ဖိလစ္ပိုင္ လႊတ္ ေတာ္က အသက္ ၁၃ ႏွစ္ႏွင့္ ေအာက္ က ေလးမ်ား လူမႈကြန္ရက္အသုံးျပဳမႈကို လုံးဝပိတ္ပင္ရန္ စီစဥ္ေန

ဖိလစ္ပိုင္ လႊတ္ ေတာ္က အသက္ ၁၃ ႏွစ္ႏွင့္ ေအာက္ က ေလးမ်ား လူမႈကြန္ရက္အသုံးျပဳမႈကို လုံးဝပိတ္ပင္ရန္ စီစဥ္ေန
================
ဖိလစ္ပိုင္ႏိုင္ငံ ေအာက္လႊတ္ေတာ္က အသက္ ၁၃ ႏွစ္ႏွင့္ေအာက္ ကေလးမ်ားအား ဆိုရွယ္မီဒီယာႏွင့္ အြန္လိုင္းဂိမ္းပလက္ေဖာင္းမ်ားအသုံးျပဳမႈကို လုံးဝပိတ္ပင္မည့္အျပင္ အသက္ ၁၄ ႏွစ္မွ ၁၇ ႏွစ္ၾကားရွိသူမ်ားကိုလည္း ထိုအရာမ်ား အသုံးျပဳမႈကို စည္းမ်ဥ္းသတ္မွတ္ထိန္းခ်ဳပ္မည့္ ဥပေဒမူၾကမ္း ေရးဆြဲလ်က္ရွိေၾကာင္း ေဒသတြင္းမီဒီယာမ်ား၏ ၾသဂုတ္ ၂၃ ရက္ သတင္းေဖာ္ျပမႈအရ သိရသည္။

သတင္းမ်ားအရ အေျခခံပညာေရးႏွင့္ ယဥ္ေက်းမႈဆိုင္ရာ လႊတ္ေတာ္ေကာ္မတီဥကၠ႒ျဖစ္သူ လႊတ္ေတာ္ကိုယ္စားလွယ္ ႐ိုမန္ ႐ိုမူလိုက အသက္ ၁၃ ႏွစ္ေအာက္ ကေလးမ်ားအေနျဖင့္ အဆိုပါ ပလက္ေဖာင္းမ်ားကို အသုံးျပဳခြင့္ရမည္မဟုတ္သလို အသက္ ၁၄ ႏွစ္မွ ၁၇ ႏွစ္ၾကားအ႐ြယ္ရွိသည့္ အသုံးျပဳသူမ်ားအတြက္လည္း အခ်ိဳ႕ေသာ လုပ္ေဆာင္ခ်က္မ်ားကို ပိတ္ပင္မႈႏွင့္အတူ စည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားရွိလာမည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဖိလစ္ပိုင္ႏိုင္ငံအတြင္း၌ လုပ္ငန္းလည္ပတ္လိုသည့္ မည္သည့္ပလက္ေဖာင္းမဆို ျပည္တြင္း၌ ႐ုံးအေျခစိုက္လုပ္ကိုင္ရမည္ျဖစ္ၿပီး၊ သို႔မဟုတ္ပါက သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာဌာန၏ ပိတ္ပင္ျခင္းကို ခံရမည္ျဖစ္ေၾကာင္းလည္း ႐ိုမူလိုက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ဖိလစ္ပိုင္လႊတ္ေတာ္က ငယ္႐ြယ္သူမ်ား ဝင္ေရာက္ကစားႏိုင္သည့္ အြန္လိုင္းဂိမ္းမ်ားကို ေစာင့္ၾကည့္စစ္ေဆးႏိုင္ရန္အတြက္ အမ်ိဳးအစားခြဲျခားသတ္မွတ္ေရးအဖြဲ႕တစ္ခုကို ဖြဲ႕စည္းရန္လည္း စီစဥ္လ်က္ရွိေၾကာင္း သိရသည္။ (Xinhua)


ဖိလစ်ပိုင် လွှတ် တော်က အသက် ၁၃ နှစ်နှင့် အောက် က လေးများ လူမှုကွန်ရက်အသုံးပြုမှုကို လုံးဝပိတ်ပင်ရန် စီစဉ်နေ
================
ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်က အသက် ၁၃ နှစ်နှင့်အောက် ကလေးများအား ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းဂိမ်းပလက်ဖောင်းများအသုံးပြုမှုကို လုံးဝပိတ်ပင်မည့်အပြင် အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြားရှိသူများကိုလည်း ထိုအရာများ အသုံးပြုမှုကို စည်းမျဉ်းသတ်မှတ်ထိန်းချုပ်မည့် ဥပဒေမူကြမ်း ရေးဆွဲလျက်ရှိကြောင်း ဒေသတွင်းမီဒီယာများ၏ သြဂုတ် ၂၃ ရက် သတင်းဖော်ပြမှုအရ သိရသည်။

သတင်းများအရ အခြေခံပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဋ္ဌဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ရိုမန် ရိုမူလိုက အသက် ၁၃ နှစ်အောက် ကလေးများအနေဖြင့် အဆိုပါ ပလက်ဖောင်းများကို အသုံးပြုခွင့်ရမည်မဟုတ်သလို အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြားအရွယ်ရှိသည့် အသုံးပြုသူများအတွက်လည်း အချို့သော လုပ်ဆောင်ချက်များကို ပိတ်ပင်မှုနှင့်အတူ စည်းမျဉ်းသတ်မှတ်ချက်များရှိလာမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအတွင်း၌ လုပ်ငန်းလည်ပတ်လိုသည့် မည်သည့်ပလက်ဖောင်းမဆို ပြည်တွင်း၌ ရုံးအခြေစိုက်လုပ်ကိုင်ရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၏ ပိတ်ပင်ခြင်းကို ခံရမည်ဖြစ်ကြောင်းလည်း ရိုမူလိုက ပြောကြားခဲ့သည်။ ထို့ပြင် ဖိလစ်ပိုင်လွှတ်တော်က ငယ်ရွယ်သူများ ဝင်ရောက်ကစားနိုင်သည့် အွန်လိုင်းဂိမ်းများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်အတွက် အမျိုးအစားခွဲခြားသတ်မှတ်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ (Xinhua)