သာကေတပြည်ခိုင်ဖြိုးသန့်ရှင်းရေးလုပ်အားပေးကုသိုလ်ပြု

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၏ ကျက်သရေဆောင်(၁ဝ၈)တောင်မဟာဗောဓိ စွယ်တော်ရှင်စေတီတော်မြတ်ကြီး (၅၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရန်အတွက် သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပရဟိတအဖွဲ့အင်အား ၅ဝတို့သည် ယမန်နေ့ နံနက် ၆ နာရီခွဲက ဘုရားပရိဝုဏ်နှင့်ရင်ပြင်တော်များတွင် သန့်ရှင်းရေးလုပ်အား ကုသိုလ်ပြု ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

TKA(သာကေတ)


Read more

မိုင်းဆတ်​မြို့နယ်​ လစဉ်​ပုံမှန်​ညှိနိုင်းအစည်းအ​ဝေးပြုလုပ်

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊မိုင်းဆတ်​မြို့နယ်​၊ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန် ​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးကို မိုင်းဆတ်​မြို့နယ်​ မြို့နယ်​ပါတီဥက္ကဌ ဦးဒါဝိဒ်​နှင့် မြို့နယ်​​ကော်​မတီဝင်များ၊ရပ်ကျေး               ခေါင်းဆောင်းများဖြင့့်(၂၉.၁.၂၀၁၈)ရက်​​နေ့တွင်​ မိုင်းဆတ်​ပါတီရုံးအစည်းအ​ဝေးခန်းမတွင်​​တွေ့ဆုံခဲ့ပြီး ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းများ ​ဆောင်​ရွက်​နိုင်​​ရေးအတွက်​ ရပ်​ကွက်​၊​ကျေးရွာပါတီ​ခေါင်း​ဆောင်​သစ်​များဖြင့် ပြန်လည်​ဖွဲ့စည်းခန့်အပ်တာဝန်ပေးအပ်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


Read more

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် နှင့် မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် လူငယ်တွေ့ဆုံပွဲကို စေတုတ္တရာ မြို့နယ်ခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့ရာ ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးပိုက်ထွေး မှအမှာစကားပြောကြားခဲ့ပါသည် ။ အခမ်းအနားကို မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင့် တိုင်းကော်မတီဝင်များ မင်းဘူးခရိုင်ကော်မတီဝင်များ မင်းဘူးမြို့နယ် ကော်မတီဝင်များ စလင်းမြို့နယ်ကော်မတီဝင်များ ပွင့်ဖြူမြို့နယ်ကော်မတီဝင်များ ငဖဲမြို့နယ်ကော်မတီဝင်များ စေတုတ္တရာမြို့နယ်ကော်မတီဝင်များ လူငယ်ကေဒါများ တက်ရောက်ခဲ့ကြပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးသို့ တက်ရောက်ကြည်ညို

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ၃၀-၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သော ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကျင်းပရာသို့ တက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများ နာယူခဲ့ပါသည်။


Read more

အူဘာမီယန်ကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ဖို့ အာဆင်နယ် သဘောတူညီ

အာဆင်နယ်အသင်းဟာ ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်ကို ကလပ်စံချိန်တင်ကြေး ပေါင် ၅၅.၄ သန်းနဲ့ ခေါ်ဖို့ သဘောတူညီချက်ရသွားပြီလို့ သိရပါတယ်။

အာဆင်နယ်ဟာ အူဘာမီယန်ကို တစ်ပတ်လစာပေါင် ၁၈၀၀၀၀ နဲ့၃ နှစ်ခွဲစာချုပ်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါဟာသူ့ကို အာဆင်နယ်ရဲ့ လစာအများဆုံးရသူအဖြစ် မှတ်တမ်းဝင်စေမှာပါ။ အခုဆိုရင်အာဆင်နယ် ပရိသတ် အချို့ဟာ အူဘာမီယန်ရဲ့ကျောနံပါတ်က ၁၄ လို့ယူဆပြီး အကျီင်္ပေါ်မှာ အဲဒီနံပါတ်ကို ရိုက်နှိပ်ဝတ်ဆင်နေတာ တွေ့ရပါတယ်။

Read more

ဒေးဗစ်ဘက်ခမ်း မီယာမီဘောလုံးအသင်း တည်ထောင်

မန်ယူ ဂန္ထဝင်ကစားသမား ဒေးဗစ်ဘက်ခမ်း၏ အပတ်တကုတ်ကြိုးပမ်း အားထုတ်မှုနှင့်အတူ အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲ (MLS) ကို မီယာမီတွင် တစ်ဖန်ပြန်လည် မြင်ရမည်ဖြစ်သည်။

ဒေးဗစ်ဘက်ခမ်းနှင့် မိတ်ဖက်များသည် မီယာမီဘောလုံးအသင်းကို တရားဝင်တည် ထောင်ပြီးဖြစ်ကာ ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် MLS ဘောလုံးပြိုင်ပွဲ မဟာမင်းကြီး ဒွန်ဂါဘာက တက်ရောက်အတည်ပြုမည် ဖြစ်သည်။

Read more

လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပြိုင်ဘက် မာချာဒိုကို သုံးချီအတွင်း အလဲထိုးမည်ဟု အောင်လအန်ဆန် ကြုံးဝါး

ရန်ကုန်မြို့၌ ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ရမည့် MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပြိုင်ဘက် ဘရာဇီးနိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို သုံးချီအတွင်း အလဲထိုးနိုင်မည်ဟု ယုံကြည်ကြောင်း အောင်လအန် ဆန်က ပြောသည်။

Read more

ဆီးဂိမ်းရွှေတံဆိပ်ရှင် ဝူရှူးမယ် မြတ်သက်စုဝေဖြိုး ဒဏ်ရာကြောင့် ကစားသမားဘဝ အနားယူ

ဓာတ်ပုံ − Myat ThetHsu Wai Phyo FB

 

 ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာဝူရှူးမယ် မြတ်သက်စုဝေဖြိုးသည် ဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်သည်။

ဒူးဒဏ်ရာနှင့် ခြေချင်းဝတ် ဒဏ်ရာများ ရရှိနေ၍ ကစားသမားဘဝမှ အနားယူခြင်းဖြစ်ကြောင်း အသက် (၂၄)နှစ် အရွယ် မြတ်သက်စုဝေဖြိုးက ပြောသည်။

Read more

မော်စကို၌ ပူတင်နှင့် နီတန်ယာဟုတို့ ဆီးရီးယားနှင့်အီရန်အရေး ဆွေးနွေး

မော်စကို၊ ရုရှား၊ ဇန်န၀ါရီ ၃၀

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟုတို့သည် ဆီးရီးယားပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အီရန်နိုင်ငံ၏အခန်းကဏ္ဍတို့ကို မော်စကိုမြို့၌ တနင်္လာနေ့တွင် ပြောဆို ဆွေးနွေးခဲ့ကြသည်။

ဒါ့အပြင် နိုင်ငံခေါင်းဆောင်နှစ်ဦးသည် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသလို ဆီးရီးယားပြည်တွင်းရေး၊ အစ္စရေး နှင့်ပါလက်စတိုင်းကြားရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အပါအ၀င် နိုင်ငံတကာနှင့် ဒေသတွင်းပြသနာများကို အလေးထားပြောဆိုခဲ့ကြကြောင်း ရုရှားအစိုးရဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။

Read more

အမေရိကန် စစ်လေယာဉ်နှင့် ငါးပေမျှ အကွာထိ ရုရှားတိုက်လေယာဉ် ချဉ်းကပ်ခဲ့ဟု အမေရိကန်စွပ်စွဲ

ရုရှား တိုက်လေယာဉ် တစ်စီးသည် အမေရိကန် စစ်လေယာဉ် တစ်စီးနှင့် ငါးပေ အကွာထိ အလွန်နီးကပ်စွာ ချဉ်းကပ် ပျံသန်းခဲ့ကြောင်း အမေရိကန် စစ်ဘက်က စွပ်စွဲ ပြောကြားလိုက်သည်။

Read more