မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူ

 

(၃၁-၁-၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းတွင် မြင်းခြံမြို့ ဆန္ဒ​တော်​ပြည့်ဘုရားအတွင်းပြုလုပ်​​သော (၁၅)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းသပိတ်လုံးလောင်းလှူပွဲတွင်​ ကြွ​ရောက်​​တော်​မူ​သော သံဃာ​တော်​အပါး(၁၉၀၀)​ကျော်တို့ အနက်​မှ သံဃာ​တော်​ အပါး(၅၀)အား မြင်းခြံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိသားစုမှ ဆွမ်းသပိတ်လုံးများ လောင်းလှူခဲ့ကြပါသည်။ ဆွမ်းသပိတ်လုံး      လောင်းလှူပွဲသို့မြင်းခြံခရိုင်မှပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမာခံများတက်​​ရောက်​ခဲ့ကြပြီး သံဃာ​တော်​တစ်​ပါးလျှင်​​ ​ငွေကျပ်​(၁၅၀၀၀ိ/-)ခန့်​တန်​ဖိုးရှိ        လှူဖွယ်​ပစ္စည်းနှ​င့်​​ငွေသားများလှူဒါန်းခဲ့ပြီး သံဃာ​တော်​အပါး(၅၀)ခန်​အတွက်​ စုစု​ပေါင်း(၇၅၀၀၀၀ိ/-)ခန့်​လှူဒါန်းခဲ့​ပါသည်​။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၃)တွင် ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း သင်ခန်းစာပို့ချ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၃)အား ယနေ့ မွန်းလွဲ ၃နာရီတွင် ဆက်လက်ပို့ချလျက်ရှိရာ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းက ‘Human Right And Human Security’ ခေါင်းစဉ်ဖြင့် သင်ခန်း စာများကိုပို့ချခဲ့ကြောင်း သိရသည်။

ရဲဝင်း(နေပြည်တော်)


Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Peace and Development ဖောင်ဒေးရှင်းဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Peace and Development ဖောင်ဒေးရှင်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Madam Yu Xiaoxuan ခေါင်းဆောင်သည့် အဖွဲ့ဝင်ကိုးဦးပါ ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်      ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် China Peace and Development ဖောင်ဒေးရှင်း၏ ပရဟိတလုပ်ငန်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ချစ်ကြည်ရေးတိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်  ရေးလုပ်ငန်းများကို နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

Read more

ရုတ်တရက်သေဆုံးသွားသော ကီးဘုတ်ဆရာအတွက် ကျန်ရစ်သူမိသားစုအား ပြည်ခိုင်ဖြိုးပါတီမှထောက်ပံ့ငွေပေးအပ်

 

ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလှုပ်ရှားမှု တတိယ အကြိမ် ထမနဲထိုးပြိုင်ပွဲတွင် လာရောက်တီးခတ်ဖျော်ဖြေပေးသော ကီးဘုတ်ဆရာ ကိုဝင်းလွင်သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော်က ထမင်းစားပြီး ခေတ္တအနားယူနေစဉ် ရုတ်တရက်သေဆုံးသွားခဲ့သည်။

Read more

မိုင်းဆတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလာင်းလှူ

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)မိုင်းဆတ်​မြို့၊ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ခရိုင်​/မြို့နယ်​​ကော်​မတီဝင်​များ၊အမျိုးသမီး​ရေးရာအဖွဲ့တို့ ပူးပေါင်း၍ (31•1•2018)ရက်နေ့ နေ့လည်(1:00 )အချိန်တွင် မိုင်းဆတ်မြို့ပရဟိတ​ကျောင်းတိုက်၌ သံဃာတော်အရှင်​သူမြတ်​ အပါး (၃၈၀)ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီအခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

ယနေ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မိုးညုင်းမြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နန်းမားဒေသလူငယ်ရေးရာနှင့် အမျိုးသမီးရေးရာအဖွဲ့မှကြီးမူးဖွင့်လှစ်သော အခြေခံအပ်ချုပ်စက်ဖွင့်ပွဲအခမ်းအနားကျင်းပရာ ခရိုင်ဥက္ကဌဦးစိန်ဝင်းထွန်း ခရိုင်ကော်မတီဒေါ်ဝင်းဝင်းတင် မြို့နယ်ဥက္ကဌဦးလှမိုင်၊ အမျိုးသမီးတာဝန်ခံ ဒေါ်နှင်းနှင်းထွေး၊ ကော်မတီဝင် ဒေါ်သန္တာဝင်းမောင် ၊ဦးတင်ညွန် ၊      နမ္မားတာဝန်ခံ ဦးခိုင်ဇော်ထွန်းနှင့် အရန်ကော်မတီများ ရပ်ကျေးဥက္ကဌများ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

Read more

“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ထမနဲ ထိုးပွဲ ကျင်းပ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ထမနဲ ထိုးပွဲ ကိုယနေ့နံနက် ၈နာရီ၃၀မိနစ်တွင်ပါတီဌာနချုပ်၌ကျင်းပရာ ပါတီဥက္ကဌ ဦးသန်းဌေး၊ဒုတိယဥက္ကဌ ဦးမြတ်ဟိန်း၊အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့်ဗဟိုအတွင်းရေးမှူးများ၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတက်ရောက်အားပေးခဲ့ပါသည်။


Read more

ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီ မြန်​မာ့ရိုးရာထမင်းနဲပွဲဆင်​နွှဲကျင်းပ။

 

ရန်​ကုန်​တိုင်း​ဒေသကြီး ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ ပြည်​ခိုင်​ဖြိုး ပါတီမှ နှစ်​စဉ်​ကျင်းပပြုလုပ်​​နေကြဖြစ်​​သော မြန်​မာ့ရိုးရာထမင်းနဲပွဲကို ယ​နေ့ည​နေ၄နာရီက မြို့နယ်​ ပါတီရုံး၌ ရပ်​ကွက်​ ​ပေါင်း  (၂၇)ရပ်​ကွက်​မှ အုပ်​စု (၄)စုခွဲ၍ ​ပျော်​ရွှင်​စွာဖြင့်​ ပြိုင်​ပွဲဝင်​ဆင်​နွှဲခဲ့ကြပါသည်​။ ဆုရရှိသည့်​ရပ်​ကွက်​များအား မြို့နယ်​ ပါတီဥက္ကဌဦးခင်​​မောင်​​ဇော်​နှင့်​ မြို့နယ်​ ပါတီ အတွင်း​ရေးမှူး ဦးသန်းစိုး တို့မှ ဆုများချီးမြှင့်​ခဲ့​ကြောင်း သိရှိရပါသည်​။
# Mlyl

Read more

ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး မှကြီးမှူးကျင်းပသော ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ထမနဲထိုးပြိုင်ပွဲအား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီး ခရိုင်အတွင်းရှိမြို့နယ်များဖြစ်သည့် ပဲခူးမြို့နယ် ၊ ညောင်လေးပင်မြို့နယ် ၊ ဝေါမြို့နယ် ၊ ကျောက်တံခါးမြို့နယ် ၊ သနပ်ပင်မြို့နယ် ၊ က၀မြို့နယ် ၊ ဒိုက်ဦးမြို့နယ် ၊ ရွှေကျင်မြို့နယ် တို့မှ ပါတီဝင်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

Read more

(၃၀.၁.၂၀၁၈)ရက်​​နေ့ ည​နေ(၄)နာရီအချိန်​က မန္တ​လေးတိုင်း​ဒေသကြီးပါတီရုံး၌ကျင်းပပြုလုပ်​​သော မန္တ​လေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ၏ မြန်​မာ့ရိုးရာထမနဲ့ထိုးပြိုင်​ပွဲနှင့်​ဆုချီးမြှင့်​ပွဲပုံရိပ်​များ

 

ပထမ – မဟာ​အောင်​​မြေ
ဒုတိယ – အမရပူရ
တတိယ – ပုသိမ်​ကြီး
နှစ်​သိမ့်​ဆုများ – 
အောင်​​မြေသာစံ
ချမ်း​အေးသာစံ
ပြည်​ကြီးတံခွန်
ချမ်းမြသာစည်


Read more