ချဲလ်ဆီးအသင်း လူငယ်ကစားသမား ခေါ်ယူမှုနှင့်ပတ်သက်ပြီး အပြောင်းအရွှေ့ ပိတ်ခံရဖွယ်ရှိ

ချဲလ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေ ခေါ်ယူမှုနဲ့ပတ်သက်ပြီး ၂ နှစ် အပြောင်းအရွှေ့ ပိတ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၁၄ ခုနှစ်က ပြင်သစ်ကလပ် အော်ဇေးအသင်းက ထရာအိုရေး အပါအဝင် အပြောင်း အရွှေ့ ကာလ ၄ ခုမှာ ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး ဖီဖာရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတာဖြစ်ပါတယ်။

Read more

ရလဒ်များ မကောင်းသော်လည်း မန်ယူသည် ပရီးမီးယားလိဂ်၌ လစာအများဆုံးရပ်တည်

မန်ယူသည် ယခုရာသီ အစရလဒ်ပိုင်း ညံ့ဖျင်းနေသော်လည်း အသင်း၏လစာအသုံးပြု ငွေသည် ယမန်နှစ်က ထက် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။

၂၀၁၈ ပထမသုံးလပတ်အဖြစ် ကြာသပတေးနေ့က ဖော်ပြသော စာရင်းများက အလုပ်ရှင်အကျိုးအမြတ် သုံးစွဲငွေ ပမာဏသည် ယင်းသုံးလတွင် ပေါင် ၇၇ သန်းရှိပြီး ယမန်နှစ်ထက်ပေါင် ၇ ဒသမ ၁ သန်း(သို့မဟုတ်) ၁၀ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာသည်။ ယင်းမှာ ပထမအသင်းလူ စာရင်းတွင်ရင်းနှီးမြှုပ်နှံမှုကြောင့် မြင့်မား လာရခြင်း ဖြစ်သည်ဟု ဆို သည်။

Read more

ထိုင်း လက်ဝှေ့ အသက်ကန့်သတ်ဖို့ သုံးသပ်

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်စနေနေ့က ၁၃နှစ်အရွယ် လူငယ်တဦး လက်ဝှေ့ထိုးလို့ သေဆုံးခဲ့ပြီးတဲ့နောက် ရိုးရာ လက်ဝှေ့ ထိုးသတ်ခြင်းဟာ အသက်အရွယ်ငယ်သူတွေ အတွက် သင့် မသင့် စမ်းစစ်ဝေဖန်မှုတွေ ထွက်ပေါ် လာနေပါတယ်။

မွေထိုင်းလို့ လုသိများတဲ့ ထိုင်းရိုးရာလက်ဝှေ့မှာ လူငယ်တွေအတွက် ရွှေခါးပတ်ရရှိရေး ၊ ဆုကြေးငွေ မျက်မျက်လေးရရေး၊ စတာတွေဟာ မက်လုံးပေးတဲ့အိမ်မက်တွေဖြစ်ခဲ့ပြီး လူငယ်တွေကြား ရေပန်းစား နေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း သုတေသနပြုချက်တွေအရ မွေထိုင်းကစားနည်းဟာ ထိခိုက်အနာတရ အများအပြားရရှိစေနိုင်တယ်လို့ သိရှိထားပါတယ်။

Read more

နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန် စစ်အင်အားကို အမီလိုက်ရန် တရုတ် မျှော်လင့်

နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန်၏ စစ်အင်အားကို အမီလိုက်နိုင်ရန် တရုတ်သမ္မတ စီကျင်းပင်က မျှော်လင့်နေကြောင်း သိရသည်။ 

၂၀၅၀ ပြည့်နှစ်တွင် တရုတ်၏ စစ်လက်နက်အင်အားနှင့် စစ်ဖက်နည်းပညာ ကဏ္ဍသည် အမေရိကန်ကို ရင်ဘောင်တန်းနိုင်ရန် စီက မျှော်လင့်ထားသည်။ စီသည် မော်စီတုံးခေတ်နောက်ပိုင်း တရုတ်၏ ဩဇာအကြီးဆုံး နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ခံထားရပြီး နိုင်ငံစီးပွားရေးနှင့် စစ်ရေးကဏ္ဍကို စိတ်တိုင်းကျ ခြယ်လှယ် ဦးဆောင်ခွင့် ရှိနေသည့်အတွက် ထိုရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်လာဖွယ် ရှိနေသည်။

Read more

မလေးရှားဝန်ကြီးချုပ်ဟောင်း ဇနီး စွဲချက်ထပ်တိုး

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ဇနီးကို ဆိုလာစွမ်းအင်ထုတ်လုပ်ခွင့်ရဖို့ အစိုးရနဲ့ စာချုပ်ချုပ်နိုင်ရေး ကိစ္စမှာ လာဘ်ငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၂ ခုနဲ့ ဒီကနေ့ ထပ်မံစွဲဆို လိုက်ပါတယ်။

တရားရုံးကရရှိတဲ့အချက်အချက်တွေအရ နာဂျစ်ရာဇတ်ရဲ့ဇနီးဖြစ်သူ ရိုစ်မာ မန်ဆန် Rosmah Mansor ဟာ နိုင်ငံအရှေ့ပိုင်း ဆာရာဝတ်ပြည်နယ်က ကျောင်းတွေမှာ ဆိုလာစွမ်းအင်စီမံကိန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း လာဘ်ငွေတောင်းထားတာတွေ၊ ရယူထားတွေရှိတယ်လို့ ဖော်ပြပါတယ်။

Read more

အမေရိကန် နိုင်ငံ က ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် အသတ်ခံရမှု နှင့် ပတ်သက်ကြောင်း သံသယ ရှိသူ ၁၇ ဦး အား ပိတ်ဆို့အရေးယူ

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက် ၌ ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် အသတ်ခံရမှု နှင့်ပတ်သက်ကြောင်း သံသယရှိသူ ၁၇ ဦး အား ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

Read more

ထိုင်းနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေး

အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို နိုဝင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ၃ ရက်ကြာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်တွေဟာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နယူးဇီလန်နဲ့ ကနေဒါ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကုန်သွယ်ရေးမှသည် လုံခြုံရေး ကိစ္စရပ်တွေအထိ ဆွေးနွေးခဲ့ပါတယ်။

Read more

ဖိအားပေးတာတွေရှိပေမယ့် ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အဆင်သင့်ပြင်ဆင်ထား

 

နိုင်ငံတကာ နဲ့ ကုလသမဂ္ဂအဖွဲ့စည်းတွေက မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေ မပြန်ဖို့ ဖိအားတွေ ပေးနေပေမယ့် မြန်မာအစိုးရကတော့ လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။ မြန်မာအစိုးရအနေနဲ့ မူလက စီစဉ်ထားတဲ့အတိုင်း မနက်ဖြန်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက RFA ကို ဒီကနေ့ ပြောပါတယ်။

Read more

အာဆီယံထိပ်သီးအစည်းဝေးနဲ့ မြန်မာ

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရက်စက်မှုတွေမှာ တာဝန်ရှိသူတွေကို အပြည့်အ၀ အရေးယူပေးရေး တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ကြဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ အဖွဲ့ဝင် နိုင်ငံတခုချင်းစီရဲ့ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက် ရဘူးဆိုတဲ့ ကာလရှည်ကြာ တည်ရှိလာခဲ့တဲ့ အာဆီယံရဲ့ အခြေခံ မူဝဒါကို ကျော်လွန်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက် လို့ ပြင်းထန်စွာ ရပ်တည်သွားမယ်ဆိုတာကို အာဆီယံက ပြသမယ့် အနေအထား ဖြစ်ပါတယ်။

Read more

ဘင်္ဂါလီပြဿနာဖြေရှင်းရေး အကူအညီပေးမည်ဟု နယူးဇီလန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ထံ ကမ်းလှမ်း

ဘင်္ဂါလီပြဿနာကို ဖြေရှင်းရေး လိုအပ်သော အကူအညီပေးမည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ကမ်းလှမ်းခဲ့ ကြောင်းသိရသည်။ ၎င်းတို့ နှစ်ဦး သည် ဗီယက်နမ်နိုင်ငံ Apec ညီလာခံနှင့်ဖိလစ်ပိုင် နိုင်ငံတွင်ကျင်းပသော အရှေ့အာရှညီလာခံ၌ နောက်ဆုံး တွေ့ဆုံပြီး  နိုဝင်ဘာ ၁၄ ရက်ကစင်ကာပူနိုင်ငံတွင် တွေ့ဆုံခဲ့သည်။

Read more