5G ဆက္ သြယ္ေရး ကြန္ရက္ ဝန္ေဆာင္မႈေပးႏိုင္ေရး ေဆာင္ ႐ြက္ေန

5G ဆက္သြယ္ေရးကြန္ရက္ ဝန္ေဆာင္မႈေပးႏိုင္ေရး ေဆာင္႐ြက္ေန
===================
၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္ စတုတၳသုံးလပတ္အတြင္း ျမန္မာ့ဆက္သြယ္ေရးက႑၌ 5G ဝန္ေဆာင္မႈ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့ဆက္သြယ္ေရးက႑တြင္ 5G နည္းပညာျဖင့္ ဆက္သြယ္ေရးဝန္ေဆာင္မႈေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္၊ စတုတၳသုံးလပတ္အတြင္း 5G ဝန္ေဆာင္မႈ စတင္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဩဂုတ္ ၁၈ ရက္က ဒီဂ်စ္တယ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပသည့္ ျမန္မာ့ဆက္သြယ္ေရးက႑တြင္ 5G နည္းပညာျဖင့္ ဆက္သြယ္ေရး ဝန္ေဆာင္မႈေပး ႏိုင္ေရးႏွင့္စပ္လ်ဥ္းသည့္ ညႇိႏႈိင္း အစည္းအေဝးမွ သိရသည္။
အစည္းအေဝးတြင္ ဒီဂ်စ္တယ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသက္ဝင္းေအာင္က ျမန္မာႏိုင္ငံအေနႏွင့္ 5G နည္းပညာအသုံးျပဳ၍ ဝန္ေဆာင္မႈေပးႏိုင္ရန္ 2600 MHz လႈိင္းႏႈန္းစဥ္ကို သတ္မွတ္ခ်ထားေပးၿပီး ျဖစ္ပါေၾကာင္း၊ မိုဘိုင္းဆက္သြယ္ေရး ေအာ္ပေရတာမ်ားအေနျဖင့္ တစ္ႏွစ္အတြင္း စခန္းေပါင္း ၁၀၀၀ ခန႔္ တည္ေဆာက္ၿပီး ဝန္ေဆာင္မႈေပးႏိုင္ေရး ရည္မွန္းခ်က္ထား ေဆာင္႐ြက္သြားရမည္ ျဖစ္ပါေၾကာင္း၊ 5G Task Force ကိုလည္း ဖြဲ႕စည္းထားၿပီးျဖစ္ပါေၾကာင္း၊ ေအာ္ပေရတာမ်ားအေနျဖင့္ 5G နည္းပညာစမ္းသပ္ေဆာင္႐ြက္မႈအား ေဆာင္႐ြက္ထားၿပီး ျဖစ္သည့္အတြက္ ပိုမိုထိေရာက္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရးႏွင့္ ဝန္ေဆာင္မႈအရည္အေသြးေကာင္းမြန္စြာ ေပးႏိုင္ေရးအတြက္ ေဆာင္႐ြက္သြားရန္ ျဖစ္ေၾကာင္း၊ ျပည္သူမ်ားအတြက္ အရည္အေသြးေကာင္းမြန္သည့္ 5G ဝန္ေဆာင္မႈမ်ား ေပးႏိုင္ေရး အားလုံးပူးေပါင္းေဆာင္႐ြက္ၾကရန္ျဖစ္ေၾကာင္း ေျပာၾကားသည္။
ထို႔ျပင္ တက္ေရာက္လာၾကသူမ်ားက 5G နည္းပညာျဖင့္ ဆက္သြယ္ေရးဝန္ေဆာင္မႈေပး ႏိုင္ေရး ေဆာင္႐ြက္ေနမႈ၊ 5G ဝန္ေဆာင္မႈေပးႏိုင္ရန္လႈိင္းႏႈန္း စဥ္ခ်ထားေပးမႈ၊ ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည့္အေျခအေန၊ 5G ဝန္ေဆာင္မႈေပးႏိုင္ေရးအတြက္ လိုအပ္သည့္စက္ပစၥည္းမ်ားတင္သြင္းႏိုင္ေရး ေဆာင္႐ြက္ေနမႈ၊ ဝန္ေဆာင္မႈ စတင္ဖြင့္လွစ္ႏိုင္ေရး လ်ာထားေဆာင္႐ြက္ေနမႈ၊ ဝန္ႀကီးဌာနမွ ကူညီေဆာင္႐ြက္ေပးေစလိုသည့္ကိစၥရပ္မ်ားကို ေဆြးေႏြးၾကေၾကာင္း သိရသည္။
အစည္းအေဝးအၿပီးတြင္ ဒုတိယဝန္ႀကီးသည္ မိုဘိုင္းဆက္သြယ္ေရး ေအာ္ပေရတာမ်ားႏွင့္ Vendors ကုမၸဏီမ်ားမွ 5G ဝန္ေဆာင္မႈေပးႏိုင္ေရး ေဆာင္႐ြက္ထားရွိမႈအေျခအေန ခင္းက်င္း ျပသထားမႈကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။ #Eleven
5G ဆက်သွယ်ရေးကွန်ရက် ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်နေ
===================
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဩဂုတ် ၁၈ ရက်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုပေး နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မြန်မာနိုင်ငံအနေနှင့် 5G နည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးပြီး ဖြစ်ပါကြောင်း၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တစ်နှစ်အတွင်း စခန်းပေါင်း ၁၀၀၀ ခန့် တည်ဆောက်ပြီး ဝန်ဆောင်မှုပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ 5G Task Force ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ အော်ပရေတာများအနေဖြင့် 5G နည်းပညာစမ်းသပ်ဆောင်ရွက်မှုအား ဆောင်ရွက်ထားပြီး ဖြစ်သည့်အတွက် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေးကောင်းမွန်စွာ ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ပြည်သူများအတွက် အရည်အသွေးကောင်းမွန်သည့် 5G ဝန်ဆောင်မှုများ ပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် တက်ရောက်လာကြသူများက 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေး နိုင်ရေး ဆောင်ရွက်နေမှု၊ 5G ဝန်ဆောင်မှုပေးနိုင်ရန်လှိုင်းနှုန်း စဉ်ချထားပေးမှု၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေ၊ 5G ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများတင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု၊ ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးသည် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် Vendors ကုမ္ပဏီများမှ 5G ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ ခင်းကျင်း ပြသထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ #Eleven




