မြို့နယ်အတွင်းရေးမှူးနှင့်အဖွဲ့ စည်းရုံးရေးကွင်းဆင်းဆောင်ရွက်

 

မြို့နယ်အတွင်းရေးမှူး ဦးကျော်ကျော်ဦး၊ ကော်မတီဝင် ဒေါ်တင်ညို ( ၇ ) ရပ်ကွက် ရပ်ကျေးဥက္ကဋ္ဌ ဦးစိုင်းစိုးမြင့်နှင့်ဒေါ်သီတာအေး ၈ ရပ်ကွက်ရပ်ကျေးဥက္ကဋ္ဌ ဒေါ်သီသီအောင်နှင့်ဦးမောင်ဦး၊ ဒေါ်မျိုးသဇင် ပါ ( ၇ ) ဦးအဖွဲမှ ကား ၂ စီးဖြင့် မိုင်းလုံမြို့နယ်သို့ ညအိပ် စည်းရုံးရေးကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယခုအချိန် ပန်ကွမ်ရွာ စာသင်ကျောင်းတွင် ဗလာစာအုပ် ၂၀ ဒါဇင် ဘော့ပင်အချောင်း ၁၀၀ ကိုလှူဒါန်းပေးခဲ့ရာ ကျေးရွာကျောင်းကော်မတီဝင်များနှင့် ကျေးရွာစည်း/မှူး ဦးဟန်မြင့်တို့မှ ကြိုဆို လက်ခံခဲ့ကြသည်။
ဆက်လက်ထွက်ခွာရာ လမ်းဘေးရှိစာသင်ကျောင်းများကို ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပေးသွားမည်ဖြစ်သည် ဗလာစာအုပ် ၅၀ ဒါဇင်ကို ပြည်ခိုင်ဖြိုးမိတ်ဘက် စေတနာအလှူရှင်များမှ ပါဝင်လှူဒါန်းခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် ရပ်/ကျေးလပတ်အစည်းအဝေး ကျင်းပ

July 10

ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးလပတ်အစည်းအဝေးသို့ ညောင်ဦးခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ၁၂၁ အုပ်စုမှ ရပ်ကျေးပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ တက်ရောက်၍ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စည်းရုံးရေးရာများကို အပြန်အလှန်ဆွေးနွေးကြပြီး မိမိဒေသအခြေအနေများကို ဆွေးနွေးတင်ပြညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။


Read more

သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရတနာဆေးရုံကြီးတွင် ရပ်ကွက်ကျေးရွာများမှ ပြည်သူများအား မျက်စိ အခမဲ့ ခွဲစိတ်စမ်းသပ်ကုသပေး

 

(10-7-2018) နံနက် (8:00) နာရီအချိန်တွင်သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရတနာဆေးရုံကြီးတွင် သန်လျင်မြို့နယ် ရပ်ကွက၊်ကျေးရွာများမှ ပြည်သူများအား မျက်စိ အခမဲ့ ခွဲစိတ်စမ်းသပ်ကုသပေးရာ ပြည်ခိုင်ဖြိုးပါတီဗဟို ကော်မတီဝင် ဦးနေလင်း၊ တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးရန်နိုင်ရွှေ၊ သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်း၊ အတွင်းရေးမှူး ဦအောင်ကိုဝင်းနှင့် ကော်မတီဝင်များမှ လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Read more

မုဒုံပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များမှ ရုံးပတ်ဝန်းကျင်သန့်ရှင်းရေး စုပေါင်းပြုလုပ်

 

မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝင်း သန့်ရှင်းလှပစေရေးအတွက် ဇူလိုင်လ ၉ ရက်နေ့တွင် နံနက် ၇ နာရီချိန်မှစတင်ကာ ရုံးပတ်ဝန်းကျင်သန့်ရှင်းလှပစေရေးအတွက် မုဒုံမြို့နယ်တာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးရွှေသွေးမောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် လူငယ်များစုပေါင်းကာ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင့် သိရှိရပါသည်။


Read more

မြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက အထက(၁)ကျောင်းသို့ ငွေလှူဒါန်း

 

မအူပင် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ထူးချွန်အောင်သင်ကြားပေးသော ဆရာဆရာမများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Read more

လယ်ဝေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆိုင်ရာ ဆွေးနွေး

 

ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးတွင်ယမန်နေ့ နံနက် ၈နာရီမှ ၉နာရီအထိ လစဉ်ပုံမှန် အစည်း အဝေးပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူးဦးဌေးဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌဒေါ်တင်နွယ်ဦးနှင့်မြို့နယ် အလုပ် အမှုဆောင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌများ စုစုပေါင်း ၇ဝခန့် တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဦးဌေးဝင်းနှင့် ဒေါ်တင်နွယ်ဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်အလုပ်အမှု ဆောင်များနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများက ပါတီဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

ရန်ကုန် ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် နေပြည်တော်တွင် မကြာမီက ကျင်းပပြီးစီးခဲ့သော လူငယ်ညီလာခံ အတွေ့အကြုံရှင်း လင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ က မြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်း အဝေး ခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက် ရောက်လာသူများက နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနားစတင် ဖွင့်လှစ်ပြီး မြို့နယ်ပါတီကော်မတီ ဝင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်မြင့်မြင့်မော်က ယနေ့ဖြစ်ပေါ် နေသောမြန်မာ့နိုင်ငံရေးအခြေအနေ မှန်များအား ရှင်းလင်းဆွေးနွေး ပြော ကြားသည်။

Read more

လူငယ်ညီလာခံအတွေ့အကြုံရှင်း

 

ရွာငံ ဇူလိုင် ၉

ရွာငံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပါတီလူငယ် ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။

Read more

ပုဇွန်တောင်မြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ် သစ်ပင်များစုပေါင်းစိုက်ပျိုး

 

ရန်ကုန် ဇူလိုင် ၉

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနေ့အထိမ်းအမှတ် ကျောင်း သားကျောင်းသူများ၊ ဆရာဆရာမ များ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း နှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၆ ကျောင်းတွင် တစ်ပြိုင်နက် တည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အတွင်းရေးမှူးချုပ်ရုံး အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ပြန်ကြားရေးဌာနဝန်ကြီးအား လက်ခံတွေ့ဆုံ

 

Read more