အုန္းေခ်ာ သာမေဏေက်ာ္ေက်ာင္းတိုက္၌ အပါး ၉၀ေက်ာ္ အစာအဆိပ္သင့္မႈျဖစ္ပြား

အုန္းေခ်ာ သာမေဏေက်ာ္ေက်ာင္းတိုက္၌ အပါး ၉၀ေက်ာ္ အစာအဆိပ္သင့္မႈျဖစ္ပြား
======================
မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာေက်း႐ြာရွိ ေပါက္စိမ္းသာမေဏေက်ာ္ေက်ာင္း၌ အပါး၉၀ ေက်ာ္ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ဩဂုတ္လ၂၆ရက္ေန႔ နံနက္ပိုင္းအခ်ိန္တြင္ အုန္းေခ်ာေက်း႐ြာရွိ ေပါက္စိမ္းသာမေဏေက်ာ္ေက်ာင္း၌ အပါး၉၀ ေက်ာ္သည္ အာ႐ုဏ္ဆြမ္းအတြက္ လက္ဖက္ထမင္း ၊ ငါးဖယ္သုပ္၊ င႐ုတ္သီးေၾကာ္၊ ႐ိုး႐ိုးဟင္းရည္တို႔ကို ဘုဥ္းေပးခဲ့ၿပီးေနာက္ အစာအဆိပ္သင့္သည့္လကၡဏာမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ လူမႈကူညီေရးအသင္းဖြဲ႕မ်ားမွ လူနာတင္ယာဥ္မ်ားျဖင့္ မႏၲေလးေဆး႐ုံႀကီးတြင္ အပါး၃၀(မစိုးရိမ္ရ)၊ ေက်ာက္မီးတိုက္နယ္ေဆး႐ုံတြင္ ၄၆ပါး(မစိုးရိမ္ရ)တို႔အား ပို႔ေဆာင္ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း စာသင္တိုက္တြင္ အပါး၂၀(မစိုးရိမ္ရ)တို႔ ေဆးကုသမႈခံယူလ်က္ရွိၿပီး သက္ဆိုင္ရာ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမ်ား၏ လမ္းၫႊန္မႈျဖင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အုန်းချော သာမဏေကျော်ကျောင်းတိုက်၌ အပါး ၉၀ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
======================
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ အပါး၉၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ်လ၂၆ရက်နေ့ နံနက်ပိုင်းအချိန်တွင် အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ အပါး၉၀ ကျော်သည် အာရုဏ်ဆွမ်းအတွက် လက်ဖက်ထမင်း ၊ ငါးဖယ်သုပ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်တို့ကို ဘုဉ်းပေးခဲ့ပြီးနောက် အစာအဆိပ်သင့်သည့်လက္ခဏာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် လူမှုကူညီရေးအသင်းဖွဲ့များမှ လူနာတင်ယာဥ်များဖြင့် မန္တလေးဆေးရုံကြီးတွင် အပါး၃၀(မစိုးရိမ်ရ)၊ ကျောက်မီးတိုက်နယ်ဆေးရုံတွင် ၄၆ပါး(မစိုးရိမ်ရ)တို့အား ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း စာသင်တိုက်တွင် အပါး၂၀(မစိုးရိမ်ရ)တို့ ဆေးကုသမှုခံယူလျက်ရှိပြီး သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




