ဘဏ်စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်းမရှိဟု က မ္ဘောဇဘဏ်ထုတ်ပြန်

ဘဏ်စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်းမရှိဟု က မ္ဘောဇဘဏ်ထုတ်ပြန်
======================
ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နောက်ဆုံးစစ်ဆေးတွေ့ရှိချက်များအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း သို့မဟုတ် ထိုးဖောက်ဝင်ရောက်ခံရခြင်း လုံးဝမရှိကြောင်း မနေ့က သတင်းထုတ်ပြန်လိုက်ပါသည်။

ဘဏ်၏ ထုတ်ပြန်ချက်တွင် သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ဖော်ပြထားပြီး၊ သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့် မိမိတို၏ ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာကြရန် နှိုးဆော်ထားသည်။

အုန်းချော သာမဏေကျော်ကျောင်းတိုက်၌ အပါး ၉၀ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

အုန်းချော သာမဏေကျော်ကျောင်းတိုက်၌ အပါး ၉၀ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
======================
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ အပါး၉၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ၂၆ရက်နေ့ နံနက်ပိုင်းအချိန်တွင် အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ အပါး၉၀ ကျော်သည် အာရုဏ်ဆွမ်းအတွက် လက်ဖက်ထမင်း ၊ ငါးဖယ်သုပ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်တို့ကို ဘုဉ်းပေးခဲ့ပြီး‌နောက် အစာအဆိပ်သင့်သည့်လက္ခဏာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညောင်တုန်းကျွန်းတာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပေ ၃၀၀ ခန့် အိပဲ့ကျ၊ အ ရေး ပေါ်ပြုပြင်မှုများ ဆောင် ရွက်နေ

ညောင်တုန်းကျွန်းတာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပေ ၃၀၀ ခန့် အိပဲ့ကျ၊ အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်နေ
===========================
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်ရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တွင် မြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံပေ ၆၀ ခန့် တာအိပဲ့ကျမှု ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးပေါ်ပြုပြင်ရေးနှင့် တာကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်အပါဝင် တိုင်းနှင့်ပြည်နယ် ၉ခု မိုးကြီးမည်

နေပြည်တော်အပါဝင် တိုင်းနှင့်ပြည်နယ် ၉ခု မိုးကြီးမည်
===============
(မိုး/ဇလ) သြဂုတ် ၂၅

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်း တိုင်နှင်းပြည်နယ်အချို့ မိုးကြီးမည့်သတိပေးချက်အား ယနေ့ သြဂုတ်လ ၂၅ရက်နေ့ နံနက်၈နာရီအချိန်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဟိုတယ်ခရီးဝန်ကြီးဌာနအမည်ပြောင်းလဲ

ဟိုတယ်ခရီးဝန်ကြီးဌာနအမည်ပြောင်းလဲ
========================
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအမည်အား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၅/၂၀၂၆ ဖြင့် သြဂုတ် ၂၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
==================
သြဂုတ် ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၂၀ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

တရားမဝင်လမ်းကူးဂိတ်တွင် အမှတ် (၇) အဆန် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွ

တရားမဝင်လမ်းကူးဂိတ်တွင် အမှတ် (၇) အဆန် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွား
===============================
ဩဂုတ် ၂၁

ရန်ကုန် - မန္တလေးရထားလမ်းပိုင်း သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား တရားမဝင်လမ်းကူး၌ အမှတ် (၇) အဆန် DEMU ရထားနှင့် ဆိုင်ကယ်ဘေးတွဲ ပွတ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

5G ဆက် သွယ်ရေး ကွန်ရက် ဝန်ဆောင်မှုပေးနိုင်ရေး ဆောင် ရွက်နေ

5G ဆက်သွယ်ရေးကွန်ရက် ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်နေ
===================
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဩဂုတ် ၁၈ ရက်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုပေး နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံကိုလာပြီး စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းတဲ့ တာကေးရု

မြန်မာနိုင်ငံကိုလာပြီး စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းတဲ့ တာကေးရု
=======================
ဂျပန်ကစ်ဘောက်ဆင် စူပါစတားတာကေးရု ဟာ ယမန်နေ့က မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့မှာရှိတဲ့ ရွှေတောင်တန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးဆီ ရောက်လာခဲ့ပါတယ်။

ကျောင်းထိုင်ဆရာတော်ဆီလှူဒါန်းမှုတွေ ဆက်ကပ်ခဲ့ပြီး ကလေးတွေရဲ့ပညာရေးသင်ကြားမှု ရေရှည်တည်တံ့စေဖို့အတွက် ကျောင်းဆောင်သစ်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ Pad ကိုင်ပေးရင်း လက်ဝှေ့လေ့ကျင့်ပေးတာတွေ၊ အပျော်တန်းအားလူးကောက်ကစားနည်းတွေကို ကလေးတွေနဲ့အတူကစားတာတွေ၊ ကလေးတွေကလည်းတာကေးရုနဲ့သူ့အဖွဲသားတွေကို ပျော်ပျော်ပါးပါးကပြဖျော်ဖြေပေးတာတွေက မြင်တွေ့ရသူတိုင်းရဲ့ ရင်ကိုကြည်နူးစေခဲ့ပါတယ်၊၊

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်
===================
မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုမှ ဖမ်းမိတရားခံ ဒေါ်မြတ်ဆုမွန် (ခ) မဖြူ အား အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။