စပါးသည် အလွန်ခက်ခဲသော ပြိုင်ဘက်ဖြစ်ဟု မော်ရင်ဟိုပြောကြား

လတ်တလောတွင် မန်ယူသည် နောက်ဆုံးငါးပွဲဆက် နိုင်ပွဲရမှုနှင့်အတူ အာဆင်နယ်မှ ချီလီလက်ရွေးစင် တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ခဲ့သဖြင့် ပရိသတ်များ ပျော်ရွှင်နေကြသည်။

မန်ယူသည် ယခုနှစ်ရာသီတွင် အခက်ခဲဆုံးပွဲများအနက် တစ်ပွဲဖြစ်သည့် စပါးနှင့်ပွဲကို ယနေ့ည၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ယင်းပွဲတွင် မန်ယူအတွက် ပရီးမီးယားလိဂ်ပွဲ စတင်ကစားမည့် ဆန်းချက်ဇ်အပေါ် အာရုံစိုက် ကြမည်ဖြစ်သည်။ ဆန်းချက်ဇ်သည် အက်ဖ်အေဖလား စတုတ္ထအဆင့်အဖြစ် ရီယိုဗီးလ်တောင်းနှင့် ကစားခဲ့သော ပွဲတွင် မန်ယူ၌ စတင်ပွဲထွက်ခဲ့ပြီး နှစ်ဂိုး ဖန်တီးပေးနိုင်ကာ အကောင်းဆုံး ဘောလုံးသမားဆုရခဲ့သည်။

Read more

သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စတုဒိသာအလှူပွဲ ကုသိုလ်ယူပါဝင်လှူဒါန်း

 

သရက်မြို့နယ် မိုးနတ်ကုန်း ကျေးရွာအုပ်စု မိုးနတ်ကုန်းကျေး ရွာ၌ ယမန်နေ့ နံနက် ၁ဝနာရီက ခုနစ်ရက် ခုနစ်လီကျင်းပသော စတုဒိသာအလှူပွဲသို့ သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကုသိုလ်ယူ ပါဝင်လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ဒေါ်ယဉ်ယဉ်လှနှင့် သရက်ခရိုင် မြို့နယ်ပါတီကော်မ တီဝင်များ၊ပါတီဝင်များက ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ခုနစ်ရက် ခုနစ်လီ ကျင်းပမည့် စတုဒိသာ အလှူပွဲတွင် ကုသိုလ်ယူကာလုပ်အားဒါနဖြင့် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင်ဒေးရှင်းစာသင်ဆောင်ဆောက်လုပ်မှုစတင်

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင် ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းတို့ပူးပေါင်း ၍ မှော်ဘီ၊ တိုက်ကြီးနှင့်              ထန်းတပင်မြို့နယ်များတွင် အလျားပေ၆ဝ၊ အနံပေ ၃ဝရှိ စာသင်ဆောင်ကိုး ဆောင် ဆောက်လုပ်လှူဒါန်းရန် အတွက် စတင်ဆောင်ရွက်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက          မှော်ဘီမြို့နယ် နတ်ရဲ ကွင်းကျေးရွာတွင် ကျင်းပကြောင်း သိရသည်။

Read more

ကရင်ပြည်ခိုင်ဖြိုးပါတီမှ ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲ ဖွင့်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ကျုံဒိုးမြို့မီးပုံပွဲကွင်းတွင် ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီက ကျင်းပသည့် (၁၉၂)        ကြိမ်မြောက် ကရင်ရိုးရာ နယ်လုံး ကျွတ်မီးပုံပွဲသို့ရောက်ရှိခဲ့ရာ မီးပုံပွဲကျင်းပရေး ကော်မတီသို့ အလှူငွေကျပ်တစ်သိန်းလှူဒါန်း ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေခဲ့ကြောင်း သိရ သည်။

Read more

လာပေါ်တီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးခေါ်ယူ

ဇန်နဝါရီ ၃၁၊ မန်ချက်စတာ

မန်ချက်စတာစီးတီးအသင်းသည် ဘီလ်ဘာအိုအသင်းမှ ပြင်သစ်နောက်ခံလူ အိုင်မရစ် လာပေါ်တီကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းဖြင့် ခေါ်ယူလိုက်သည်။

ပြင်သစ်အသင်းနှင့် ပွဲထွက်ရခြင်း မရှိသေးသော လာပေါ်တီ၏ ပြောင်းရွှေ့ကြေးပါ ပေါင်းလျှင် ပရီးမီးယားလိဂ် ကလပ်အားလုံး၏ အပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင် ၂၅၂ သန်း ရှိပြီဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း စံချိန်တင်သုံးစွဲမှု ဖြစ်သည်။

Read more

သာကေတပြည်ခိုင်ဖြိုး ဆွမ်းဆန်စိမ်းလောင်းလှူ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် မြို့နယ် ပါတီကော်မတီဝင်များသည် ယခုလ၂၈ ရက် ညနေ၄နာရီကသာကေတမြို့နယ်ကျက်သရေဆောင် (၁ဝ၈)တောင်စွယ်တော်မြတ်စေတီတော်ကြီး၏ (၅၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဆွမ်းဆန်တော်များလှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

TKA(သာကေတ)


Read more

တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ လစဉ်​ပုံမှန်​ညှိနိုင်းအစည်းအ​ဝေးပြုလုပ်

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်​၊ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန် လုပ်​ငန်းညှိနိုင်း အစည်းအ​ဝေးကို ဗဟိုကောမတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်​ပါတီ   ဥက္ကဌ ဦးစိုင်းရွှေထွန်း နှင့် ခရိုင်/မြို့နယ်​​ကော်​မတီဝင်များ၊ရပ်ကျေးခေါင်းဆောင်းများဖြင့်(၃၀.၁. ၂၀၁၈)ရက်​​နေ့တွင်​ ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်များ ​ဆောင်​ရွက်​နိုင်​​ရေးအတွက်​ ရပ်​ကွက်​၊ ကျေးရွာပါတီ​  ခေါင်း​ဆောင်​များဖြင့် တွေ့ဆုံခြင်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကြိုတင်ရေးဆွဲခြင်းအား ညိုနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်​။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ

Read more

တိုကျိုအိုလံပစ်ဘောလုံးပြိုင်ပွဲကို မြန်မာအသင်း ခြေစစ်ပွဲအဆင့်က ဝင်ပြိုင်မည်

၂၀၂၀ တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲကို မြန်မာအိုလံပစ် အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအသင်းတွေ ခြေစစ်ပွဲ အဆင့်က စတင်ဝင်ရောက်ယှဉ်ပြိုင် ကစားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသားအိုလံပစ်အသင်းအနေနဲ့ AFC U23 Championship ခြေစစ်ပွဲကို ၂၀၁၉ မတ်လမှာ အရင် ဝင်ရောက် ကစားရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ပါက နောက်ဆုံးအဆင့် ပွဲစဉ်တွေ တက်ရောက်ကစားရမှာ ဖြစ်ပါတယ်။

Read more

လောကမာရ်အောင် ရွှေဂူကြီးဘုရား (၂၀)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားတက်ရောက် ကြည်ညို

ကျောက်ဆည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစိုးစိုးထွန်း နှင့်အဖွဲ့သည် ၃၁-၁-၂၀၁၈ ရက်နေ့ နံနက် (၈း၀၀)တွင် ကျောက်ဆည်မြို့နယ် အင်ရောင်းကျေးရွာ အုပ်စုအတွင်းရှိ လောကမာရ်အောင် ရွှေဂူကြီးဘုရားရင်ပြင်တွင် ကျင်းပပြုလုပ်သော (၂၀)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်း လှူပွဲကျင်းပရာသို့ တက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများ နာယူခဲ့ပါသည်။


Read more

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအား အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် ပိုင်ရှင်လာရောက် တွေ့ဆုံ

ရန်ကုန် ဇန်နဝါရီ ၃ဝ

ရန်ကုန်မြို့၌ရောက်ရှိနေသည့် အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် Mr. Andrea Radrizzani သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား ယနေ့ မွန်းလွဲပိုင်းတွင် နိုဗိုတယ်ဟိုတယ်၌ လာရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ပံ့ပိုးကူညီနိုင်မည့် အစီအစဉ်များ၊ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

Read more