အမေရိကန်၏ ခေတ်ကာလသစ် တစ်ခုသို့ ပြောင်းလဲသွားမည်ဟု ထရမ့်ကြွေးကြော်

အမေရိကန် တစ်နိုင်ငံလုံးကို လိပ်မူပြီး ပြောကြားခဲ့သည့် မိန့်ခွန်း၌ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်၏ ခေတ်ကာလသစ် တစ်ခုသို့ ပြောင်းလဲ ဝင်ရောက်သွားမည်ဟု ကြွေးကြော်ခဲ့သည်။

ထရမ့်၏ မိန့်ခွန်းထဲတွင် ကဏ္ဍအတော်များများ ဆက်စပ် ပါဝင်ခဲ့ပြီး နိုင်ငံရေး ကဏ္ဍတွင် အမြင်ကွဲပြားသူများ ပိုမို ပူးပေါင်း အလုပ်လုပ်ရန်လည်း တိုက်တွန်းသွားခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတက မိမိသည် ဒီမိုကရက်များနှင့် ယှဉ်တွဲ အလုပ်လုပ်ရန် လက်ကမ်း ကြိုနေမည်ဟု ဆိုသည်။

Read more

မျောက်တွေကို စမ်းသပ်မှုကြောင့် ဗောက်စ်ဝက်ဂွန် အရာရှိ အရေးယူခံရ

ထိပ်တန်း တာဝန်ရှိသူ တစ်ဦးကို ရာထူးကနေ ဆိုင်းငံ့

ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက ငွေကြေးထောက်ပံ့တဲ့ စမ်းသပ်မှု တချို့မှာ မျောက်တွေကို ဒီဇယ် ဓာတ်ငွေ့တွေ လွှတ်ပြီး ရှူခိုင်းတာမျိုးတွေ ရှိခဲ့တယ်ဆိုတဲ့ အချက် ထွက်ပေါ် လာခဲ့ပြီး၊ နိုင်ငံတကာရဲ့ ဝေဖန် ရှုတ်ချသံတွေ ဆူညံ လာခဲ့တဲ့ နောက် အခုဆိုရင် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးကို ကုမ္ပဏီက ရာထူးကနေ ဆိုင်းငံ့ လိုက်ပါတယ်။

Read more

ရုရှ တချို့ ကို အမေရိကန် ပိတ်ဆို့မှု ချမှတ်

ရုရှားနိုင်ငံရဲ့ ပြည်တွင်းရေးကို အကြီးအကျယ် ဝင်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ ရုရှားအစိုးရက ပြော

ရုရှား အစိုးရက တားနေတဲ့ကြားက အမေရိကန်က သူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ရုရှား စီးပွားရေး ခေါင်းဆောင်တွေနဲ့ ရုရှား ထိပ်တန်း အစိုးရပုဂ္ဂိုလ်တွေကို ထည့်သွင်း ဖော်ပြလိုက်ပါတယ်။

Read more

ကင်ညာ၌ အတိုက်အခံခေါင်းဆောင်ကို သမ္မတအဖြစ် ဟန်ပြ တင်မြှောက်

နိုင်ရိုဘီ ဇန်နဝါရီ ၃ဝ

ကင်ညာနိုင်ငံ၌ ”ပြည်သူ့သမ္မတအဖြစ်” ရေလာအိုဒင်ဂါက ဟန်ပြကျမ်းသစ္စာကျိန်ဆိုမည့် အခမ်းအနားတစ်ရပ်ကို မြို့တော် နိုင်ရိုဘီရှိ ပြည်သူ့ဥယျာဉ်၌ ဇန်နဝါရီ ၃ဝ ရက်က ပြုလုပ်ရန် စီစဉ်ထားရာ အာဏာပိုင်များက ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနနှင့် အသံလွှင့်ရုံတို့ကို ပိတ်ထားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင်အား တရုတ်ဧည့်အဖွဲ့လာရောက်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ယနေ့ ညနေ ၄ နာရီက တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ လူမှုသိပ္ပံသုတေ သနလေ့လာရေးအဖွဲ့မှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Read more

ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယခုလ ၂ဝရက် နံနက် ၈ နာရီခွဲတွင် ကော့ကရိတ် မြို့အမှတ်(၁)ရပ်ကွက်ရွှေကြက်မင်း ဘုန်းတော်ကြီးကျောင်းသို့ ရောက် ခဲ့ပြီး ရွှေကြက်မင်းဆရာတော် ဈာပနကျင်းပရေးအတွက် အလှူ ငွေကျပ်တစ်သိန်းကို ရွှေကြက်မင်း ကျောင်းတိုက်ဆရာတော်ဦးသုဇာတ အား ဆက်ကပ်လှူဒါန်းခဲ့သည်။
မွန်းလွဲ ၁နာရီတွင် ဘားအံမြို့ နယ် မိသရောင်ကျေးရွာအုပ်စု ကျွန်းရွာရှိ ဓမ္မသုခကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်အား လှူဖွယ်နှင့်ဝတ္ထုငွေကျပ် နှစ်သောင်းကို ဆက်ကပ်လှူဒါန်းခဲ့ ပြီး အဆိုပါဓမ္မသုခတိုက်ကျောင်း တွင် ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ပါတီ ဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီ တွင်စတင်ကျင်းပ သည်။

Read more

ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီ ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာရှိ ပါဒကြီးငါးထပ်ဘုရားအာရုံခံ တန်ဆောင်းအတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာများမှ စည်းရုံးရေးမှူးများ၊ ပါတီဝင်များတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

Read more

သာကေတပြည်ခိုင်ဖြိုး ဆုရကျောင်းသားများ ဆုချီးမြှင့်

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဖေနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင် များသည် ယမန်နေ့နံနက် ၁၁ နာရီက သာကေတမြို့နယ် (၇)အရှေ့ ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းအမှတ်(၁၃)မှ ပညာရည်ချွန် ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၄၂ဦးအား ငွေကျပ် ၁၂၅ဝဝဝတန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်စသည့်        စာရေး ကိရိယာများကို ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Read more

လှည်းကူးပြည်ခိုင်ဖြိုး နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွါး)သင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးတိုက်နယ် ကျေးရွာအုပ်စု အမှတ်(၁)ရှေ့တန်း ရုံးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂) ကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ကြောင်း သိရသည်။

Read more

ဒဂုံ(အရှေ့)ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၂)ဆင်းပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင် စည်းရုံးရေးနယ်မြေအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အဖွဲ့ ခေါင်းဆောင်များ၊ အမာခံပါတီဝင် များအတွက် ယခုလ ၂၆ရက်မှ ယမန်နေ့အထိသုံးရက်တာ ဖွင့်လှစ် ခဲ့သည့်နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂)သင်တန်း ဆင်းပွဲကိုယမန်နေ့ညနေ၄နာရီခွဲက မြို့နယ်ပါတီရုံးသင်တန်းခန်းမဆောင် ၌ကျင်းပခဲ့ကြောင်း သိရသည်။

Read more