ဟယ်ရီကိန်းကို အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်

အင်္ဂလန်နည်းပြဆောက်ဂိတ်က တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာသွားလိုက်သည်။

ဟယ်ရီကိန်းမှာ စပါးဒုတိယအသင်းခေါင်းဆောင်လည်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ရခြင်းဖြစ်သည်။ ၄င်းမှာ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၃၀ သွင်းယူပြခဲ့ပြီး ၄င်းရာသီမတိုင်မီ ပရီးမီးယားလိဂ်ရွှေ့ဖိနပ်ဆုကို ၂ရာသီဆက်တိုက်ရယူခဲ့သူဖြစ်သည်။

နည်းပြဆောက်ဂိတ်က ကိန်းမှာ ဂိုးသွင်းကောင်းသည့် ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဖြစ်သည့်အပြင် အသင်းကို ဦးဆောင်နိုင်စွမ်းရှိခြင်းကြောင့် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်ခြင်းဖြစ်သည်ဟု ပြောသွားခဲ့သည်။

Read more

ကျောက်တန်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ထပ်မံဖွင့်လှစ်

 

ရန်ကုန်၊ မေ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရမည်းသင်းမြို့နယ် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ရမည်းသင်း၊ မေ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မ တီဝင်များသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်ဆွယ်အုပ်စု ကန်မြင့်ကျေးရွာတွင် ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မုံရွာ၊ မေ – ၂၁

 စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ နှင့် ခရိုင်မီဒီယာတာဝန်ခံများ အစည်းအဝေးကို ယမန်နေ့နံနက် ( ၉ ) နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ လမ်းညွှန်ချက် များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

Read more

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်း ဖွင့်လှစ်

မြန်အောင်၊ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်ပါတီရုံးခန်းမ၌ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်းအား ယမန်နေ့နံနက် ၉ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Read more

ကင်ဂျုံအမ်းနှင့်တွေ့ဆုံမည့် ထိပ်သီးစည်းဝေးပွဲ နှောင့်နှေးနိုင်ဟု ထရမ့်ပြောဆို

ဝါရှင်တန်၊ အမေရိကန်၊ မေ ၂၃

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအမ်းနှင့်အတူ စင်္ကာပူ၌ လာမည့်လတွင် တွေ့ဆုံရန်စီစဉ်ထားသော ထိပ်သီးစည်းဝေးပွဲသည် စီစဉ်ထားသည့်အချိန်အတွင်း ဖြစ်ပေါ်လာနိုင်မည့်ပုံ မပေါ်ကြောင်း အင်္ဂါနေ့ကပြောဆိုခဲ့ သည်။

“ဂျွန်လ ၁၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့စီစဉ်ထားပေမယ့် ဖြစ်ပေါ်လာနိုင်မယ့်ပုံမပေါ်ပါဘူး” ဟု ထရမ့်က ပြောဆိုခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းအနေဖြင့် နျူကလီးယားဖျက်သိမ်းမှု ကိစ္စကို အလေးထားလုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

Read more

မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေး

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ မေလ ၂၂ ရက်နေ့မှာ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး (MACC) ဌာနချုပ်ကို ရောက်လာပြီး စစ်မေးမှုကို ရင်ဆိုင်နေရပါတယ်။

သူ့ဘဏ်စာရင်းထဲကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း သံသယဖြစ်ဖွယ် လွှဲပြောင်းမှုကို ရှင်းပြဖို့ MACC က အမိန့်ထုတ်ခဲ့တာပါ။

Read more

ထိုင်းစစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် စစ်အစိုးရကို မနေ့ကဆန့်ကျင်ဆန္ဒပြ

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တာ လေးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စစ်အစိုးရဆန့်ကျင်ဆန္ဒပြ ချီတက်ပွဲတရပ် မနေ့က ကျင်းပခဲ့ရာမှာ ထိုင်းရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီး၊ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ရွေးကောက်ခံဝန်ကြီးချုပ် ယင်လပ် အစိုးရကို စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့ပြီး၊ နိုင်ငံရေးအရ စုဝေးတာတွေကို တားမြစ်ခဲ့ပေမဲ့၊ နိုင်ငံတွင်းမှာ မကျေနပ်မှုတွေက တအုံ့နွေးနွေးဖြစ်နေခဲ့ပါတယ်။

Read more

မူးယစ်သမားတွေ အသက်ရှည်ချင်ရင် လာအဖမ်းခံပြီး ထောင်ထဲမှာနေဖို့ ဒူတာတေးပြော

အင်္ဂါနေ့က ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ မှုးယစ်ဆေးဝါးအမှုများနဲ့ ကျော်ကြားနေသူတွေကို အသက်ရှည်ရှည်နေချင်ရင် လာ အဖမ်းခံဖို့ ထောင်ထဲမှာနေမှ အသက်ရှည်မှာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

သမ္မတ အနေနဲ့ မည်သူမည်ဝါဆိုတာ နာမည်ထုတ်ဖေါ်ပြောဆိုတာမျိုးမဟုတ်ပေမဲ့ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆီဘူးမှာ ရှိတဲ့ မှုးယစ်ဆေးဝါးကုန်ကူးပြီး ကြွယ်ဝချမ်းသာလာသူတွေကို ရည်ညွှန်း ပြောဆိုတာဖြစ်ပါတယ်။ သူက မင်းတို့ အသက်ရှည်ရှည်နေချင်ကြသလား၊ ထောင်ထဲမှာလာနေကြ၊ အပြင်ကို မထွက်ကြနဲ့ မင်းတို့ကျန်းမာရေး အတွက် အခြေအနေမကောင်းဘူးလို့ ပြောဆိုပါတယ်။

Read more

မကွေးတိုင်းဒေသကြီး လူငယ်တွေ့ဆုံပွဲ မကွေးတိုင်းပြည်ခိုင်ဖြိုးလူငယ်များ၏ ရင်တွင်း စကားသံများ

မမေဇင်သော်အောင်
မင်းတုန်းမြို့နယ် (ပြည်ခိုင်ဖြိုးလူငယ်)

Read more