ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု မိတ္ထီလာခရိုင် ဓမ္မစကြာရွတ်ဖတ် ပူဇော်ပြိုင်ပွဲကျင်းပ

 

မိတ္ထီလာ အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီခရိုင် အစည်း အဝေးခန်းမ၌ ယမန်နေ့ နံနက် ၇ နာရီခွဲမှစတင်၍ ဗဟိုအမျိုးသမီး ညီလာခံကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် မိတ္ထီလာခရိုင် ဓမ္မစကြာရွတ် ဖတ်ပူဇော်ပြိုင်ပွဲကျင်းပခဲ့သည်။ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ၏ စည်းကမ်းချက်၊ အမှတ်ပေးပုံစည်း ကမ်းချက်များကို မိတ္ထီလာမြို့ နန်း တော်ကုန်းရပ်ကွက် သဒ္ဓမ္မဝံသာရုံ ပါဠိတက္ကသိုလ် ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာန တိုင်း သံဃာ့ဝန်ဆောင် ဘဒ္ဒန္တဥူးနန္ဒဝံသ ဆရာတော်ကရှင်းလင်းမြွက်ကြားကာ အခမ်းအနားကို နမောတဿသုံး ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။

Read more

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ တတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအစေးနှင့် လူငယ်လှုပ်ရှားမှုလုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

လားရှိုး၊၂၀၁၈၊ အောက်တိုဘာ ၁၀

Read more

ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ (၁၀/၂၀၁၈) ကျင်းပ

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၀/၂၀၁၈) အခမ်းအနားအား ယမန်နေ့ (၉-၁၀-၂၀၁၈) ရက်နေ့ နံနက် (၉) နာရီမှ (၁၁း၀၀) နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး (၃၆) အုပ်စုမှ ရပ်ကျေးပါတီဥက္ကဌများနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ပထမဦးစွာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်တူးအောင်မှ စည်းရုံးရေးနှင့် ပတ်သက်သည်များကို လည်းကောင်း၊ တက်ရောက်လာသည့် ရပ်ကျေးဥက္ကဌများ၊ ကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ရပ်ကျေးဥက္ကဌများ၊ ကော်မတီဝင်များကို ပါတီဝတ်စုံ ပုဆိုးများ ကံစမ်းမဲဖောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

ပုပ္ပါးဆွေးနွေးပွဲမှာ အဖွဲ့အားလုံးပါဝင်ဖို့ လိုကြောင်း UWSA ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပုပ္ပါးမှာကျင်းပမယ့် ထိပ်သီးဆွေးနွေး ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဖွဲ့အစည်းတချို့ကို ချန်ထားမယ်ဆိုရင် ရန်များမယ့်အရေး ဖြစ်တာကြောင့် အားလုံးပါဝင်လာနိုင်ဖို့က UWSA အဖွဲ့ရဲ့ မူဝါဒဖြစ်တယ်လို့ UWSA လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ပြောတာဖြစ်ပါတယ်။

Read more

ချောင်းဆိုး ပျောက်တဲ့ သဘောင်္သီး အစေး

ရာသီဥတု အမျိုးမျိုး ပြောင်းလဲမှု တို့ကြောင့် ချောင်းဆိုးလျှင် အောက်ပါ သဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။ ဒီဆေးနည်းကတော့ သိမ်ဖြူဆရာတော်ရေးသားထားတဲ့ ဆေးအဘိဓမ္မာကျမ်း ထဲမှာလည်း ပါဝင်ပါတယ်။ သင်္ဘောသီး၊ သင်္ဘောရွက်ဆို့ဟာ အလွန်ဆေးဖက်ဝင်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးအတွက် အသုံးပြုကြတာ များပါတယ်။

၁။ သင်္ဘောသီး အစိမ်ပေါ်ကို ဓါးဖျားဖြင့် အနည်းငယ်ဖောက်၍ အစေးများကို (၁၅) စက်ခန့် ခွက်ကလေးဖြင့် ရအောင်ယူပါ။

Read more

ကင်ဆာကာကွယ်ပေးမယ့် ပဲပင်ပေါက်နဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး လူကြိုက်များတဲ့ ပဲပင်ပေါက်အကြောင်းကိုပြောရမယ်ဆိုရင်တော့ ဗီတာမင် B,C,B1,B6,K,A စတဲ့ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ ပဲမျိုးဖြစ်ပါတယ်နော်။ ဒါတင်မက သေးပါဘူး သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် အပြင် Omega 3 Fatty Acids ကြွယ်ဝစွာပါဝင်ပါတယ်။

ပဲပင်ပေါက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော ကင်ဆာကာကွယ်ပေးခြင်း ပဲပင်ပေါက်ဟာ အမြင်ဓါတ် တွေကြွယ်ဝစွာပါဝင်ပြီး အူမကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာ ရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီးတော့ ကင်ဆာအမျိုးမျိုးဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားပေးသင့်ပါတယ်။

Read more

နမ့်စန်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

နမ့်စန်(တ) အောက်တိုဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြို နှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉နာရီက မြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ရာပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွန်း၊ ပြည်နယ်ဘဏ္ဍာ ရေးမှူး ဒေါ်ဝါဝါထွေး၊ ခရိုင်အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်နန်း မွေငင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး အမျိုးသမီးကိုယ်စား လှယ်များနှင့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့များမှ အမျိုး သမီးကိုယ်စားလှယ်များ စုစုပေါင်း ၁၇ဝခန့် တက်ရောက်ခဲ့ကြသည်။

Read more

မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် သက်ကြီးရွယ်အိုများ၊ ဓမ္မစကူးလ် ကျောင်းသားကျောင်းသူများအား အဟာရဒါနနှင့် ကိုယ်လက်သန့် စင်မှုများပြုလုပ် ကုသိုလ်ယူ

 

မော်လမြိုင်ကျွန်း ၊ အောက်တိုဘာ ၉

Read more

ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအုပ်စုဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ညောင်ဦး အောက်တိုဘာ ၉

ညောင်ဦးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍ အနော်ရထာလမ်းမဘေးရှိ ပြည်ခိုင်ဖြိုးရုံး၌ ယမန်နေ့ နံနက် ၉နာရီက ရပ်/ကျေးပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း ပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

Read more

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြု မော်လိုက်ပြည်ခိုင်ဖြိုးမှ အာဟာရလှူဒါန်း

 

မော်လိုက် အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လိုက်မြို့နယ် မြို့မကျောင်းရှိ ဓမ္မစကူးလ်ကျောင်းသားကျောင်းသူ ၃၂၄ ဦးအား ယမန်နေ့နံနက် ၁ဝ နာရီခွဲက နေ့လယ်စာအာဟာရဒါနအဖြစ် ထမင်းကျွေးမွေးခဲ့ပြီး ဆောက် လုပ်ဆဲဆွမ်းစားကျောင်းဆောင်သစ် အတွက် အလှူငွေကျပ် ၅ဝဝဝဝ အား လှူဒါန်းခဲ့သည်။

Read more