သိန္း ၅၀၀ ေက်ာ္တန္ေၾကးရွိ မက္ဆီ နဲ႔ ေရာ္နယ္ဒို ဖုန္းေတြ မိတ္ဆက္

သိန္း ၅၀၀ ေက်ာ္တန္ေၾကးရွိ မက္ဆီ နဲ႔ ေရာ္နယ္ဒို ဖုန္းေတြ မိတ္ဆက္
=======================
အီလက္ထ႐ြန္နစ္ပစၥည္းေတြကို ေ႐ႊ၊ အဖိုးတန္သတၱဳေတြနဲ႔ မြမ္းမံျပင္ဆင္ေပးေလ့ရွိတဲ့ Caviar ကုမၸဏီဟာ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ အခ်ိန္ကိုက္ၿပီး”Legends” လို အမည္ရတဲ့ ဖုန္းအသစ္ေတြကို မိတ္ဆက္လိုက္ပါတယ္။

ဇူလိုင္လ ၂၂ ရက္ေန႔မွာ ထြက္ရွိမယ့္ Samsung Galaxy Z Fold 8 Ultra နဲ႔ လက္ရွိ Apple ရဲ႕ ထိပ္တန္းဖုန္းျဖစ္တဲ့ iPhone 17 Pro တိုကို အထူးဒီဇိုင္းေတြနဲ႔ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

အဲဒီ ဖုန္းဒီဇိုင္းေတြကို နာမည္ႀကီးေဘာလုံးသမားေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္ဒိုတိုကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။

မက္ဆီဗားရွင္းအတြက္ မထြက္ရွိေသးတဲ့ Samsung Galaxy Z Fold 8 Ultra ကို အသုံးျပဳထားၿပီး အာဂ်င္တီးနားအသင္းရဲ႕ အျဖဴနဲ႔ အျပာေရာင္ေတြ၊ ဂ်ာစီနံပါတ္ ၁၀ နဲ႔ မက္ဆီရဲ႕ ပုံတူကို ထည့္သြင္းထားပါတယ္။

ေရာ္နယ္ဒိုဗားရွင္းကိုေတာ့ iPhone 17 Pro နဲ႔ Pro Max တိုကို အသုံးျပဳၿပီး ေပၚတူဂီအသင္းရဲ႕ အနီနဲ႔ အစိမ္းေရာင္ေတြ၊ နံပါတ္ ၇ နဲ႔ ေပၚတူဂီႏိုင္ငံတံဆိပ္တိုနဲ႔ ပုံေဖာ္ထားပါတယ္။

ဖုန္းႏွစ္မ်ိဳးလုံးရဲ႕ ေဘာင္ေတြနဲ႔ အနားသတ္ေတြကို ၂၄ ကာရက္ေ႐ႊနဲ႔ စီျခယ္ထားၿပီး ဒီဇိုင္းတစ္ခုစီအတြက္ ၁၉ လုံးစီပဲ ကန္႔သတ္ထုတ္လုပ္မွာ ျဖစ္ပါတယ္။

ေဈးႏႈန္းေတြအေနနဲ႔ မက္ဆီဗားရွင္း (256GB) ကို ကန္ေဒၚလာ ၁၃,၁၃၀ ကေန စတင္မွာျဖစ္ၿပီး ေရာ္နယ္ဒိုဗားရွင္း (256GB) ကိုေတာ့ ကန္ေဒၚလာ ၁၁,၄၁၀ ကေန စတင္မွာ ျဖစ္ပါတယ္။

Ref: Gizmochina


သိန်း ၅၀၀ ကျော်တန်ကြေးရှိ မက်ဆီ နဲ့ ရော်နယ်ဒို ဖုန်းတွေ မိတ်ဆက်
=======================
အီလက်ထရွန်နစ်ပစ္စည်းတွေကို ရွှေ၊ အဖိုးတန်သတ္တုတွေနဲ့ မွမ်းမံပြင်ဆင်ပေးလေ့ရှိတဲ့ Caviar ကုမ္ပဏီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အချိန်ကိုက်ပြီး”Legends” လို အမည်ရတဲ့ ဖုန်းအသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့မှာ ထွက်ရှိမယ့် Samsung Galaxy Z Fold 8 Ultra နဲ့ လက်ရှိ Apple ရဲ့ ထိပ်တန်းဖုန်းဖြစ်တဲ့ iPhone 17 Pro တိုကို အထူးဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းဒီဇိုင်းတွေကို နာမည်ကြီးဘောလုံးသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတိုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

မက်ဆီဗားရှင်းအတွက် မထွက်ရှိသေးတဲ့ Samsung Galaxy Z Fold 8 Ultra ကို အသုံးပြုထားပြီး အာဂျင်တီးနားအသင်းရဲ့ အဖြူနဲ့ အပြာရောင်တွေ၊ ဂျာစီနံပါတ် ၁၀ နဲ့ မက်ဆီရဲ့ ပုံတူကို ထည့်သွင်းထားပါတယ်။

ရော်နယ်ဒိုဗားရှင်းကိုတော့ iPhone 17 Pro နဲ့ Pro Max တိုကို အသုံးပြုပြီး ပေါ်တူဂီအသင်းရဲ့ အနီနဲ့ အစိမ်းရောင်တွေ၊ နံပါတ် ၇ နဲ့ ပေါ်တူဂီနိုင်ငံတံဆိပ်တိုနဲ့ ပုံဖော်ထားပါတယ်။

ဖုန်းနှစ်မျိုးလုံးရဲ့ ဘောင်တွေနဲ့ အနားသတ်တွေကို ၂၄ ကာရက်ရွှေနဲ့ စီခြယ်ထားပြီး ဒီဇိုင်းတစ်ခုစီအတွက် ၁၉ လုံးစီပဲ ကန့်သတ်ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ မက်ဆီဗားရှင်း (256GB) ကို ကန်ဒေါ်လာ ၁၃,၁၃၀ ကနေ စတင်မှာဖြစ်ပြီး ရော်နယ်ဒိုဗားရှင်း (256GB) ကိုတော့ ကန်ဒေါ်လာ ၁၁,၄၁၀ ကနေ စတင်မှာ ဖြစ်ပါတယ်။

Ref: Gizmochina