တရုတ်နိုင်ငံက BeiDou တည်နေရာပြ ဂြိုဟ်တု၂လုံးလွှတ်တင်

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ နိုဝင်ဘာ ၁၉ ရက် နံနက် ၂း၀၇နာရီတွင် ဂြိုဟ်တုသစ်၂လုံး အား Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံတစ်စင်း ဖြင့် အာကာသ အတွင်းရှိ BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အတွင်းသို့ လွှတ်တင်ခဲ့ကြောင်းသိရသည်။

Read more

ကယ်လီဖိုးနီးယား တောမီးများအတွင်း ပျောက်ဆုံးသူ ထောင်ဂဏန်းထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တောမီး လောင်ကျွမ်းမှုများ ဖြစ်ပွားအပြီး ပျောက်ဆုံးနေသူ ဦးရေမှာ ထောင်ဂဏန်းထိ မြင့်တက်လာကြောင်း သိရသည်။

ပြည်နယ်သမိုင်းတွင် အသေအပျောက် အများဆုံး စာရင်းဝင် တောမီး ဖြစ်လာသည့် Camp Fire အပါအဝင် ကယ်လီဖိုးနီးယား၌ အနည်းဆုံး တောမီးသုံးခု တပြိုင်တည်းလိုလို ပျံ့နှံ့ ကူးစက် လောင်ကျွမ်းခဲ့သည်။ တောမီးများကို စတင် ထိန်းချုပ်စ ပြုလာနိုင်သော်လည်း Camp Fireကိုမူ ၅၀ ရာခိုင်နှုန်း ပြည့်အောင်ပင် မတားဆီးနိုင်သေးချေ။

Read more

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုအပေါ် ပြင်သစ်နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြ

ပါရီ နိုဝင်ဘာ ၁၈

ပြင်သစ်နိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုအပေါ် ဒေါသထွက်နေကြသူများသည် နိုင်ငံတစ်ဝန်းတွင် လမ်းများကို ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြရာ ယာဉ် အသွားအလာများ ကမောက်ကမ ဖြစ်ခဲ့ရကြောင်း၊ ဆန္ဒပြသူများ၏ ဟန့်တားမှုကြောင့် ထိတ်ထိတ်ပျာပျာဖြင့် မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးသည် ဆန္ဒပြသူ လူအုပ်ကြီး အတွင်းသို့ ကားကို မောင်းနှင်မိရာမှ ဆန္ဒပြသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

ရုရှားအရေး လူတွေ့မေးမြန်းခွင့်မပြုဘူးလို့ သမ္မတ Trump ပြော

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ရုရှားရဲ့ ၀င်ရောက် စွက်ဖက်မှုတွေအကြောင်း စုံစမ်း ဖော်ထုတ်နေတဲ့ အထူး စုံစမ်း စစ်ဆေးရေးမှူး Robert Mueller နဲ့ တဦးချင်းထိုင်ပြီး လူတွေ့ မေးမြန်းခွင့် ပြုမှာမဟုတ်ဘူးလို့ သမ္မတ Donald Trump က ပြောပါတယ်။ အထူးစုံစမ်းရေးမှူးရဲ့ မေးခွန်းတွေကို စာနဲ့ရေးပြီး ဖြေကြားထားခြင်းဟာ သူ့ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်တယ်လို့ တနည်းအားဖြင့် သမ္မတ Trump က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

Read more

အောင်​လံမြို့နယ်​အတွင်းရှိ မျက်​စိ​ဝေဒနာရှင်​များအား ပြည်​ခိုင်​ဖြိုးပါတီဝင်​ မျက်​စိဆရာဝန်​များမှ အခမဲ့ ခွဲစိတ်​ကုသ​​၍ ဗဟိုအတွင်း​ရေးမှူးမှ အား​ပေးစကား​ပြောကြား

အောင်လံ၊ နိုဝင်ဘာ၊ ၁၆

မ​ကွေးတိုင်း​ဒေသကြီး ​အောင်​လံမြို့နယ်​ ရွာ​ထောင်​ရပ်​ကွက်ရှိ သီတဂူ​ဇောတိကစက္ခုဒါန အခမဲ့​ဆေးရုံတွင်​ မျက်​စိ​ဝေဒနာရှင်​များအား အခမဲ့ခွဲစိတ်​ကုသ​ပေးခြင်းကို ယ​နေ့နံနက်​ ၁၀ နာရီချိန်​မှ စတင်​၍​ဆောင်​ရွက်​ရာ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​သည်​ မ​ကွေးတိုင်း​ဒေသကြီး ပါတီအရံ​ကော်​မတီဝင်​ ဦးတင်​ဝင်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များနှင့်အတူ သွား​ရောက်​၍ သီတဂူ​ ရွှေပြည်​ဟိန်းဆရာ​တော်​ကြီးနှင့် ဆရာ​တော်​ ဦး​ဇေိာတကအား ဖူး​မျှော်​ကြည်​ညိုကြပြီး လူနာများကို အား​ပေးစကား​ပြောခြင်း၊ လုပ်​အားဒါန​ပေးခြင်း များ ​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းနှင့် အဆိုပါအခမဲ့ မျက်​စိခွဲစိတ်​ခြင်းလုပ်​ငန်းကို ပြည်​ခိုင်​ဖြိုးပါတီဝင်​များဖြစ်​ကြ​သော ​ဒေါက်​တာမြတ်​သူရ​ဌေး (မျက်​စိခွဲစိတ်​အထူးကု)၊ ​ဒေါက်​တာအောင်​ဇာနည်​​ဌေး (မျက်​စိခွဲစိတ်​အထူးကု)၊ ​ဒေါက်​တာ အာကာဟိန်း (အ​ထွေ​ထွေ​ရောဂါအထူးကု) တို့မှ လုပ်​အားဒါန ကုသိုလ်​ပြု​ဆောင်​ရွက်​ခြင်းဖြစ်​​ကြောင်း သိရသည်​။

Read more

ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

ဖြူး၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ရာ အစီအစဉ်အရ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

Read more

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝေါတက်ကျေးရွာတွင် ဆိုင်းဘုတ်အသစ်တင်ခြင်းအခမ်းအနားပြုလုပ်

ပုသိမ်ကြီး၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ် ပြန်လည် တင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်တွင် ကျွန်းထဲပိုင်းရှိ ပုဂံတပ်ကျေးရွာအုပ်စု၊ ဝေါတက်ကျေးရွာ ဦးသန်းမောင်၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်။

Read more

မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူကျင်းပ

မော်လမြိုင်ကျွန်း၊ နိုဝင်ဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မော်လမြိုင်ကျွန်းမြို့နယ်၏ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်အလှူတော်ကို မော်လမြိုင်ကျွန်းမြို့နယ် နုံးကျွန်ကျေးရွာအုပ်စု လေးထပ်ကြီးကျေးရွာ ဓမ္မဝေပုလ္လကျောင်း တိုက်တွင် ယမန်နေ့နံနက် ၉ နာရီ၌ ကျင်းပခဲ့သည်။

Read more

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဆူးဖဲလောမူလတန်းလွန်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

လွိုင်ကော် – နိုဝင်ဘာ ၁၅

(၁၅-၁၁-၂၀၁၈) ရက်နေ့နံနက် (၁၀း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်အထိ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စု ဆူးဖဲလောမူလတန်းလွန်ကျောင်း ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ နှင့် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

Read more

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ မဟာဘုံကထိန်အလှူကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌအား အမှုးထား၍ စုပေါင်းမဟာဘုံကထိန်အလှုတော်မင်္ဂလာကို နိုဝင်ဘာလ (၁၅) ရက် နံနက် (၉:၃၀) နာရီက သုံးခွမြို့နယ် ကြုံကြိတ်ကျေးရွာ ဂဏ္ဍဝါစကပဏ္ဍိတကျောင်းတိုက်တွင် ကျင်းပကြောင်း သိရှိရသည်။

အဆိုပါမဟာကထိန်အလှုပွဲသို့ ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ တိုင်းပါတီ ကော်မတီဝင် ဦးခင်မောင်တင့်နှင့် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီဥက္ကဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဌများ၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

Read more