အလံဒီဇိုင်းကို ခိုးမချသင့်ဟု ဩစတြေးလျကို နယူးဇီလန် ဝန်ကြီးချုပ် ဝေဖန်

ဩစတြေးလျ အနေဖြင့် မိမိတို့၏ အလံကို ပုံတူကူးနေခြင်းမှ ရပ်တန့်သင့်ပြီဟု နယူးဇီလန် ဝန်ကြီးချုပ်က ဝေဖန် ပြောကြားလိုက်သည်။
နယူးဇီလန်၏ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဝင်စတန် ပီတာစ်က အိမ်နီးချင်း နိုင်ငံ အနေဖြင့် ကွဲပြားသော အလံဒီဇိုင်းတစ်ခုကို အသုံးပြုသင့်ပြီဟု ဆိုသည်။ ဩစတြေးလျနှင့် နယူးဇီလန် အလံများမှာ ယူနီယံဂျက် သင်္ကေတကို အခြေပြုသည့် နောက်ခံ အပြာရောင် ဒီဇိုင်းများဖြင့် အလွန်နီးစပ် ဆင်တူနေကြသည်။














