ျမန္မာအမ်ိဳးသမီးတစ္ဦးအား တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားရန္ စီစဥ္ခဲ့သူကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္

ျမန္မာအမ်ိဳးသမီးတစ္ဦးအား တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားရန္ စီစဥ္ခဲ့သူကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္
===================
ျမန္မာအမ်ိဳးသမီးတစ္ဦးကို တ႐ုတ္ဇနီးမယားအျဖစ္ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္ခဲ့သည့္ လူကုန္ကူးမႈမွ ဖမ္းမိတရားခံ ေဒၚျမတ္ဆုမြန္ (ခ) မျဖဴ အား အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၁ ႏွစ္ က်ခံေစရန္ တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕၊ ပန္းပဲတန္းရပ္ကြက္ေန အမ်ိဳးသမီးတစ္ဦးအား ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕၊ ဟိုနားရပ္ကြက္ေန ေဒၚျမတ္ဆုမြန္ (ခ) မျဖဴ ႏွင့္ ခန႔္ပိုင္ (ခ) မင္းရန္ႏိုင္ တို႔ ၂ ဦးက TikTok မွတစ္ဆင့္ ဆက္သြယ္၍ တ႐ုတ္ဇနီးမယား လုပ္ကိုင္ရန္အတြက္ မူဆယ္ၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေပးမည္၊ လမ္းခရီးစရိတ္ ကုန္က်ခံေပးမည္ဟု ေျပာဆိုကာ စည္း႐ုံးခဲ့ျခင္းျဖစ္ၿပီး မူဆယ္ၿမိဳ႕သို႔ ေရာက္ရွိပါက ၃ လ စာခ်ဳပ္ဆိုကာ ျမန္မာေငြက်ပ္ သိန္း ၈၀ ရရွိမည္ျဖစ္ေၾကာင္း ၃ လျပည့္၍ ဆက္ေနလိုပါက ေနႏိုင္ေၾကာင္း၊ မေနလိုပါက ၎တို႔ကိုယ္တိုင္ ျပန္လည္ေခၚေဆာင္ေပးမည္ဟု မက္လုံးေပးလွည့္ျဖား၍ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားရန္ ေခၚေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းအမႈႏွင့္ပတ္သက္၍ မဟာေအာင္ေျမခ႐ိုင္တရား႐ုံးက ဩဂုတ္လ ၁၄ ရက္ေန႔တြင္ စာရင္းဇယားစစ္ေဆးကာ ဖမ္းမိတရားခံ ေဒၚျမတ္ဆုမြန္ (ခ) မျဖဴ အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅/၄၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၁ ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး ျဖစ္စဥ္တြင္ တိမ္းေရွာင္ေနသည့္ တရားခံ ခန႔္ပိုင္ (ခ) မင္းရန္ႏိုင္အား ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၅၁၂ အရ တရားၿပိဳင္မရွိဘဲ စစ္ေဆးႏိုင္ေရးအတြက္ ပုဒ္မ ၈၇/၈၈ အရ တရားဝရမ္းႏွင့္ ေၾကာ္ျငာစာမ်ား ထုတ္ထားေၾကာင္း သိရွိရသည္။
မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်
===================
မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုမှ ဖမ်းမိတရားခံ ဒေါ်မြတ်ဆုမွန် (ခ) မဖြူ အား အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေ ဒေါ်မြတ်ဆုမွန် (ခ) မဖြူ နှင့် ခန့်ပိုင် (ခ) မင်းရန်နိုင် တို့ ၂ ဦးက TikTok မှတစ်ဆင့် ဆက်သွယ်၍ တရုတ်ဇနီးမယား လုပ်ကိုင်ရန်အတွက် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည်၊ လမ်းခရီးစရိတ် ကုန်ကျခံပေးမည်ဟု ပြောဆိုကာ စည်းရုံးခဲ့ခြင်းဖြစ်ပြီး မူဆယ်မြို့သို့ ရောက်ရှိပါက ၃ လ စာချုပ်ဆိုကာ မြန်မာငွေကျပ် သိန်း ၈၀ ရရှိမည်ဖြစ်ကြောင်း ၃ လပြည့်၍ ဆက်နေလိုပါက နေနိုင်ကြောင်း၊ မနေလိုပါက ၎င်းတို့ကိုယ်တိုင် ပြန်လည်ခေါ်ဆောင်ပေးမည်ဟု မက်လုံးပေးလှည့်ဖြား၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ မဟာအောင်မြေခရိုင်တရားရုံးက ဩဂုတ်လ ၁၄ ရက်နေ့တွင် စာရင်းဇယားစစ်ဆေးကာ ဖမ်းမိတရားခံ ဒေါ်မြတ်ဆုမွန် (ခ) မဖြူ အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်စဉ်တွင် တိမ်းရှောင်နေသည့် တရားခံ ခန့်ပိုင် (ခ) မင်းရန်နိုင်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ တရားပြိုင်မရှိဘဲ စစ်ဆေးနိုင်ရေးအတွက် ပုဒ်မ ၈၇/၈၈ အရ တရားဝရမ်းနှင့် ကြော်ငြာစာများ ထုတ်ထားကြောင်း သိရှိရသည်။




