ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီကပြုလုပ် သည့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင် များနှင့်တွေ့ဆုံပွဲကို ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦး အောင်ကြည်သိန်းတက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီဥက္ကဋ္ဌက မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာပါတီ ဥက္ကဋ္ဌများအား လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။

Read more

မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံထောက်ပံ့

 

မလှိုင် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့်တွေ့ဆုံခြင်း ကျန်းမာရေးချို့တဲ့သော ပါတီဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ခြင်းများကို ယမန်နေ့ နံနက် ၈နာရီမှ စတင်၍ ညနေထိပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

ဖြိုးစေတနာနယ်လှည့်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

 

ရန်ကုန် ဇူလိုင် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ ဖြိုးစေတနာနယ် လှည့်အခမဲ့ ကျန်းမားရေးစောင့် ရှောက်မှုအဖွဲ့သည်တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များကို ကျန်းမာရေးစောင့်ရှောက် မှုများပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဒေသခံပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက် မှုကို ယနေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တောင်ဥက္ကလာပမြို့ နယ် ၁၄/၁ ရပ်ကွက် အရိယဓမ္မ ရုံတွင် ဆောင်ရွက်ပေးခဲ့သည်။

Read more

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၈ ခုနှစ် ဒုတိယသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

လားရှိုး ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၈ ခုနှစ် ဒုတိယသုံးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက လားရှိုးမြို့ရှိ ပြည်နယ် ပါတီရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးတက် ရောက်လာသူများက နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနားဖွင့် လှစ်သည်။

Read more

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်အလံသစ်တင်အခမ်းအနားကျင်းပ

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်နှင့် အလံအသစ်တင်မင်္ဂလာအခမ်းအနားပွဲ ကို ယနေ့နံနက် ၉ နာရီက ဝေါမြို့နယ် ဘုရားပျိုကျေးရွာနှင့် နံနက် ၁ဝ နာရီက ကမာကဘန်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။

Read more

ပေါ်လင်ဟို ကိုဂွမ်ဇူးအသင်း အငှားနဲ့ ပြန်ခေါ်

တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ပေါ်လင်ဟိုကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြန်ခေါ်လိုက်ပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိတဲ့ ပေါ်လင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာကို ရောက်ရှိလာပြီး လာလီဂါနဲ့ စပိန်ဘုရင့်ဖလားတို့ကို ရခဲ့လို့ အောင်မြင်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမယ့် အသင်းဟောင်းကို ပြန်ပြီးပြောင်းရွှေ့သွားတာဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဟောင်း ကန်နဗာရိုနည်းပြနေတဲ့ ဂွမ်ဇူးအသင်းဟာ ပေါ်လင်ဟိုကို ကနဦးသဘောတူညီချက်အရ အငှားနဲ့သာ ခေါ်ထားပေမယ့် စူပါလိဂ် ရာသီကုန်ချိန်မှာ ပေါင် ၄၄.၂ သန်းနဲ့ အပြီးပြတ်ခေါ်ယူမယ်လို့ သိရပါတယ်။

Read more

စပိန်နည်းပြ ဖာနန်ဒိုဟီယာရို နုတ်ထွက်

၂၀၁၈ ကမ္ဘာ့ဖလားတွင် စပိန်အသင်းကို ဦးဆောင်ခဲ့သော ရီးရဲလ်နောက်ခံလူဟောင်း နည်းပြ ဖာနန်ဒိုဟီယာရို သည် နည်းပြရာထူးမှ နုတ်ထွက်ပြီး ၎င်း၏ ယခင်ရာထူးဖြစ်သော အသင်း၏ အားကစားညွှန်ကြားရေးမှူး ရာထူးကိုလည်း ပြန်လည်ရယူမည် မဟုတ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)က ဇူလိုင် ၈ ရက်၌ ကြေညာသည်။

Read more

ဂျာမနီအသင်းကနေနုတ်ထွက်ဖို့ အိုဇေးလ်ကို သူ့ဖခင်တိုက်တွန်း

ဂျာမနီအသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် ဝေဖန်မှုတွေ အပြင်းအထန်ခံခဲ့ရတဲ့ အိုဇေးလ်ကို ဂျာမနီလက်ရွေးစင်ဘ၀ကနေ အနားယူဖို့ သူ့ဖခင်က တိုက်တွန်းလိုက်ပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ တူရကီသမ္မတ အာဒိုဂန်နဲ့တွေ့ပြီး အငြင်းပွားစရာတွေ ဖန်တီးခဲ့တဲ့ အိုဇေးလ်ဟာ ခြေစွမ်းလည်း မပြနိုင်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ သူရဲ့ဖခင်ဖြစ်တဲ့ မူစတာဖာအိုဇေးလ်က “ကျုပ်သာ သူ့နေရာမှာဆို အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြီးသွားပါပြီလို့ ပြောမိမှာဘဲ။ သူဟာ ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။ ဒါဟာ ဘာကြောင့်လည်းဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ ဂျာမနီအတွက် ၉ နှစ်ကြာ ကစားခဲ့ပြီး ကမ္ဘာ့ဖလားကို အရယူပေးနိုင်ခဲ့သူလေ။ အခုကဒီလို မဟုတ်ဘဲ နိုင်ရင်တော့ အားလုံးနိုင်၊ ရှုံးရင်တော့ အိုဇေးလ်ကြောင့်လို့ ပြောနေကြတာဟာ စော်ကားသလိုပါဘဲ”လို့ ပြောသွားပါတယ်။ 

Read more

2018 ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကစားသမား အများဆုံး ပါဝင်နေ (Stats Zone)

ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပြီး ဆီမီးတက် 4 သင်းထဲမှာ ကစားသမား အများဆုံး စေလွှတ်ထားရတာကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကလည်း ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်အသင်းတို့ ဆီမီးတက်တာနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဘယ်လ်ဂျီယံ ဆိုတာကလည်း ပရီးမီးယားလိဂ်ကစားသမားတွေကိုပဲ အဓိက အခြေခံထားလို့ပါ။ ပရီးမီးယားလိဂ်က ကစားသမား 40 ဦးနဲ့ အများဆုံးဖြစ်နေပြီး အနီးစပ်ဆုံးဖြစ်တဲ့ လာလီဂါပြိုင်ပွဲကတောင်မှ 12 ဦးပဲ ပါဝင်တာကို တွေ့ရပါတယ်။

Read more