ဟိုတယ္ခရီးဝန္ႀကီးဌာနအမည္ေျပာင္းလဲ

ဟိုတယ္ခရီးဝန္ႀကီးဌာနအမည္ေျပာင္းလဲ
========================
ဟိုတယ္၊ ခရီးသြားလာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနအမည္အား ယဥ္ေက်းမႈ၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနအျဖစ္ အမည္ေျပာင္းလဲသတ္မွတ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးက ထုတ္ျပန္ခဲ့သည္။

ႏိုင္ငံေတာ္သမၼတ႐ုံးက ဥပေဒကဲ့သို႔အာဏာတည္ေသာအမိန႔္အမွတ္ ၅/၂၀၂၆ ျဖင့္ ၾသဂုတ္ ၂၄ ရက္က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ဖြဲစည္းပုံအေျခခံဥပေဒပုဒ္မ ၂၀၂၊ ပုဒ္မခြဲ (က)၊ ပုဒ္မ ၂၁၂၊ ပုဒ္မခြဲ (က) ႏွင့္ (ခ)တိုအရ ဟိုတယ္၊ ခရီးသြားလာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနအား ယဥ္ေက်းမႈ၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနအျဖစ္ အမည္ေျပာင္းလဲသတ္မွတ္ခဲ့ျခင္းျဖစ္သည္။


ဟိုတယ်ခရီးဝန်ကြီးဌာနအမည်ပြောင်းလဲ
========================
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအမည်အား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၅/၂၀၂၆ ဖြင့် သြဂုတ် ၂၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (က) နှင့် (ခ)တိုအရ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။