
ဖိလစ်ပိုင် လွှတ် တော်က အသက် ၁၃ နှစ်နှင့် အောက် က လေးများ လူမှုကွန်ရက်အသုံးပြုမှုကို လုံးဝပိတ်ပင်ရန် စီစဉ်နေ
================
ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်က အသက် ၁၃ နှစ်နှင့်အောက် ကလေးများအား ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းဂိမ်းပလက်ဖောင်းများအသုံးပြုမှုကို လုံးဝပိတ်ပင်မည့်အပြင် အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြားရှိသူများကိုလည်း ထိုအရာများ အသုံးပြုမှုကို စည်းမျဉ်းသတ်မှတ်ထိန်းချုပ်မည့် ဥပဒေမူကြမ်း ရေးဆွဲလျက်ရှိကြောင်း ဒေသတွင်းမီဒီယာများ၏ သြဂုတ် ၂၃ ရက် သတင်းဖော်ပြမှုအရ သိရသည်။









