ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအုပ်စုဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး
ညောင်ဦး အောက်တိုဘာ ၉
ညောင်ဦးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍ အနော်ရထာလမ်းမဘေးရှိ ပြည်ခိုင်ဖြိုးရုံး၌ ယမန်နေ့ နံနက် ၉နာရီက ရပ်/ကျေးပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း ပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ကော် မတီဝင် ညောင်ဦးခရိုင်နယ်မြေ တာဝန်ခံ ဦးသန်းဌေး၊ ညောင်ဦး ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦး ညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင် ဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများအားလုံး စုစု ပေါင်း ၇၂ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။ အစီအစဉ် (၁)အရ မန္တလေးတိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင် ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ သည်။ အစီအစဉ်(၂)အရခရိုင် ဥက္ကဋ္ဌဦးညွန့်ဝင်းက ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးလုပ်ငန်းစဉ်များကိုရှင်းလင်း ပြောကြားခဲ့သည်။
အစီအစဉ်(၃)အရမြို့နယ်ပါတီ ဥက္ကဋ္ဌဦးအောင်ဌေးက ပါတီရှေ့ ဆက်သွားမည့် လမ်းစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ သည်။ အစီအစဉ်(၄)အရ တက် ရောက်လာသော စည်းမှူးများက မိမိတို့နယ်မြေ အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ အစီ အစဉ်(၅)အရ တက်ရောက်လာ သော ရပ်/ကျေးစည်းမှူးဥက္ကဋ္ဌတို့ ၏ဆွေးနွေးတင်ပြမှုများကို တိုင်း ဒေသကြီး ကော်မတီဝင်ခရိုင်နယ် မြေတာဝန်ခံ ဦးသန်းဌေးက ပြန် လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဌေး(ညောင်ဦး)




