တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ ၅ ဦး သေဆုံး ၁ ဦး ဒဏ်ရာ ရရှိ

တောင်ကိုရီးယား နိုင်ငံ တွင် ဇူလိုင်လ ၁၇ ရက် တွင် ရဟတ်ယာဉ် ပျက်ကျခဲ့သည့် နေရာ အား မြင်တွေ့ရစဉ်
ဆိုးလ် ၊ ဇူလိုင် ၁၈ ရက်
Read more
တောင်ကိုရီးယား နိုင်ငံ တွင် ဇူလိုင်လ ၁၇ ရက် တွင် ရဟတ်ယာဉ် ပျက်ကျခဲ့သည့် နေရာ အား မြင်တွေ့ရစဉ်
ဆိုးလ် ၊ ဇူလိုင် ၁၈ ရက်
Read more
ယနေ့ (18-7-2018)(0930) အချိန် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြည်ည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ -၂၀၁၈ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တမ်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ (၃၂) ဦးနှင့် အနှစ်နာခံ ကြိုးစားအားထုတ် ကြိုးပမ်းသင်ကြားပေးခဲ့သည့် အထက်တန်းပြ ဆရာ/ဆရာမ (၁၈) ဦး တို့ကို ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကော်မတီဝင်များ စည်းရုံးရေးမှူးများ ကျောင်းသားမိဘနှင့်ဆရာ/မများ စုစုပေါင်းအင်အား (90)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။
Read more
ဇူုလိုင် ၊ ၁၈
ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ကျည်တောင်ခေါမရွာတွင် (၁၈.၇. ၂၀၁၈) ရက်နေ့ နံနက်ပိုင်းက ကျေးရွာ အ.ထ.က (၁၆) စာသင်ကျောင်းက ဦးစီးပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာသို့  မြို့နယ်ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဌ ဦးနိုင်ဦး ခေါင်းဆောင်သော ပါတီဝင်အဖွဲ့ များ သီဟသွေးလူငယ်များနှင့်ရပ်ကျေးအဖွဲ့  စုစုပေါင်း အင်အား(၅၀)ဦးဖြင့် ကျွန်းပင် (၁၂၀၀) စိုက်ပျိုးပွဲအား
တက်ရောက်ကူညီစိုက်ပျိုးပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
17-7-2018
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ဇူလိုင် (၁၇) ရက်နေ့ (၁၁း၀၀) အချိန်တွင် လပတ်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်အရန်ပါတီကော်မတီဝင် ဦးသံဒိုင်မှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးမိုးမြင့်မှ ရပ်/ကျေးပါတီဥက္ကဌများအနေဖြင့် မိမိကျေးရွာများတွင် တစ်ထောင့်တနေရာမှ လူထုအကျိုးကို အကောင်းဆုံးကူညီဆောင်ရွက်ကြရန်နှင့် အာဇာနည်နေ့အခမ်းအနားသို့ ချီတက်အလေးပြုရန်အတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ရပ်/ကျေးပါတီဥက္ကဌများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ပြည်နယ်အရန်ပါတီကော်မတီဝင်/ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဌများ အပါအဝင် စုစုပေါင်းအင်အား (၅၅) ဦးတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့ (၁၈.၇. ၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ပါတီဥက္ကဌ ဦးစိုင်းသန်းဝင်းနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်အတွင်းရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဥက္ကဌဦးစိုင်းရွှေထွန်းမှ လုပ်ငန်းအစီရင်ခံစာအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး ပါတီဥက္ကဌမှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Read moreရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ အစည်းအဝေးပြုလုပ်ရာ (၁၇.၇.၂၀၁၈) ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း ရောက်ရှိလာပြီး သြဝါဒမိန့်ခွန်းစကားပြောကြားပြီး မိုင်းယောင်းမြို့နယ်အတွင်းရေးမှူး ဦးစိုင်းခမ်းလူးမှ လည်းကောင်း၊ မြို့နယ်၏ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး၊ မိုင်းဖြတ်မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရီတစ်မှလည်းကောင်း၊ မြို့နယ်၏ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ခရိုင်ဥက္ကဋ္ဌ ဦးညွန်ဝင်းမှ ခရိုင်၏ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော ပါတီကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းမှ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ညနေ (၄း၁၅) အချိန်တွင် ပြီးဆုံးကြောင်း သိရှိရပါသည်။
Read more
ရန်ကုန် ဇူလိုင် ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်စည်းရုံးရေးနယ်မြေသို့ ပါတီဗဟိုကော်မတီဝင်များဖြစ်ကြ သည့် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် (နယ်မြေ တာဝန်ခံ)ဒေါက်တာကျော်စိုးနှင့် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်တို့သည် ယခုလ ၁၅ ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်ပါတီရုံးသို့ရောက်ရှိပြီး လူ ငယ်ညီလာခံ(၂ဝ၁၈)အတွေ့အကြုံ ရှင်းလင်းပွဲနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်တားဆီးကာကွယ်ရေး အဘိတ်ဆေးခတ်၊ ခြင်ဆေးမှုတ် ခြင်းလုပ်ငန်းများကို တက်ရောက် အားပေးခဲ့ကြသည်။
ကချင် ဇူလိုင် ၁၇
ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက နိုင်ငံတော်အလံနှင့် ပါတီအလံသစ်တင်ပွဲအခမ်းအနား ကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးရှေ့၌ ကျင်းပခဲ့ရာ ခရိုင်ပါတီကော်မတီဝင် (ဗန်းမော် မြို့နယ်တာဝန်ခံ ) ဦးဇော်မင်းရင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးသက်ဝင်း၊ အတွင်းရေးမှူး ဦးစောမိုးကျော် နှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ အောင်ပြည်သာ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့ဝင် များ စုစုပေါင်း ၅ဝ တက်ရောက် ခဲ့ကြသည်။