ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များအားတွေ့ဆုံ

နေပြည်တော်၊ မေ ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က မြို့နယ်ကော် မတီဝင်များနှင့် အရန်ကော်မတီဝင်များအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

Read more

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာမည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၂ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင် အောင်စာရင်းများကို သက်ဆိုင်ရာစာစစ် ဌာနများအပြင် အထက(၁) အင်းစိန်၊ အထက(၁) ရန်ကင်း၊ အထ က(၃)ကမာရွတ်၊ အထက(၁) လမ်းမတော်၊ အထက(၂)ဒဂုံ၊ အထက(၁) သင်္ဃန်းကျွန်းတို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အား လုံး၏အောင်စာရင်းများ ထုတ် ပြန်မည်ဖြစ်သည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာန မြန်မာနိုင် ငံစာစစ်ဦးစီးဌာန ၀က်ဘ်ဆိုက် (www.myanmarexam.com) ၌ တစ်နိုင်ငံလုံးရှိ အောင်စာရင်းများကို ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Read more

ပင်လုံညီလာခံ ထပ်မံ ရွှေ့ဆိုင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံတတိယအစည်းအဝေးကို မူလကသတ်မှတ်ထားတဲ့ မေလ ကုန်မှာ ကျင်းပဖို့ မဖြစ်နိုင်တော့ဘဲ ဇွန်လကုန်ပိုင်းလောက်မှာမှ ကျင်းပဖွယ်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုပါတယ်။ ဒီလို ညီလာခံ ကျင်းပဖို့ ကြန့်ကြာနေတာဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား မပြေလည်မှုတွေ ရှိနေတာကြောင့် ဖြစ်ပြီး ဒါတွေကို အလေးထားညှိနှိုင်းဖို့ လိုအပ်နေကြောင်း နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Read more

နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်စေဖို့ ဆိုရှယ်မီဒီယာကို စောင့်ကြည့်တာဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပြော

ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးဟာ နိုင်ငံအချုပ်အခြာအာဏာကို မထိခိုက်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။

နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ အစိုးရရဲ့ ဒုတိယတစ်နှစ်တာကာလ လုပ်ဆောင်ချက် သတင်းစာ ရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

Read more

လူငယ်​ညီလာခံအကြို လူငယ်​ပါတီဝင်​များ နှီး​နှောဖလှယ်​ပွဲ မ​ကွေးတိုင်း​ဒေသကြီးတွင်​ကျင်းပ

မေ၊ ၂၂

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဝင်​လူငယ်​များ ​တွေ့ဆုံနှီး​နှောဖလှယ်​ပွဲကို တိုင်း​ဒေသကြီးပါတီအစည်း​အ​ဝေးခန်းမတွင်​ ယနေ့ (၂၂.၅.၂၀၁၈)တွင် ကျင်းပပြုလုပ်​ခဲ့သည်​။အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခဲ့ကြပြီး ပါတီဝင်​လူငယ်​များက ပြည်ခိုင်ဖြိုးလူငယ် သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။

Read more

တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ်တင်ခြင်းနှင့် တွေ့ဆုံပွဲ

တမူးပြည်​ခိုင်​ဖြိုး၊ ( ၂၁ -၅ -၂၀၁၈ )

တမူးပြည်​ခိုင်​ဖြိုးပါတီ ခရိုင်​ဥက္ကဌ ဦးခင်​​မောင်​​ရွှေ၊ မြို့ နယ်​ပါတီဥက္ကဌ ဦးမြင့်​​အောင်​၊ အတွင်း​ရေးမှူး ဦး​ဇော်​မင်း၊ ​ကော်​မတီဝင်​ ဦး​လေးဝင်း၊ ​စော်​ဘွားရပ်​ကွက်​ ​ကော်​မတီဝင်​ ဦးနိုင်​သူဝင်းတို့သည်​ တမူးမြို့ နယ်​ ဝိတုတ်​​ကျေးရွာအုပ်​စု ပါတီဆို​င်းဘုတ်​အသစ်​တင်​ခြင်း​နှင့်​​တွေ့ ဆုံပွဲသို့  တက်​​ရောက်​အား​ပေးပါသည်​။

Read more

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း၊ မေ ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာအုပ်စု သရက်ကုန်းရွာတွင် ယနေ့ နံနက် ၈ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာဥက္ကဋ္ဌ ဦးသန်းဦးနေအိမ်တွင် ပါတီရုံးခန်းနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပါတီကော်မတီဝင် ဦးမောင်မောင်သူ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြစိုး၊ စည်းရုံးရေးမှူး ဦးကျာ်မင်းထွဋ်၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းဦး၊ ရပ်မိရပ်ဖ ဦးတင်ငွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

Read more

ပရိသတ်က ပေးတဲ့ ဆုတစ်ဆု ထပ်မံ ရရှိခဲ့ပြန်တဲ့ မိုဟာမက်ဆာလာ

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းမှ ပရိသတ်များ ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကို လီဗာပူးအသင်းရဲ့ တိုက်စစ် မှူး မိုဟာမက်ဆာလာက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုဆုကိုတော့ အွန်လိုင်း စနစ်နဲ့ မဲပေးရွေးချယ်စေခဲ့တာ ဖြစ်ပြီး ဆာလာက မဲအရေအတွက် ၈၉ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသာစီးရ ယူနိုင်ခဲ့တာလို့လည်းသိရပါတယ်။

Read more

အမ်မရီကိုနည်းပြသစ်အဖြစ်အာဆင်နယ်ခန့်အပ်ဖို့ရှိနေ

အာဆင်နယ်အသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ပီအက်စ်ဂျီနဲ့မကြာသေးခင်က လမ်းခွဲထားတဲ့ အမ်မရီကို ခန့်အပ်တော့မယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ အာစင်ဝင်းဂါးရဲ့နေရာမှာအစားထိုးဖို့နည်းပြအတော်များများကို ဆက်သွယ်ခဲ့ပြီး အစောပိုင်းမှာ အာတီတာကို ခန့်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။

ဒါပေမယ့် အသင်းရဲ့လက်ရှိကစားသမားအချို့က အာတီတာကိုခန့်မယ့်အပေါ် မေးခွန်းထုတ်ခဲ့တာကြောင့် ဖြစ်မလာခဲ့ပါဘူး။ အာဆင်နယ်ဟာ ရည်ရွယ်ထားတဲ့သူအားလုံးကို တွေ့ဆုံပြီးချိန်မှာ အမ်မရီကိုဘဲခန့်အပ်ဖို့ စီစဉ် လိုက်တာဖြစ်ပါတယ်။

Read more