ္ခံခဲ့ရပါတယ္။
ရီးယဲလ္အသင္းရဲ႕ ယူ႐ိုသန္း(၁၀၀)နဲ႔ ကမ္းလွမ္းမႈလည္း ျငင္းပယ္ခံခဲ့ရေပမဲ့ ရီးယဲလ္အသင္းက ကစားသမားနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ ရီးယဲလ္အသင္းက လိုက္ပ္ဇစ္အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကးဆက္လက္ညႇိႏွိင္းဖိုသာ က်န္ရွိေတာ့ၿပီး လိုက္ပ္ဇစ္အသင္းက ယူ႐ိုသန္း(၁၃၀)အထိ အလိုရွိေနေၾကာင္း သိရပါတယ္။
လိုက္ပ္ဇစ္အသင္းက ဒီယိုမန္ဒီကို ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာမွ လီဟာနက္စ္အသင္းကေန စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း(၂၀)နဲ႔ ေခၚယူထားခဲ့တာပါ။
ဒီယိုမန္ဒီက ရီးယဲလ္အသင္းနဲ႔ ၂၀၃၁ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး ဒီရက္သတၱပတ္အတြင္း မက္ဒရစ္မွာ ေဆးစစ္မႈျပဳလုပ္မယ္လို သိရပါတယ္။
အိုင်ဗရီကိုစ်ကစားသမား ဒီယိုမန်ဒီကို ခေါ်ယူမယ့် ရီးယဲလ်အသင်း
=============
ရီးယဲလ်မက်ဒရစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းက အိုင်ဗရီကိုစ်တောင်ပံကစားသမား ဒီယိုမန်ဒီကို ခေါ်ယူဖို ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ ဒီယိုမန်ဒီ(၁၉ နှစ်)ကို ခေါ်ယူဖို PSG နဲ့ လီဗာပူးလ်တိုကလည်း စိတ်ဝင်စားခဲ့ကြပြီး ကမ်းလှမ်းမှုအားလုံးကို လိုက်ပ်ဇစ်အသင်းက ငြင်းပယ်ခဲ့ကြောင်းလည်း သိရပါတယ်။
လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ ဇွန်လအတွင်း ပေါင်(၆၉)သန်းနဲ့ ကမ်းလှမ်းခဲ့သလို၊ PSG အသင်းကလည်း တနင်္ဂနွေနေ့က ပေါင်(၁၀၂.၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။
ရီးယဲလ်အသင်းရဲ့ ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းမှုလည်း ငြင်းပယ်ခံခဲ့ရပေမဲ့ ရီးယဲလ်အသင်းက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ ရီးယဲလ်အသင်းက လိုက်ပ်ဇစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးဆက်လက်ညှိနှိင်းဖိုသာ ကျန်ရှိတော့ပြီး လိုက်ပ်ဇစ်အသင်းက ယူရိုသန်း(၁၃၀)အထိ အလိုရှိနေကြောင်း သိရပါတယ်။
လိုက်ပ်ဇစ်အသင်းက ဒီယိုမန်ဒီကို ပြီးခဲ့တဲ့နှစ် နွေရာသီမှာမှ လီဟာနက်စ်အသင်းကနေ စာချုပ်လျော်ကြေး ယူရိုသန်း(၂၀)နဲ့ ခေါ်ယူထားခဲ့တာပါ။
ဒီယိုမန်ဒီက ရီးယဲလ်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ဒီရက်သတ္တပတ်အတွင်း မက်ဒရစ်မှာ ဆေးစစ်မှုပြုလုပ်မယ်လို သိရပါတယ်။




