
တိုကျိုနှင့် ကျိုတိုတက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် ChatGPT က အမှတ်အများဆုံးဖြင့် အောင်မြင်
==========================
ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များဖြစ်သော တိုကျိုနှင့် ကျိုတိုတက္ကသိုလ်တို့၏ ယခုနှစ် ဝင်ခွင့်စာမေးပွဲများတွင် ChatGPT က အမှတ်အများဆုံးဖြင့် အောင်မြင်ကြောင်း AI လုပ်ငန်းတစ်ခုက ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ChatGPT သည် ၂၀၂၄ ခုနှစ် ဝင်ခွင့်စာမေးပွဲများတွင် ကျရှုံးခဲ့သော်လည်း ယခုအခါ သိသိသာသာ တိုးတက်လာခြင်းဖြစ်သည်။








