Red Wine ကိုစွန့်လွှတ်လိုက်ပြီဖြစ်တဲ့ ဖာဂူဆန်

မန်ယူအသင်းရဲ့ဂန္ထ၀င်နည်းပြကြီးဖာဂူဆန်အတွက် ၀ိုင်အနီ(Red Wine)ဆိုတာဟာ ဘယ်တော့မှခွဲခြားလို့မရမယ့် ပုံရိပ်တစ်ခုလိုဖြစ်ခဲ့တာပါ။

ဖာဂူဆန်ဟာ မန်ယူအသင်းကိုကိုင်တွယ်ခဲ့စဉ်က ပြိုင်ဘက်နည်းပြတွေနဲ့အတူ ၀ိုင်အတူသောက်လေ့ရှိသူလည်း ဖြစ်ခဲ့တာပါ။ Red Wine ဟာ ဖာဂူဆန်အကြိုက်ဆုံးအရာတွေထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဖာဂူဆန်ဟာ ကျန်းမာရေးအရ Red Wine သောက်ခြင်းကို စွန့်လွှတ်ထားတယ်လို့ သိရပါတယ်။ အသက် 76 နှစ်အရွယ် ဖာဂူဆန်ဟာ ပြီးခဲ့တဲ့မေလက ဦးနှောက်ခွဲစိတ်ခံယူမှုကနေ ကံကောင်း ထောက်မစွာနဲ့ အလုံးစုံပြန်လည်ကျန်းမာလာခဲ့ပြီး စက်တင်ဘာလအတွင်း ၀ုဗ်နဲ့ကစားခဲ့တဲ့ မန်ယူအသင်းရဲ့ ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် လာရောက်ကြည့်ရှုနိုင်ခဲ့ပါတယ်။

Read more

ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းကြောင့် မက်ဂရီဂေါ် တစ်လဆိုင်းငံ့ခံရ

ခါဘစ်နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ခဲ့တဲ့ UFC 229 ပွဲစဉ်အပြီးမှာ UFC ချန်ပီယံဟောင်း ကော်နာ မက်ဂရီဂေါ်ကို ကြံ့ခိုင်မှု အနေအထားအရ ပွဲထိုးသတ်ခွင့် ၁ လ ဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။

အိုင်ယာလန်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့ စနေနေ့က လိုက်ဝိတ်ချန်ပီယံလုပွဲရဲ့ စတုတ္ထအချီမှာ ခါဘစ်ရဲ့ နောက်ကနေ လည်မျိုကို သိုင်းပြီး ဖမ်းချုပ်ခံခဲ့ရပြီးနောက် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

Read more

ပြင်သစ်သားတစ်ဦး အကောင်းဆုံးဆုရသင့်ဟု ဂရစ်ဇ်မန်း ပြော

Ballon d’Or  ဆုကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းက ကစားသမားတစ်ဦးကသာရသင့်ကြောင်း အက်သ လက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က Ballon d’Or ဆုအတွက် ဆန်ကာတင် အယောက် ၃၀ စာရင်းထွက်လာခဲ့ရာတွင် မက်ဆီ၊ စီရော်နယ်ဒိုတို့အပြင် လက်ရှိဖီဖာ အကောင်းဆုံးဘောလုံးသမားဆု ရထားတဲ့ မိုဒရစ်တို့လည်း ပါဝင်လာခဲ့ပါတယ်။

Read more

ပုပ်ရဟန်းမင်းကြီး ပြုံယမ်းလာရောက်ရန် မြောက်ကိုရီးယားခေါင်းဆောင် ဖိတ်ခေါ်

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ပုပ်ရဟန်းမင်းကြီးကို ပြုံယမ်းလာရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက အောက်တိုဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်ကို ဗာတီကန်သွားရောက်မယ့် တောင်ကိုရီးယား သမ္မတမွန်းက အမှာပါးမယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွင်း ကင်ဂျုံအန်းက သမ္မတမွန်းကို ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံလိုကြောင်း ပြောခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

Read more

ရုရှားစစ်လက်နက်များ ၀ယ်ယူမှုကြောင့် အမေရိကန်ဘက်မှ အရေးယူပိတ်ဆို့မှုလုပ်ပါက ဂရုမစိုက်ဟု အိန္ဒိယ တုံ့ပြန်

နယူးဒေလီ အောက်တိုဘာ ၉

ရုရှားနိုင်ငံမှ ထုတ်လုပ်သော စစ်လက်နက်များ ၀ယ်ယူမှုကြောင့် အမေရိကန်ဘက်မှ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့မည်ဆိုပါက ဂရုစိုက်မည် မဟုတ်ဟု အိန္ဒိယဘက်မှ တုံ့ပြန်ခဲ့ကြောင့် ရုရှားတိုင်းမ်သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယသည် ပြီးသည့်ရက်သတ္တပတ်အတွင်းက နိုင်ငံအတွင်းသို့ လာရောက်ခံသော ရုရှားသမ္မတပူတင်၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားနိုင်ငံမှ ထုတ်လုပ်သော ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုဖြစ်သည့် S-400 ဒုံးခွင်းဒုံးစနစ်အား ၀ယ်ယူရန် သဘောတူညီမှုရယူခဲ့သည်။

Read more

နုတ်ထွက်သွားတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နေရာမှာ သမီးဖြစ်သူကို ခန့်အပ်မယ်လို့ ထရမ့် ပြော

ကုလသံအမတ်ကြီး Nikki Haleyနှင့် သမ္မတ Trump

ဝါရှင်တန်၊ အောက်တိုဘာ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို လက်လွှတ်ဆုံးရှုံးလိုက်ရ ပေမယ့် ဒီနေရာရာထူးမှာ  သမီးဖြစ်သူကို အစားထိုးခန့်အပ်မယ်လို့ အောက်တိုဘာ ၉ ရက်က ပြောပါတယ်။

Read more

ထိုင်း လူဝင်မှုအရာရှိတွေ အရေးယူခံရ

ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်က လူဝင်မှုကြီးကြပ်ရေးအရာရှိ လေးဦးကို တရုတ်ခရီးသည်တွေထဲက လာဘ်ငွေ ယူခဲ့မှုနဲ့ ရာထူးက ချထားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်စဉ် နိုင်ငံခြားခရီးသွား ၃၅ သန်း ၀န်းကျင်လာရောက်လည်ပတ်နေရာမှာ လေးပုံတပုံက တရုတ် ခရီးသည်တွေ ဖြစ်ပါတယ်။

Read more

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အဆင့် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 

၉.၁၀.၂၀၁၈ ခုနှစ်​ နံနက် ​၉း၀၀ နာရီအချိန်​တွင်​ ရှမ်းပြည်​နယ်​ (​တောင်​ပိုင်း) လွိုင်​လင်​ခရိုင်​ နမ့်စန်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီခန်းမ၌ မြို့နယ်​အဆင့် အမျိုးသမီးညီလာခံအကြို နှီ​နှောဖလှယ်​ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
အဆိုပါအမျိုးသမီးအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်​နယ်​မှ အမျိုးသမီးတာဝန်​ခံနှင့် ဘဏ္ဍာ​ရေးမှူ ၊ ခရိုင်​အမျိုးသမီးတာဝန်​ခံ ၊ မြို့နယ်​ ပါတီဥက္ကဌနှင့်​ ပါတီ​ကော်​မတီဝင်​များ၊ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​၊ ရပ်​​ကျေးဥက္ကဌနှင့်​စည်းမှူးများ တိုင်းရင်းသားစာ​ပေနှင့်ယဉ်​​ကျေးမှုအဖွဲ့မှ တိုင်းရင်းသားအမျိုးသမီးများ ၊ စုစု​ပေါင်းအင်​အား (၁၇၀) ဦး တက်​​ရောက်​ခဲ့ကြပါသည်​။

Read more

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်​ပြူကြိုဆို​သောအားဖြင့် ​တောင်​တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုး​ပါတီမှ သန့်​ရှင်း​ရေးလုပ်​အားဒါန ကုသိုလ်​ပြု​ဆောင်​ရွက်

 

တောင်​တွင်းကြီး၊ ​အောက်​တိုဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ (၂၀၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်တွင်းကြီးမြို့နယ်
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်သိန်း ဦးဆောင်၍ ကော်မတီဝင်များ၊ အမျိုးသမီး​ရေးရာနှင့် လူငယ်ရေးရာအဖွဲ့ဝင်များ စုစု​ပေါင်း အင်​အား ၅၀ ဦးဖြင့် ​ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်​စေတီတော်တွင် ဒုတိယအကြိမ် သန့်ရှင်းရေးလုပ်အားဒါန ဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ကုသိုလ်​ပြု ဆောင်ရွက်ကြ​ကြောင်း သိရသည်​။

Read more

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်း

 

စစ်တွေ၊ အောက်တိုဘာ(၈)ရက်

Read more