အဆိုးဆုံးဇာတ္ကားက ေန ႐ုံဝင္ေငြ အ ေကာင္းဆုံးျဖစ္ ေန

အဆိုးဆုံးဇာတ္ကားက ေန ႐ုံဝင္ေငြ အ ေကာင္းဆုံးျဖစ္ ေန
===============================
တ႐ုတ္႐ုပ္ရွင္ေလာကနဲ႔ ႐ုပ္ရွင္ပရိသတ္ေတြၾကားမွာ မျဖစ္စဖူး အျဖစ္ထူးတဲ့ ျဖစ္ရပ္တစ္ခ်ိဳ႕က တစ္ေလာကလုံး အံ့အားသင့္သြားရေလာက္ေအာင္ ကိုင္လႈပ္ေနပါတယ္။ ဒီကိစၥေတြရဲ႕ျမစ္ဖ်ားခံရာအေၾကာင္းအရင္းက အရည္အေသြးအင္မတန္ညံ့ဖ်င္းလွတဲ့ ကာတြန္းကားတစ္ကားကို ႐ုံတင္ျပသရာကေန ျဖစ္လာခဲ့တာပါ။

ႏြားတစ္ေကာင္ အိပ္မက္ မက္ေနတဲ့အေၾကာင္း႐ိုက္ကူးထားတဲ့ Niu Lai က ဘတ္ဂ်တ္နိမ့္ကာတြန္းအမ်ိဳးအစား ျဖစ္ပါတယ္။ အဂၤလိပ္လို Here Comes the Ox လို အမည္ရတဲ့ ဒီကာတြန္းကားက ႐ုံတင္ၿပီး ဆယ္ရက္အတြင္း အေမရိကန္ေဒၚလာ (၁,၁၄၀) သာ ဝင္ခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ေဒၚလာ (၂) သန္းေက်ာ္ထိကို ေသာက္ေသာက္လဲဝင္ေငြရရွိသြားခဲ့ပါတယ္။

ကန္ေဒၚလာသန္းဂဏန္းထိဝင္ေငြရရွိသြားတယ္ဆိုေပမဲ့ Niu Lai ကာတြန္းက ႐ုပ္ရွင္ပရိသတ္ေတြၾကည့္ဖူးသမွ် ကာတြန္းကားေတြထဲ အရည္အေသြးအညံ့ဖ်င္းဆုံးကာတြန္းျဖစ္ပါတယ္။ ဉပမာေပးရရင္ Ne Zha နဲ႔ Niu Lai ရဲ႕ animated အရည္ေသြးက ဆီနဲ႔ေရ၊ မစင္နဲ႔ နံ႔သာေလာက္ထိေတာင္ ကြာျခားတာမ်ိဳးပါ။ ႏြားတစ္ေကာင္အေၾကာင္း ႐ိုက္ကူးထားတဲ့ ဒီဇာတ္လမ္းမွာ ဆြဲထားခ်က္က ညံ့လြန္းလို တခ်ိဳေနရာေတြဆိုရင္ ႏြားနဲ႔ေတာင္မတူဘဲ ေမ်ာက္တစ္ေကာင္ျဖစ္လိုက္၊ မ်က္ခုံးေမြးဆြဲ အလွျပင္ထားတဲ့ႏြားျဖစ္လိုက္နဲ႔ အေတာ္ေလးကို႐ုပ္ေပါက္ပါတယ္။ ဒီကာတြန္းကားကို လူေတြက ေလွာင္ေျပာင္ဖို လူမႈကြန္ရက္ေပၚတင္ခဲ့ခ်ိန္မွာ မထင္မွတ္ဘဲ အေကာင္းျမင္သူေတြမ်ားလာၿပီး ဝက္ဝက္ကြဲေအာင္ျမင္သြားတာ ျဖစ္ပါတယ္။

Niu Lai ကို ၾကည့္ၿပီးတဲ့ ႐ုပ္ရွင္ပရိသတ္တစ္ေယာက္ကေတာ့ ဒီကာတြန္းကားကိုၾကည့္ရင္ မိနစ္ ၈၀ ေလာက္ ေနာင္တရလိမ့္မယ္၊ ဒါေပမဲ့ မၾကည့္ဘူးဆိုရင္ေတာ့ တစ္ဘဝလုံးေနာင္တရလိမ့္မယ္ဆိုၿပီး ၫႊန္းထားပါတယ္။ တခ်ိဳေတြကလည္း အဆိုပါကာတြန္းကား ဒီေလာက္ထိလက္ရာညံ့သြားရတာက ဖန္တီးသူေတြအေနနဲ႔ AI ကို အသုံးမျပဳလိုပါဆိုၿပီး ႀကံဖန္ကာခ်ီးက်ဴးဂုဏ္ျပဳေနၾကပါတယ္။

Niu Lai ကာတြန္းကားက ဘတ္ဂ်တ္နိမ့္အမ်ိဳးအစားလည္းျဖစ္သလို လူသိနည္းတဲ့ထုတ္လုပ္ေရးတစ္ခုကေန ထုတ္ေဝခဲ့တာ ျဖစ္ပါတယ္။ ဒီကာတြန္းကားအတြက္ ႐ုံမတင္ခင္အခ်ိန္ေလးအထိ ေၾကာ္ျငာတာမ်ိဳးလည္းမရွိသလို လူထုကလည္း သိေတာင္မသိခဲ့ပါဘူး။ ႐ုပ္ရွင္႐ုံေရွ႕ထားဖိုေတာင္ ပိုစတာမရွိတာေၾကာင့္ ႐ုံဝန္ထမ္းေတြက လက္ျဖစ္ပုံဆြဲၿပီးေတာ့ ကာတြန္းျပသေနတာေၾကာင္း ေၾကာ္ျငာခဲ့ရတာ ျဖစ္ပါတယ္။

တ႐ုတ္႐ုပ္ရွင္ပရိသတ္ေတြၾကားမွာ Niu Lai က ဝက္ဝက္ကြဲေအာင္ျမင္ေနတယ္ဆိုေပမဲ့ တ႐ုတ္အာဏာပိုင္ေတြကေတာ့ ဒီအျဖစ္သနစ္ကို ဘဝင္က်ပုံမရဘူးလို ယူဆရပါတယ္။ လြန္ခဲ့တဲ့ရက္ပိုင္းကတင္ ႏိုင္ငံပိုင္ေဘဂ်င္းသတင္းဌာနက စံႏႈန္းေတြကို ဒီပုံစံအတိုင္း သိသိသာသာနိမ့္ခ်သြားရင္ ပရိသတ္ေတြရဲ႕ ယုံၾကည္မႈကို ဆုံးရႈးရႏိုင္တယ္လို သတိေပးထားပါတယ္။

Ref: BBC


အဆိုးဆုံးဇာတ်ကားက နေ ရုံဝင်ငွေ အ ကောင်းဆုံးဖြစ် နေ
===============================
တရုတ်ရုပ်ရှင်လောကနဲ့ ရုပ်ရှင်ပရိသတ်တွေကြားမှာ မဖြစ်စဖူး အဖြစ်ထူးတဲ့ ဖြစ်ရပ်တစ်ချို့က တစ်လောကလုံး အံ့အားသင့်သွားရလောက်အောင် ကိုင်လှုပ်နေပါတယ်။ ဒီကိစ္စတွေရဲ့မြစ်ဖျားခံရာအကြောင်းအရင်းက အရည်အသွေးအင်မတန်ညံ့ဖျင်းလှတဲ့ ကာတွန်းကားတစ်ကားကို ရုံတင်ပြသရာကနေ ဖြစ်လာခဲ့တာပါ။

နွားတစ်ကောင် အိပ်မက် မက်နေတဲ့အကြောင်းရိုက်ကူးထားတဲ့ Niu Lai က ဘတ်ဂျတ်နိမ့်ကာတွန်းအမျိုးအစား ဖြစ်ပါတယ်။ အင်္ဂလိပ်လို Here Comes the Ox လို အမည်ရတဲ့ ဒီကာတွန်းကားက ရုံတင်ပြီး ဆယ်ရက်အတွင်း အမေရိကန်ဒေါ်လာ (၁,၁၄၀) သာ ဝင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အမေရိကန်ဒေါ်လာ (၂) သန်းကျော်ထိကို သောက်သောက်လဲဝင်ငွေရရှိသွားခဲ့ပါတယ်။

ကန်ဒေါ်လာသန်းဂဏန်းထိဝင်ငွေရရှိသွားတယ်ဆိုပေမဲ့ Niu Lai ကာတွန်းက ရုပ်ရှင်ပရိသတ်တွေကြည့်ဖူးသမျှ ကာတွန်းကားတွေထဲ အရည်အသွေးအညံ့ဖျင်းဆုံးကာတွန်းဖြစ်ပါတယ်။ ဉပမာပေးရရင် Ne Zha နဲ့ Niu Lai ရဲ့ animated အရည်သွေးက ဆီနဲ့ရေ၊ မစင်နဲ့ နံ့သာလောက်ထိတောင် ကွာခြားတာမျိုးပါ။ နွားတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ ဆွဲထားချက်က ညံ့လွန်းလို တချိုနေရာတွေဆိုရင် နွားနဲ့တောင်မတူဘဲ မျောက်တစ်ကောင်ဖြစ်လိုက်၊ မျက်ခုံးမွေးဆွဲ အလှပြင်ထားတဲ့နွားဖြစ်လိုက်နဲ့ အတော်လေးကိုရုပ်ပေါက်ပါတယ်။ ဒီကာတွန်းကားကို လူတွေက လှောင်ပြောင်ဖို လူမှုကွန်ရက်ပေါ်တင်ခဲ့ချိန်မှာ မထင်မှတ်ဘဲ အကောင်းမြင်သူတွေများလာပြီး ဝက်ဝက်ကွဲအောင်မြင်သွားတာ ဖြစ်ပါတယ်။

Niu Lai ကို ကြည့်ပြီးတဲ့ ရုပ်ရှင်ပရိသတ်တစ်ယောက်ကတော့ ဒီကာတွန်းကားကိုကြည့်ရင် မိနစ် ၈၀ လောက် နောင်တရလိမ့်မယ်၊ ဒါပေမဲ့ မကြည့်ဘူးဆိုရင်တော့ တစ်ဘဝလုံးနောင်တရလိမ့်မယ်ဆိုပြီး ညွှန်းထားပါတယ်။ တချိုတွေကလည်း အဆိုပါကာတွန်းကား ဒီလောက်ထိလက်ရာညံ့သွားရတာက ဖန်တီးသူတွေအနေနဲ့ AI ကို အသုံးမပြုလိုပါဆိုပြီး ကြံဖန်ကာချီးကျူးဂုဏ်ပြုနေကြပါတယ်။

Niu Lai ကာတွန်းကားက ဘတ်ဂျတ်နိမ့်အမျိုးအစားလည်းဖြစ်သလို လူသိနည်းတဲ့ထုတ်လုပ်ရေးတစ်ခုကနေ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီကာတွန်းကားအတွက် ရုံမတင်ခင်အချိန်လေးအထိ ကြော်ငြာတာမျိုးလည်းမရှိသလို လူထုကလည်း သိတောင်မသိခဲ့ပါဘူး။ ရုပ်ရှင်ရုံရှေ့ထားဖိုတောင် ပိုစတာမရှိတာကြောင့် ရုံဝန်ထမ်းတွေက လက်ဖြစ်ပုံဆွဲပြီးတော့ ကာတွန်းပြသနေတာကြောင်း ကြော်ငြာခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်ရုပ်ရှင်ပရိသတ်တွေကြားမှာ Niu Lai က ဝက်ဝက်ကွဲအောင်မြင်နေတယ်ဆိုပေမဲ့ တရုတ်အာဏာပိုင်တွေကတော့ ဒီအဖြစ်သနစ်ကို ဘဝင်ကျပုံမရဘူးလို ယူဆရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကတင် နိုင်ငံပိုင်ဘေဂျင်းသတင်းဌာနက စံနှုန်းတွေကို ဒီပုံစံအတိုင်း သိသိသာသာနိမ့်ချသွားရင် ပရိသတ်တွေရဲ့ ယုံကြည်မှုကို ဆုံးရှုးရနိုင်တယ်လို သတိပေးထားပါတယ်။

Ref: BBC