တစ္လကို လူတူစက္႐ုပ္ ၁၀၀၀ ထုတ္လုပ္မယ့္ မစ္ဆူဘီရွီ

တစ္လကို လူတူစက္႐ုပ္ ၁၀၀၀ ထုတ္လုပ္မယ့္ မစ္ဆူဘီရွီ
==================
ေမာ္ေတာ္ကားနဲ႔အႀကီးစားစက္မႈလုပ္ငန္းမွာ ဂုဏ္သတင္းႀကီးမားလွတဲ့ မစ္ဆူဘီရွီကုမၸဏီက အခုဆိုရင္ လူတူစက္႐ုပ္ေတြဘက္ကိုလည္း ေျခဦးလွည့္လာပါၿပီ။လူတူစက္႐ုပ္ ေဈးကြက္ထဲကိုဝင္လာရာမွာလည္း အင္နဲ႔အားနဲ႔ဆိုသလိုဝင္လာတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဉာဏ္ရည္တု(AI) နည္းပညာကိုအဓိကအသုံးျပဳထားတဲ့လူတူစက္႐ုပ္ေတြကို က်ိဳတိုၿမိဳ႕ရွိ စက္႐ုံမွာအေျမာက္အျမားထုတ္လုပ္သြားမွာျဖစ္လို႔ပါပဲ။ သူတို႔အေနနဲ႔ တစ္လကိုလူတူစက္႐ုပ္၁၀၀၀ အထိထုတ္လုပ္သြားမယ္လို႔ဆိုပါတယ္။

ထုတ္လုပ္မယ့္ေနရာကလည္း သူတို႔အေနနဲ႔အသုံးမျပဳေတာ့တဲ့ ကားအင္ဂ်င္ထုတ္လုပ္ေရးလိုင္းမွာပါ။ အဲဒီထုတ္လုပ္ေရးလိုင္းကို စက္႐ုပ္ထုတ္လုပ္ေရးအတြက္ျပင္ဆင္ေျပာင္းလဲသြားမွာျဖစ္ပါတယ္။

အခုလိုမ်ိဳးလူတူစက္႐ုပ္ေတြကို ပမာဏေျမာက္ျမားစြာ ထုတ္လုပ္ႏိုင္ေစဖို႔အတြက္ မစ္ဆူဘီရွီကုမၸဏီက ဟိုက္လန္ဒါကုမၸဏီနဲ႔ပူးေပါင္းလိုက္တာျဖစ္ပါတယ္။ ဒီလိုပူးေပါင္းမႈမွတစ္ဆင့္ စက္႐ုပ္ေတြကို ၂၀၂၇ခုႏွစ္အေစာပိုင္းမွာ ထုတ္လုပ္သြားဖို႔ရွိေနပါတယ္။

ပထမဆုံးထုတ္လုပ္မယ့္စက္႐ုပ္ေတြကိုလည္း မစ္ဆူဘီရွီရဲ႕ အင္ဂ်င္ထုတ္လုပ္ေရးေနရာေတြမွာ အသုံးျပဳသြားမွာျဖစ္ပါတယ္။ ဒီလိုအသုံးျပဳမႈကေန လိုအပ္ခ်က္ေတြကိုျပင္ဆင္ၿပီးမွ အျခားေသာစက္မႈလုပ္ငန္းမ်ားအတြက္ ထုတ္လုပ္ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။ Ref: IE #MWD


တစ်လကို လူတူစက်ရုပ် ၁၀၀၀ ထုတ်လုပ်မယ့် မစ်ဆူဘီရှီ
==================
မော်တော်ကားနဲ့အကြီးစားစက်မှုလုပ်ငန်းမှာ ဂုဏ်သတင်းကြီးမားလှတဲ့ မစ်ဆူဘီရှီကုမ္ပဏီက အခုဆိုရင် လူတူစက်ရုပ်တွေဘက်ကိုလည်း ခြေဦးလှည့်လာပါပြီ။လူတူစက်ရုပ် ဈေးကွက်ထဲကိုဝင်လာရာမှာလည်း အင်နဲ့အားနဲ့ဆိုသလိုဝင်လာတာပါ။ ဘာကြောင့်လဲဆိုတော့ ဉာဏ်ရည်တု(AI) နည်းပညာကိုအဓိကအသုံးပြုထားတဲ့လူတူစက်ရုပ်တွေကို ကျိုတိုမြို့ရှိ စက်ရုံမှာအမြောက်အမြားထုတ်လုပ်သွားမှာဖြစ်လို့ပါပဲ။ သူတို့အနေနဲ့ တစ်လကိုလူတူစက်ရုပ်၁၀၀၀ အထိထုတ်လုပ်သွားမယ်လို့ဆိုပါတယ်။

ထုတ်လုပ်မယ့်နေရာကလည်း သူတို့အနေနဲ့အသုံးမပြုတော့တဲ့ ကားအင်ဂျင်ထုတ်လုပ်ရေးလိုင်းမှာပါ။ အဲဒီထုတ်လုပ်ရေးလိုင်းကို စက်ရုပ်ထုတ်လုပ်ရေးအတွက်ပြင်ဆင်ပြောင်းလဲသွားမှာဖြစ်ပါတယ်။

အခုလိုမျိုးလူတူစက်ရုပ်တွေကို ပမာဏမြောက်မြားစွာ ထုတ်လုပ်နိုင်စေဖို့အတွက် မစ်ဆူဘီရှီကုမ္ပဏီက ဟိုက်လန်ဒါကုမ္ပဏီနဲ့ပူးပေါင်းလိုက်တာဖြစ်ပါတယ်။ ဒီလိုပူးပေါင်းမှုမှတစ်ဆင့် စက်ရုပ်တွေကို ၂၀၂၇ခုနှစ်အစောပိုင်းမှာ ထုတ်လုပ်သွားဖို့ရှိနေပါတယ်။

ပထမဆုံးထုတ်လုပ်မယ့်စက်ရုပ်တွေကိုလည်း မစ်ဆူဘီရှီရဲ့ အင်ဂျင်ထုတ်လုပ်ရေးနေရာတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီလိုအသုံးပြုမှုကနေ လိုအပ်ချက်တွေကိုပြင်ဆင်ပြီးမှ အခြားသောစက်မှုလုပ်ငန်းများအတွက် ထုတ်လုပ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Ref: IE #MWD