ဆီမီးဖိုင်နယ် ကျိန်စာဆိုး သင့်နေခဲ့တဲ့ အင်္ဂလန်အသင်း

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလမ်းခရီးဟာ ဗုဒ္ဓဟူးနေ့မှာ ဆီမီးဖိုင်နယ်အဆင့်နဲ့တင် အဆုံးသတ်ပြီးဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ ခြင်္သေ့သုံးကောင်လို့ နာမည်ပြောင်ရ အင်္ဂလန်အသင်းဟာ မာရီယိုမန်ဇူကစ်ရဲ့ အချိန်ပိုသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရပြီး အသည်းကွဲသွားခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ အင်္ဂလန်အသင်းရဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ် ပွဲ (၄)ပွဲမြောက် ရှုံးနိမ့်မှုဖြစ်ပါတယ်။ 

Read more

ထိပ်သီးအစည်းအဝေး ပထမနေ့တွင် သဘောထား တိုက်ဆိုင်မှု မရရှိခဲ့ကြောင်း နေတိုးအကြီးအကဲ ၀န်ခံ

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၂

ဘရပ်ဆဲလ်တွင် ဇူလိုင် ၁၁ ရက်က ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေး ပထမနေ့ ပြီးဆုံးသွားသော်လည်း အဖွဲ့ဝင် မဟာမိတ်များကြားက သဘောထား မတိုက်ဆိုင်မှုများကို ညှိနှိုင်းနိုင်ခြင်း မရှိခဲ့ကြောင်း နေတိုး အတွင်းရေးမှူးချုပ်က ၀န်ခံပြောကြားသည်။

Read more

မြန်မာနိုင်ငံကို ဗီဇာထုတ်ပေးမှု အမေရိကန် ကန့်သတ်

Photo – hurray.usa.nl

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတွေကို ပြောရဆိုရခက်တဲ့ နိုင်ငံတွေစာရင်းသွင်းလိုက်ပြီး ဗီဇာထုတ်ပေးမှုတွေ ကန့်သတ်လိုက်တယ်ဆိုပြီး အမေရိကန်စိုးရရဲ့ တရားဝင် ၀က်ဆိုက်ဒ်ကနေ တရားဝင် ကြေငြာမှု ပြုလုပ်ခဲ့ပါတယ်။

Read more

အီရန် စည်ပင်သာယာဝန်ထမ်းများ၏ လာဘ်စားမှု တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေ

အီရန်နိုင်ငံက စည်ပင်သာယာဝန်ထမ်းတွေရဲ့ လာဘ်စားမှုဟာ ကပ်ရောဂါတခုလို တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတယ်လို့ တီဟီရန်မြို့တော်ကောင်စီ ဥက္ကဋ္ဌက ဇူလိုင် ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မြို့တော်ကောင်စီဥက္ကဋ္ဌ မိုဆန် ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီနဲ့ အီရန်အစိုးရ သတင်းအေဂျင်စီ (ISNA) တို့ တွေ့ဆုံမေးမြန်းရာမှာ စည်ပင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဝန်ခံပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။

Read more

ရုရှားရေနံ အပေါ် အားကိုးမှု ဂျာမနီကို Trump ဝေဖန်

ဘယ်လ်ဂျီယံနိုင်ငံ Brussels မှာကျင်းပနေတဲ့ NATO စစ်မဟာမိတ်အစည်းအဝေးအတွင်းအမေရိကန် သမ္မတ Donald Trump ဆွေးနွေးပြောဆိုနေစဉ်

ကာကွယ်ရေးဆိုင်ရာ ဥရောပ မဟာမိတ်နိုင်ငံတွေထဲက အကြီးဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံဖြစ်တဲ့ ဂျာမနီဟာ ရုရှားရဲ့ အချုပ်အနှောင်ကို ခံနေတယ်လို့ စွပ်စွဲပြီး အမေရိကန် သမ္မတ Donald Trump က ဂျာမနီ တနိုင်ငံထဲကို ကွက်ပြီး NATO စစ်မဟာမိတ်တွေရဲ့ ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ အပစ်တင် ဝေဖန်လိုက်ပါတယ်။

Read more

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ လက်ရှိနိုင်ငံရေးအခြေအနေများ ညှိနှိုင်းဆွေးနွေး

 

၁၁.၇.၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ တောင်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ကော်မတီဝင် ဒေါ်အေးအေးမြင့် တို့သည် မြို့နယ်ပါတီကော်မတီဝင်များနှင့် လာရောက်တွေ့ဆုံခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ပြည်သူအထောက်ကူပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။


Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းသို့ သင်တနိးပို့ချမှုဆောင်ရွ

 

၁၁-၇-၂၀၁၈ ရက်နေ့၊နံနက် (၀၈း၃၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ၊ ရှမ်ပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ.ပါတီဌာနချုပ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ် (၅) သို့ ရောက်ရှိပြီး ” ပါတီများ၏ နိုင်ငံရေးသဘောတရားနှင့်လုပ်ငန်းစဉ်များ” ကို သင်တန်း (၄) ချိန်ရယူပြီး ပို့ချခဲ့ပါသည်။
သင်တန်းတွင် ဗဟိုအလုပ်အမှုဆောင်.ဦးစိုးနိုင်၏ပို့ချချက်များနှင့်ပတ်သက်ပြီးသင်တန်းတက်ရောက်လာသော တိုင်းနယ်ပြည်နယ်အသီးသီးက သင်တန်းသားတစ်ဦးစီမှ မိမိဒေသရှိနိုင်ငံရေးပါတီများ (မိမိပြိုင်ဘက်ပါတီများ) ၏ ဖွဲ့စည်း၊ စည်းရုံး၊ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
သင်တန်းသို့.တိုင်းနယ်ပြည်နယ်အသီးသီးမှ သင်တန်းသား/သူ (၁၂၆) ဦးတက်ရောက်ခဲ့ပြီး ရှမ်း (အရှေ့) မှ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ မိုင်းတုံမြို့နယ်မှ သင်တန်းသား (၄) ဦး တက်ရောက်ခဲ့ကြောင်းသိရှိ ရ ပါသည်။

Read more

နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး

 

နတ်မောက် ဇူလိုင် ၁ဝ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပခဲ့သည်။

Read more

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မအူပင် ဇူလိုင် ၁ဝ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှကြီးမှူးကျင်းပသည့် လစဉ် ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ ထိ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးအစည်အဝေးခန်းမ၌ကျင်းပ ခဲ့ကြောင်း သိရသည်။

Read more

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် မင်းရွာကျေးရွာ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် ပါတီဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

မင်းဘူး(စကု)၊ ဇူလိုင်​ ၊ ၁၀

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူး(စကု) မြို့နယ်​ မင်းရွာ​​ကျေးရွာအုပ်​စု၌ ယ​နေ့ ကျင်းပပြုလုပ်​သည့် ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲနှင့် ပါတီဝင်​ကဒ်​​ပေးအပ်​ပွဲအခမ်းအနားသို့ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီ ဥက္ကဌ 
ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်နှင့် တိုင်းပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးခရိုင်​ပါတီ‌အတွင်း​ရေးမှူး ဦးစိန်​​ရွှေမင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးမြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​ဝင်းမြင့်နင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။

Read more