ျမန္မာႏိုင္ငံကိုလာၿပီး စာသင္ေက်ာင္း ေဆာက္လုပ္လႉဒါန္းတဲ့ တာေကး႐ု

ျမန္မာႏိုင္ငံကိုလာၿပီး စာသင္ေက်ာင္း ေဆာက္လုပ္လႉဒါန္းတဲ့ တာေကး႐ု
=======================
ဂ်ပန္ကစ္ေဘာက္ဆင္ စူပါစတားတာေကး႐ု ဟာ ယမန္ေန႔က ျမန္မာႏိုင္ငံရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေအးသာယာၿမိဳ႕မွာရွိတဲ့ ေ႐ႊေတာင္တန္းဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေလးဆီ ေရာက္လာခဲ့ပါတယ္။
ေက်ာင္းထိုင္ဆရာေတာ္ဆီလႉဒါန္းမႈေတြ ဆက္ကပ္ခဲ့ၿပီး ကေလးေတြရဲ႕ပညာေရးသင္ၾကားမႈ ေရရွည္တည္တံ့ေစဖို႔အတြက္ ေက်ာင္းေဆာင္သစ္ႀကီးကိုလည္း ေဆာက္လုပ္လႉဒါန္းခဲ့ပါတယ္။
ကေလးေတြကို ကိုယ္တိုင္ကိုယ္က် Pad ကိုင္ေပးရင္း လက္ေဝွ႔ေလ့က်င့္ေပးတာေတြ၊ အေပ်ာ္တန္းအားလူးေကာက္ကစားနည္းေတြကို ကေလးေတြနဲ႔အတူကစားတာေတြ၊ ကေလးေတြကလည္းတာေကး႐ုနဲ႔သူ႔အဖြဲသားေတြကို ေပ်ာ္ေပ်ာ္ပါးပါးကျပေဖ်ာ္ေျဖေပးတာေတြက ျမင္ေတြ႕ရသူတိုင္းရဲ႕ ရင္ကိုၾကည္ႏူးေစခဲ့ပါတယ္၊၊
အထူးသျဖင့္ ပညာသင္ၾကားဖိုအခက္အခဲရွိတဲ့ ေဒသအသီးသီးကကေလးေတြအတြက္ စာသင္ေဆာင္ေတြ၊ သင္ေထာက္ကူပစၥည္းေတြကို ပုံမွန္လႉဒါန္းေပးလ်က္ရွိပါတယ္။
တာေကး႐ုဟာေဖာင္ေဒးရွင္းေထာင္ၿပီး အကူအညီလိုအပ္ေနတဲ့ ကေလးသူငယ္ေတြဆီ လႉဒါန္းမႈေပါင္းမ်ားစြာျပဳလုပ္လာတာ အခ်ိန္အေတာ္ၾကာခဲ့ပါၿပီ။
မြန်မာနိုင်ငံကိုလာပြီး စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းတဲ့ တာကေးရု
=======================
ဂျပန်ကစ်ဘောက်ဆင် စူပါစတားတာကေးရု ဟာ ယမန်နေ့က မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့မှာရှိတဲ့ ရွှေတောင်တန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးဆီ ရောက်လာခဲ့ပါတယ်။
ကျောင်းထိုင်ဆရာတော်ဆီလှူဒါန်းမှုတွေ ဆက်ကပ်ခဲ့ပြီး ကလေးတွေရဲ့ပညာရေးသင်ကြားမှု ရေရှည်တည်တံ့စေဖို့အတွက် ကျောင်းဆောင်သစ်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ Pad ကိုင်ပေးရင်း လက်ဝှေ့လေ့ကျင့်ပေးတာတွေ၊ အပျော်တန်းအားလူးကောက်ကစားနည်းတွေကို ကလေးတွေနဲ့အတူကစားတာတွေ၊ ကလေးတွေကလည်းတာကေးရုနဲ့သူ့အဖွဲသားတွေကို ပျော်ပျော်ပါးပါးကပြဖျော်ဖြေပေးတာတွေက မြင်တွေ့ရသူတိုင်းရဲ့ ရင်ကိုကြည်နူးစေခဲ့ပါတယ်၊၊
အထူးသဖြင့် ပညာသင်ကြားဖိုအခက်အခဲရှိတဲ့ ဒေသအသီးသီးကကလေးတွေအတွက် စာသင်ဆောင်တွေ၊ သင်ထောက်ကူပစ္စည်းတွေကို ပုံမှန်လှူဒါန်းပေးလျက်ရှိပါတယ်။
တာကေးရုဟာဖောင်ဒေးရှင်းထောင်ပြီး အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်တွေဆီ လှူဒါန်းမှုပေါင်းများစွာပြုလုပ်လာတာ အချိန်အတော်ကြာခဲ့ပါပြီ။




