ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ဒုသမ္မတ မိုက်ပင့်စ် ဘင်္ဂါလီအရေးဆွေးနွေး

Myanmar’s State Counsellor Aung San Suu Kyi and U.S. Vice President Mike Pence hold a bilateral meeting in Singapore, November 14, 2018. REUTERS/Athit Perawongmetha

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်နှင့် ယမန်နေ့ (နိုဝင်ဘာ ၁၄ ရက်)တွင် စင်ကာပူ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အာဆီယံထိပ်သီးအစည်း အဝေးတက် ရောက်ရန် စင်ကာပူ သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန်ဒုသမ္မတသည် ဘင်္ဂါလီ ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး သမ္မတထရန့်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ထိပ်တန်း အဆင့်မြင့်ပုဂ္ဂိုလ်တို့ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဌာနချုပ်၏ ဒုတိယအကြိမ် မိသားစု မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ – ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဌာနချုပ်၏ ဒုတိယအကြိမ် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်ချိန်တွင် နေပြည်တော်၊ လယ်ဝေးမြို့ ချမ်းမြေ့ရိပ်သာဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်ရာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်တို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းကြသည်။

Read more

မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ တိုင်း​ဒေသကြီး/ခရို​င်​/မြို့နယ်​ပါတီများ ပုံမှန်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

 

(15-11-2018) ရက်နေ့ နံနက်(10:30)နာရီအချိန်တွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြင်းခြံခရိုင်အစည်းအဝေးခန်းမအတွင်း ကျင်းပသော ခရိုင်အတွင်းလေးမြို့နယ်မှ ဥက္ကဋ္ဌများ အတွင်းရေးမှူးများ ကော်မတီဝင်များနှင့် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီနယ်မြေတာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ တိုင်းကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တိုင်းပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြား၍ ဆွေးနွေးပွဲနှင့်ပါတ်သက်သည့် ဆောင်ရွက်ရန် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

Read more

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ချောင်းရေတိုက်စားမှု ရေကာတာပြုလုပ်ရေးကြည့်ရှု

 

မဘိမ်း၊ နိုဝင်ဘာ ၁၄

Read more

ပါတီဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီး၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁၂ဝ တို့သည် ယမန်နေ့နံနက် ၇ နာရီမှ ၁ဝနာရီအထိ မြစ်ကြီးနားမြို့ယုဇနရပ်ကွက်သမိဒ္ဓေါဒယသီလရှင်ကျောင်းတိုက်၌ အမှိုက်ကောက်ယူခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်အားပေးပွဲသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်ဝင်း၊ ဦးသိန်းထွန်းအေး၊ မြစ်ကြီးနားခရိုင် ပါတီကော်မတီဝင် (ဘဏ္ဍာရေးမှူး) ဦးလူးကပ်တို့ လာရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

Read more

ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်သူများအား သွားနှင့်ခံတွင်း အခမဲ့ ကုသ

 

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၈) ရပ်ကွက် ရွှေစေတီကျောင်းတိုက်တွင် သွား နှင့် ခံတွင်းအခမဲ့ကုသမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ သွားနှင့်ခံတွင်းကုသမှုဆောင်ရွက်ရာသို့ ပါတီဗဟို ကော်မတီဝင် ဒေါ်စန်းစန်းဝင်း(ဒဂုံတောင်နယ်မြေတာဝန်ခံ)၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဒေါ်မိုးမိုးအိ(လူငယ်တာဝန်ခံ)၊ အရှေ့ ပိုင်းခရိုင်ကော်မတီဝင်ဦးဝဏ္ဏမျိုး(ဘဏ္ဍာရေးမှူး)၊ ဒဂုံတောင်မြို့ နယ်ပါတီဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးနှင့်ကော်မတီဝင်များ၊ လူငယ် ရေးရာတာဝန်ခံ ဦးဇော်မင်းထွန်းနှင့်မြို့နယ်လူငယ်ထုအဖွဲ့ဝင်များ၊ (၁၈) ရပ်ကွက် ရပ်/ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သွား ဝေဒနာရှင်များကို စေတနာမေတ္တာဖြင့် ကုသမှုပေးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းက ကျောင်းသုံးဗလာစာအုပ်များအား ရွှေစေတီကျောင်းတိုက်ဆရာတော်အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Read more

အီတလီ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂျူဗင်တပ်နည်းပြ အလီဂရီ ရရှိ

ပြီးခဲ့တဲ့တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အခမ်းအနားတွင် အီတလီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂျူဗင်တပ် နည်းပြ အလီဂရီကရရှိခဲ့တယ်လို့ သိရပါတယ်။ ဆုရရှိပြီးနောက်မှာ အလီဂရီက ဂျူဗင်တပ်အသင်းတွင် ကာလရှည်ကြာစွာ ဆက် နေလိုကြောင်းလည်း ပြောခဲ့ပါတယ်။

Read more

ဘောလုံးလောကရဲ့ အသန့်ရှင်းဆုံး ကစားသမား ကန်တီ

ဘောလုံးလောကမှာ အသန့်ရှင်းဆုံး၊ အရိုးသားဆုံး ကစားသမားတစ်ယောက်ရွေးပါ ဆိုရင်တော့ ချဲလ်ဆီး ကွင်းလယ်လူ ကန်တီကို ရွေးချယ်ရမှာပါ။ ရှက်တတ်သူ၊ ရိုးရှင်းသူ၊ ပွဲလမ်းတွေနဲ့ ခပ်ဝေးဝေးနေသူဖြစ်တဲ့ ကန်တီရဲ့ ရိုးသားမှုဂုဏ်သတ္တိက Football Leaks အရှုပ်တော်ပုံ ပေါ်ပေါက်လာချိန်မှာ ပိုထင်ရှားလာခဲ့ပါတယ်။

ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမား တော်တော်များများ အခွန်ရှောင်တိမ်းမှု ပြဿနာကြုံနေရချိန်မှာ ကန်တီရဲ့ လုပ်ရပ်က ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

Read more

အောင်သူကို ပွဲချိန်ပြည့်မသုံးသေးဟု နည်းပြချုပ်ဆို

 မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူကို ပွဲစဉ် အားလုံးတွင် ပွဲချိန်ပြည့်ထည့် သွင်းကစားမည်မဟုတ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။

‘‘တိုက်စစ်မှာ ကစားဖို့အ သင့်ဖြစ်နေတဲ့ ကစားသမားတွေ ရှိပါတယ်။ အောင်သူက အရေးပါ တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့သူ့ကိုပွဲစဉ်တိုင်းမှာ မိနစ် ၉၀ အပြည့်သုံးဖို့ အစီအစဉ်မရှိပါ ဘူး’’ ဟု နည်းပြချုပ်က ကမ္ဘော ဒီးယားကို အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ပြောသည်။

Read more

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ရုရှားသမ္မတ ပြော

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အာဆီယံ ခေါင်းဆောင်တွေနဲ့ ပထမဆုံး အစည်းအဝေးမှာ နိုဝင်ဘာ ၁၄ ရက်က ပြောလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီးညီလာခံအတွင်း အစည်းအဝေးမှာ ခုလို ပြောခဲ့တာပါ။

Read more