အမရပူရမြို့နယ် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးပုံမှန်​အစည်းအ​ဝေးအား (၉.၇.၂၀၁၈)ရက်​​နေ့ နံနက်​(၉)နာရီတွင်​ မြို့နယ်​ပါတီရုံး၌ကျင်းပပြုလုပ်​ရာ မြို့နယ်​ပါတီအတွင်း​ရေးမှူး​ဒေါ်​စောမြိုင်​နှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌများတက်​​ရောက်​ခဲ့ကြပါသည်​။ အဆိုပါအစည်းအ​ဝေးတွင်​ ပါတီဝင်​အင်​အားတိုးတက်​​ရေးကိစ္စ၊ နယ်​​မြေကွင်းဆင်း​ရေးကိစ္စ၊ ပြည်​သူ့ကျိုးပြုလုပ်​ငန်းများ​ဆောင်​ရွက်​နိုင်​​ရေးကိစ္စနှင့်​ လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများအား ​ဆွေး​နွေးခဲ့ကြပါသည်​။


Read more

တောင်သူလယ်သမားရေးရာ တာဝန်ခံများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တောင်သူလယ်သမားရေးရာ တာဝန်ခံများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ တာဝန်ခံများအနေဖြင့် တောင်သူလယ်သမားများ၏ အခက်အခဲများအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တက်သော ရေကြီးမှုပြဿနာများအား ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ကြရန်နှင့် ဗဟိုပါတီရဲ့ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်တောင်သူလယ်သမားရေးရာတာဝန်ခံမှ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး၊ ခရိုင်(၂) ခရိုင်မှ တောင်သူလယ်သမားရေးရာတာဝန်ခံမှ လိုအပ်သည်များအား တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး (၁၀) မြို့နယ်မှ ရေးရာတာဝန်ခံများမှ ဆက်လက်တင်ပြဆွေးနွေးရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်ရှင်းဆွေးနွေးခဲ့ပြီး မွန်းလွဲ ၁၂း၁၅ နာရီချိန်တွင် ညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့သည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး နိုင်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြသင်​တန်း အမှတ်​စဉ်​(၅) သင်​တန်းဖွင့်​ပွဲအခမ်းအနား တက်​​ရောက်​မိန့်​ခွန်း​ပြောကြား

 

နေပြည်​​တော်​၊ ဇူလိုင်​ ၉

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့ ဇူလိုင်​လ ၉ ရက်​​နေ့ နံနက်​ ၉နာရီခွဲအချိန်​တွင်​ ​နေပြည်​​တော်​ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်​ သင်​တန်း​ကျောင်းခန်းမ၌ ဖွင့်​လှစ်​သည့်​ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်း အမှတ်​စဉ်​ (၅) သင်​တန်းဖွင့်​ပွဲအခမ်းအနားသို့တက်​​ရောက်​၍ အဖွင့်​မိန့်​ခွန်း​ပြောကြားခဲ့သည်​။

အဆိုပါဖွင့်​ပွဲအခမ်းအနားတွင် နိုင်​ငံ​တော်​အလံအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းစု​ပေါင်းသီဆိုဖွင့်​လှစ်​ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးမှ အဖွင့်​အမှာစကား​ပြောကြားခဲ့သည်​။

Read more

ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံ(၂၀၁၈)၊ လေ့လာရေးခရီးစဉ်များ အတွေ့အကြုံရှင်းလင်းပွဲနှင့် မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်အစည်းအဝေးကျင်းပ

 

Read more

ညောင်​ဦးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ အလံတင်​ အခမ်းအနားကျင်းပခြင်း

 

ညောင်​ဦးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အလံတင်​အခမ်းအနားကို (၉.၇.၂၀၁၈) ရက်​​နေ့ တွင်​ကျင်းပခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီတိုင်း​ကော်​မတီဝင်​ ​ညောင်​ဦးခရိုင်​ နယ်​​မြေတာဝန်​ခံ ဦးသန်း​ဌေး၊​ညောင်​ဦးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ အတွင်း​ရေးမှူး ဦး​အောင်​​ဇော်​မင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊​ညောင်​ဦးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ အတွင်း​ရေးမှူး ဦး​အောင်​ဆန်းဦးနှင့်​ မြို့နယ်​​ကော်​မတီဝင်​များနှင့်​ ရပ်​​ကျေးပါတီ ​ဝင်​များတက်​​ရောက်​၍ ပြည်​ခိုင်​ဖြိုးပါတီ အလံတင်​အခမ်းအနားကို ​အောင်​မြင်​စွာ ကျင်းပခဲ့ပါသည်​ ။


Read more

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားနှင့်နိုင်ငံရေးစကားဝိုင်း

 

၈.၇.၂၀၁၈ ရက်နေ စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တပ်ကြီးကျေးရွာ ရပ်ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သီဂီ င်္အောင်၊ ခရိုင်ကော်မတီဝင် ​ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံး ၊အတွင်း​ရေးမှူး ဦးထွန်းနိုင်​နှင့်​​ကော်မတီဝင်များ ရပ်ကျေးပါတီအဖွဲ့ များနှင့်အတူ တက်ရောက်ခဲ့ပြီး မင်္ဂလာအချိန်မှာ ပါတီဆိုင်းဘုတ်တင်ခြင်း တက်ရောက်သူများနှင့်နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်း စုပေါင်း၍ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Read more

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ နေပြည်တော်တွင် ကျင်းပခဲ့သည့် လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် သစ်တိန်းကျေးရွာအုပ်စု ပါတီဆိုင်းဘုတ် အသစ်တင်

 

ပါတီဆိုင်းဘုတ်အသစ်တင်အခမ်းအနားသို့ ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေးနှင့် ခရိုင်ကော်မတီဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးနေလင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ နယ်မြေတာဝန်ခံ ဦးမှူး၊ သစ်တိန်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌနှင့်ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များနှင့်ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရှိရပါသည်။

Kyaw Minn Soe


Read more

ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ​ သံဖြူဇရပ်​မြို့နယ်​ ​​ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံကာ လမ်းညွှန်​အမှာစကား​ပြောကြား

 

Read more

ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဆိုင်းဘုတ်နှင့် အလံသစ်တင်ပွဲကျင်းပ

 

ဒက္ခိဏသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယနေ့နံနက် ၉ နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း ရပ်ကွက်၌ ပါတီဆိုင်းဘုတ်သစ် နှင့်ပါတီအလံသစ်လွှင့်တင်ပွဲအခမ်း အနားကျင်းပခဲ့ကြောင်း သိရသည်။

Read more