မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် – ၁ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) ကို ၁၀.၇.၂၀၁၈ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါနိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) သို့ မကွေးတိုင်းတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ တက်ရောက်အမှာစကားပြောကြားပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ကော်မတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီများ သင်တန်းသား ၇၀ ဦးတို့ တက်ရောက်ကြကြောင်းသိရှိရပါသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆာင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

မုဒုံ၊ ဇူလိုင် ၁၀

Read more

ဗိုလ်လုပွဲတက်ရေး ခရိုအေးရှားနှင့် အင်္ဂလန် အကြိတ်အနယ်ကစားမည့်ည

ခရိုအေးရှား-အင်္ဂလန် (ည ၁၂း ၃၀ နာရီခွဲ)

ငယ်ဂုဏ်ရှိသော အင်္ဂလန်နှင့် သမ္ဘာရင့်ကစားသမားများစုဖွဲ့ထားသော ခရိုအေးရှားတို့ ထိပ်တိုက် တွေ့ဆုံပွဲ ဖြစ်သည်။ ခရိုအေးရှားက အုပ်စုကျပ်အတွင်း ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး တည်ငြိမ်သော ခြေစွမ်းပြသခဲ့သော်လည်း (၁၆)သင်း အဆင့်တွင် ဒိန်းမတ်၊ ကွာတားဖိုင်နယ်တွင် အိမ်ရှင်ရုရှားကို ပယ်နယ်တီ အဆုံးဖြတ်များဖြင့်သာ ကျော်ဖြတ် နိုင်ခဲ့သည်။

Read more

စပိန်တိုက်စစ်မှူးဟောင်း တောရက်စ် ဂျပန်လိဂ်သို့ ပြောင်းရွှေ့

ပြီးခဲ့သည့်လက အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာပြီးနောက် ဂျပန်လိဂ်(ဂျေလိဂ်)ကလပ် ဆာဂန်တိုဆူတို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကြောင်း စပိန်တိုက်စစ်မှူးဟောင်း ဖန်နန်ဒိုတောရက်စ်က ကြေညာသည်။

Read more

ပူတင်နှင့် တွေ့ဆုံမှုက နေတိုးနှင့် ထိပ်သီးအစည်းအဝေးထက် ပိုပြီး အဆင်ပြေဖွယ်ရှိဟု ထရမ့် ပြော

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၁

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် ထိပ်သီးအစည်းအဝေးသည် နေတိုးထိပ်သီး အစည်းအဝေးထက် ပိုမိုလွယ်ကူအဆင်ပြေဖွယ် ရှိသည်ဟု ဇူလိုင် ၁၁ ရက်က ပြောလိုက်သည်။

နေတိုးထိပ်သီးအစည်းအဝေး မတိုင်မီ အီးယူမဟာမိတ်များနှင့် ထိပ်တိုက်တွေ့နေသည့် သမ္မတ ထရမ့်က ယခုတွင် ဥရောပ ခရီးစဉ် ထွက်ခွာလျက်လည်း ရှိသည်။

Read more

တစ်ရက်ပေါင် ၇၁၄၂၈၊ တစ်ပတ်ကိုပေါင် ၅၀၀၀၀၀ နဲ့ ဂျူဗင်တပ်ကို ရောက်သွားတဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းဆီ ပေါင် ၈၈ သန်းနဲ့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

ဒီတန်ကြေးကို ဂျူဗင်တပ်ဘက်က ၂ နှစ်အတွင်း ပေးချေသွားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ရီးရဲလ်မှာ ၉ ရာသီကြာ ကစာခဲ့ပြီးနောက် သူ့ကစားသမားဘ၀ကို အသင်းသစ်တစ်ခုနဲ့ ပြန်လည်စတင်လိုက်တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

Read more

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူအတွင်းပိတ်မိနေသူ လူငယ်ဘောလုံးသမားအားလုံးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ပြီးဖြစ်

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် လူငယ်ဘောလုံးသမား ၁၂ဦးစလုံး နှင့် ၎င်းတို့၏ နည်းပြအား ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

အသက် ၁၁နှစ် မှ ၁၆နှစ်အရွယ်ရှိ ယောက်ျားလေး ၁၂ဦး နှင့်  အသက်၂၅နှစ်အရွယ် အသင်းခေါင်းဆောင် နည်းပြဖြစ်သူတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် ရှိ Tham Luang ကျောက်ဂူအတွင်း၌ ဇွန်လ ၂၃ရက် ကတည်းက ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more

ထိုင်ဝမ်တွင် မုန်တိုင်း တိုက်ခတ်၍ ကျောင်းများ၊ ရုံးများ ပိတ်ထား

တိုင်ပေ၊ ဇူလိုင် ၁၁

ထိုင်ဝမ်က နေရာအပိုင်းအများစုသို့ တိုင်ဖုန်းမုန်တိုင်း မာရီယာ ၀င်ရောက်တိုက်ခတ်ရာ စာသင်ကျောင်းနှင့် ရုံးများအား ဇူလိုင် ၁၁ ရက်တွင် ပိတ်ထားရသည်။

မုန်တိုင်းကြောင့် လေပြင်းများ တိုက်ခတ်ကာ မိုးများ သည်းထန်စွာ ရွာသွန်းသည်။

ရေကြီးမှုနှင့် မြေပြိုမှုများအတွက် တာဝန်ရှိသူများက သတိပေးထားပြီး ထောင်ပေါင်းများစွာသော ပြည်သူများကို ပြောင်းရွှေ့ပေးထားသည်။

Read more

စဥ့်ကိုင်ပြည်ခိုင်ဖြိုး ရပ်ကျေးပုံမှန်အစည်းအ​ဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင်နှင့်ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

 

စဥ့်ကိုင်မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးပုံမှန်​အစည်းအ​ဝေးနှင့် တက္ကသိုလ်​ဝင်​တန်းကို အောင်မြင်သူ ထူးချွန်​စွာ​အောင်​မြင်​ခဲ့​သော ရပ်​/​ကျေး​ကော်​မတီအဖွဲ့များ၏ မိသားစုဝင်​များအားဂုဏ်​ပြုပွဲကို (၁၀.၇.၂၀၁၈) ရက်​​နေ့ နံနက်​(၀၉း၃၀) အချိန်​တွင်​ စဥ့်ကိုင်မြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​ရာ ၊ တိုင်းပါတီကော်မတီဝင် ဒ်ါသိဂီ င်္အောင်၊ ခရိုင်ကော်မတီဝင် ​ဒေါ်​ခင်နွယ်မြင်​နှင့် မြို့ နယ်ပါတီဥက္ကဌ ဦးကြည်​ပြုံးနှင့် ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီများမှ ဥက္ကဌနှင့်​အဖွဲ့များ တက်​​ရောက်​ခဲ့ကြပြီး တိုင်းပါတီကော်မတီဝင်ေ ဒ်ါသိဂီ င်္အောင်မှ အဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်​။
ထို့​နောက်​ တက္ကသိုလ်​ဝင်​စာ​မေးပွဲအား (၄) ဘာသာဂုဏ်​ထူးရှင်​(၁) ဦး၊ (၁) ဘာသာဂုဏ်​ထူးရှင်​(၁) ဦး ရိုးရိုး​အောင်​ (၅) ဦးအား ဂုဏ်​ပြုမှတ်​တမ်းလွှာနှင့် အတူ ဂုဏ်ပြုဆု​ငွေများအား ​ပေးအပ်​ချီးမြှင့်​ခဲ့ပါသည်​။ ထို့​နောက်​ အစည်းအ​ဝေးအား ဆက်​လက်​ကျင်းပပြုလုပ်​ခဲ့ပါသည်​။

Read more

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများ သွားရောက်လှူဒါန်း

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း သည် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် မုဟွတ်ဘုန်းကြီးကျောင်း ခေါင်မိုးပျက်ဆီးသွားသည့်အတွက် ဘုန်းတော်ကြီးကျောင်း၏ အမိုးများပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေ ၅သိန်း အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးသွားသည့်အတွက် အလှူငွေ ၁သိန်းတို့အား ယနေ့ ဇူလိုင် ၉ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

Read more