ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ား၊ ေခတၱဥကၠ႒မ်ားႏွင့္ Zoom Meeting ျပဳလုပ္

ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ား၊ ေခတၱဥကၠ႒မ်ားႏွင့္ Zoom Meeting ျပဳလုပ္
=========
ဇြန္ ၃၀၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းတို႔ႏွင့္ ၃၀-၆-၂၀၂၆ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္အစည္းအေဝးခန္းမ (၂)၌ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ား၊ ေခတၱဥကၠ႒မ်ားႏွင့္ Zoom Meeting ျဖင့္ ျပဳလုပ္ေသာ အစည္းအေဝးသို႔ တက္ေရာက္ခဲ့ပါသည္။

အစည္းအေဝးတြင္ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး အဖြင့္အမွာစကားေျပာၾကားေဆြးေႏြးရာ ပါတီဥကၠ႒၏ႀကီး၏ လမ္းၫႊန္မွာၾကားခ်က္မ်ား၊ ပါတီ၏ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းဆိုင္ရာကိစၥရပ္မ်ား၊ ေရွ႕ဆက္ေဆာင္႐ြက္ရမည့္ ပါတီ၏ လုပ္ငန္းစဥ္မ်ား အား အက်ယ္တဝံ့ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။ ဆက္လက္ၿပီး တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ႏွင့္ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းတို႔မွ တိုင္းေဒသႀကီး/ျပည္နယ္ပါတီမ်ားအား ပါတီဌာနခ်ဳပ္သို႔ ခ်ိတ္ဆက္ေဆာင္႐ြက္ရမည့္ ကိစၥရပ္မ်ားအား ရွင္းလင္းေဆြးေႏြးပါသည္။

ထို႔ေနာက္ Zoom Meeting သို႔ တက္ေရာက္လာေသာ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ပါတီဥကၠ႒မ်ား၊ ေခတၱဥကၠ႒မ်ားက မိမိတို႔နယ္ေျမမ်ားအလိုက္ ေဆာင္႐ြက္ထားရွိေသာလုပ္ငန္းစဥ္မ်ား၊ ပါတီ၏ လုပ္ငန္းလမ္းၫႊန္ခ်က္မ်ားအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ထားရွိမႈမ်ားအား တင္ျပေဆြးေႏြးရာ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးက လိုအပ္သည္မ်ားအား ျဖည့္စြက္ေဆြးေႏြးခဲ့ၿပီး ယေန႔ညေနပိုင္းတြင္ ျပဳလုပ္ေသာ Zoom Meeting အား ညေန ၄ နာရီခြဲအခ်ိန္တြင္ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ခေတ္တဥက္ကဋ္ဌများနှင့် Zoom Meeting ပြုလုပ်
=========
ဇွန် ၃၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့နှင့် ၃၀-၆-၂၀၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ (၂)၌ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ခေတ္တဥက္ကဋ္ဌများနှင့် Zoom Meeting ဖြင့် ပြုလုပ်သော အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး အဖွင့်အမှာစကားပြောကြားဆွေးနွေးရာ ပါတီဥက္ကဋ္ဌ၏ကြီး၏ လမ်းညွှန်မှာကြားချက်များ၊ ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီ၏ လုပ်ငန်းစဉ်များ အား အကျယ်တဝံ့ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့မှ တိုင်းဒေသကြီး/ပြည်နယ်ပါတီများအား ပါတီဌာနချုပ်သို့ ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် Zoom Meeting သို့ တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ခေတ္တဥက္ကဋ္ဌများက မိမိတို့နယ်မြေများအလိုက် ဆောင်ရွက်ထားရှိသောလုပ်ငန်းစဉ်များ၊ ပါတီ၏ လုပ်ငန်းလမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးရာ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ယနေ့ညနေပိုင်းတွင် ပြုလုပ်သော Zoom Meeting အား ညနေ ၄ နာရီခွဲအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။