သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ထမနဲထိုးပြိုင်ပွဲကျင်းပ

 

သရက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ရက်မွန်းလွဲ ၃နာရီက မြို့နယ်ပါတီရုံး ရှေ့၌ ကျင်းပခဲ့သည်။ပြိုင်ပွဲသို့ အမျိုးသားအသင်းများအပြင်အမျိုးသမီးအသင်း စုစုပေါင်း အသင်းခြောက်သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရအသင်းများနှင့် ဝန်းရံပါဝင်ကူညီခဲ့ကြသူများကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များက         ဂုဏ်ပြုဆုငွေနှင့် လက် ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Read more

ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်၌ ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်၊ ရပ်/ကျေးပုံမှန်အစည်းအဝေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Read more

အာင်မြေသာယာရွှေစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ ====================================

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အောင်မြေသာယာရွှေစေတီတော်မြတ်ကြီးတွင် (၂၄)ကြိမ်မြောက် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်အပါး ၁၆၅ ပါးတို့အား     ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီ တွင် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကျင်းပ ခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)


Read more

သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးသင်တန်းအမှတ်စဉ်(၂)ဖွင့်လှစ်

 

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁နာရီတွင် သာကေတမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်စိုး၊ ခရိုင်ပါတီကော်မတီ ဝင်အောင်ကျော်မိုး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးညွှန့်ဖေနှင့် မြို့နယ်ကော် မတီဝင်များ၊ သင်တန်းသားသင် တန်းသူများ တက်ရောက်ကြ သည်။

Read more

အမေရိကန်ပြည်ထောင်စုတလွှား တုပ်ကွေးလူနာ ၂၅ ရာခိုင်နှုန်းထိ မြင့်တက်

Friday, February 2, 2018

အမေရိကန်ပြည်ထောင်စုတလွှားမှာ တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိပြီး ဂျော်ဂျီယာပြည်နယ် ဆေးရုံတရုံမှာ တုပ်ကွေးလူနာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက်က အတ္တလန္တာမြို့ ဂရေဒီ အောက်မေ့ဖွယ်ဆေးရုံမှာ တိုးမြှင့်လာတဲ့ တုပ်ကွေးလူနာတွေကို ကုသဖို့ အရေးပေါ် ယာယီဆေးကုသဆောင်ကို ဖွင့်လှစ်ခဲ့ပါတယ်။

Read more

ရုရှား၌ လေယာဉ်တစ်စီးပေါ် မီးလောင်မှုကြောင့် ခရီးသည်များကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရ

ရုရှား၌ ခရီးသည်တင် လေယာဉ်တစ်စီးတွင် မီးလောင်မှုကြောင့် ခရီးသည်များကို အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီ ၃၁ ရက်က ဖြစ်စဉ်တွင် Aeroflot လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် SU1183 လေယာဉ်ပေါ်၌ မတော်တဆ မီးလောင်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်ရှိ ဖုန်းဓာတ်အားသွင်းသော နေရာမှ မီးစလောင်ပြီး မီးခိုးလုံးများ အူထွက်နေပုံကို ခရီးသည် အချို့က ဖုန်းဖြင့် ဗီဒီယို မှတ်တမ်းတင်ထားခဲ့သည်။

Read more

ကျူးဘားသမ္မတဟောင်း ဖီဒယ်ကတ်စ်ထရို၏ သားဖြစ်သူ မိမိကိုယ်မိမိအဆုံးစီရင်

ဟာဗားနား၊ ကျူးဘား၊ ဖေဖေါ်ဝါရီ ၂

ကွယ်လွန်သူ ကျူးဘားသမ္မတဟောင်း ဖီဒယ်လ်ကတ်စ်ထရို၏ အကြီးဆုံးသားဖြစ်သူသည် စိတ်ကျရောဂါ ဝေဒနာအား လပေါင်းများစွာကြာအောင် ကုသမှုခံယူနေခဲ့ပြီးနောက် ကြာသာပတေးနေ့က မိမိကိုယ်မိမိ အဆုံးစီရင် သွားခဲ့ကြောင်း ကျူးဘားနိုင်ငံပိုင်သတင်းဌာနက သတင်းတင်ပြခဲ့သည်။

နိုင်ငံပိုင်သတင်းမီဒီယာ၏ အဆိုအရ ဖီဒယ်လ်ကတ်စ်ထရို ဒိုင်ယက်ဇ်ဘယ်လာ့တ် သည် စိတ်ကျရောဂါကို အလွန်အမင်း ခံစားနေခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီဟု သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားသို့တက်ရောက်

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယ​နေ့ ၀၉ :၀၀ နာရီတွင်မ​ကွေးမြို့နယ်​ ​ရွှေ​ကျော်​ကျေးရွာ၌ ကျင်းပပြုလုပ်​ခဲ့သော ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့         တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မ​ကွေးတိုင်း​ဒေသကြီးပါတီ ဥက္ကဌဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်းပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်းဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း တိုင်းစည်းရုံး​ရေးတာဝန်​ခံ ဦးဟန်​​မောင်​၊ ဦး​စောဝင်း​မောင်​၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​နှင့့် ခရို​င်​​ကော်​မတီဝင်​များ၊မ​ကွေးမြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့်​ ​​ကော်​မတီဝင်​များပါတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး ပါတီဝင်​အဆိုပြုလွှာ(၁၄၉)​စောင်​နှင့်​ ပါတီဝင်​​ကြေး(၁၄၉၀၀၀ိ/_) ​ပေးအပ်​ခဲ့ကြပါ​သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကန်ကြီးထောင့်မြို့နယ်        ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးချစ်လွင်နှင့် ရပ်/ကျေးပါတီဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နှင့် ညီအစ်ကိုမောင်နှမ မိသားစုများ လိုက်ပါလျက် ယမန်နေ့       နံနက် ၁ဝ နာရီတွင် ဆပ်ကွင်းကျေးရွာ ကုစ္ဆာ သယမဟာဓမ္မပါလကျောင်းတိုက် သို့ရောက်ရှိပြီး ကျောင်းတိုက်ကြီး ၏ဦးစီးပဓာနနာယက သက်တော် ရှည်ဆရာတော်ကြီး ဦးဥတ္တမသာရ အား သွားရောက်ဖူးမြော်ကြည်ညို သည်။

Read more