မူဆယ္ၿမိဳ႕အတြင္း အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္သူ ၂ဝ ဦးအား လုပ္ငန္းသုံးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ

မူဆယ္ၿမိဳ႕အတြင္း အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္သူ ၂ဝ ဦးအား လုပ္ငန္းသုံးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
==================
ၾသဂုတ္ ၂၄
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕အတြင္း အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ က်ဴးလြန္သူ ၂၀ ဦးအား လုပ္ငန္းသုံးပစၥည္းမ်ားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
ၾသဂုတ္လ ၂၃ရက္ေန႔ ညေန ၄ နာရီ ၃၀ မိနစ္ခန႔္တြင္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕သည္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕၊ ေကာင္းမႈတုံရပ္ကြက္၊ ေကာင္းမူးလြယ္နယ္ေျမရွိ ေနအိမ္တစ္လုံးအတြင္းမွ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္သူ တရားမဝင္ ဝင္ေရာက္ေနထိုင္သည့္ တ႐ုတ္ႏိုင္ငံသားအမ်ိဳးသား ၁ ဦးႏွင့္ ျမန္မာႏိုင္ငံသားအမ်ိဳးသား ၁၇ ဦး၊ အမ်ိဳးသမီး ၂ ဦး၊ စုစုေပါင္း ၂၀ ဦးတို႔အား ဖုန္းမ်ိဳးစုံ ၇၇ လုံး၊ ALL IN ONE ကြန္ပ်ဴတာ ၃ လုံး၊ LAPTOP ၁ လုံး၊ အျခားလုပ္ငန္းသုံးဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
ထိုသို႔ ဖမ္းဆီးရမိခဲ့သည့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ က်ဴးလြန္သူမ်ားအား စစ္ေဆးမႈမ်ား ေဆာင္႐ြက္ၿပီးစီးပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာျပင္းျပင္းထန္ထန္ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ၿပီး သိမ္းဆည္းရမိသည့္ လုပ္ငန္းသုံးပစၥည္းမ်ားကိုလည္း လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
==================
သြဂုတ် ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၂၀ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၃ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားအမျိုးသား ၁ ဦးနှင့် မြန်မာနိုင်ငံသားအမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၀ ဦးတို့အား ဖုန်းမျိုးစုံ ၇၇ လုံး၊ ALL IN ONE ကွန်ပျူတာ ၃ လုံး၊ LAPTOP ၁ လုံး၊ အခြားလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။




