ရုရှားအပေါ် ကန် ဒဏ်ခတ်ပိတ်ဆို့မှု တိုးချ

ရုရှား Kremlin နန်းတော်

 

ပြီးခဲ့တဲ့ မတ်လတုန်းက ဗြိတိန်နိုင်ငံမှာရှိတဲ့ ရုရှားသူလျှိုဟောင်း တဦးနဲ့ သမီးဖြစ်သူတို့ကို အဆိပ်ခတ်ခဲ့တဲ့အတွက် ရုရှားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ ရုရှားဟာ သူတို့လူမျိုးချင်း သေစေလောက်တဲ့ အာရုံကြော အဆိပ်ခတ်ခဲ့တာဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ရုရှားသလျှိုဟောင်း Sergei Skripal နဲ့ သမီး Yulia တို့နှစ်ဦး ဗြိတိန်နိုင်ငံ Salisbury မြို့က ခုံတမ်းတခုပေါ်မှာ သတိလစ်နေတာကို ရဲအရာရှိနှစ်ဦး က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Read more

မိုးကုတ်မြို့ ပြည်ခိုင်ဖြိုးပါတီ ၂၀၁၇/၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပါတီဝင်တို့၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

Read more

ညောင်ဦးမြို့တွင် အမှတ် (၅) ရပ်ကွက်မှ ပါတီဝင်အသစ် လျှောက်လွှာပေးအပ်ပွဲပြုလုပ်

ညောင်ဦး၊ သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက်တွင် ပါတီဝင်အသစ် ၅ဝ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ဝင်ရောက်ရန် ပါတီမိတ်ဆွေ ဒေါ်အုန်းကြည်နေအိမ်တွင် ယမန်နေ့ နံနက် ၁၁နာရီက စုပေါင်းလျှောက်လွှာပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

သံတွဲခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လူငယ်ခေါင်းများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်းမှ ပါတီဌာနချုပ်နှင့် ပြည်နယ်ပါတီ၏ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ဝက်လက်၊ သြဂုတ် ၇

Read more

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

မအူပင်၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ မအူပင်မြို့နယ် ပန်တပွတ်ကျေးရွာအုပ်စု ကျေးရွာပါတီကော်မတီဝင် ဦးဝင်းကြည်နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိ

ရွှေကျင်၊ သြဂုတ် ၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်ခင်ခင်ဝင်းနှင့် ခရိုင်/မြို့နယ်ပါတီမှ တာဝန်ရှိသူများ ဦးဆောင်သော တိုင်းဒေသကြီး ”သီဟသွေး” လူငယ်အဖွဲ့များသည် ယမန်နေ့နံနက် ပိုင်းက ရွှေကျင်မြို့နယ်အတွင်း ဇူလိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေကြီးခဲ့သော ကျေးရွာများသို့ ရေဘေးကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများပေးအပ် ခဲ့ကြောင်း သိရသည်။

Read more

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်ပါတီဥက္ကဋ္ဌမှ သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေး ထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး

နေပြည်တော်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးခဲ့သည်။

Read more

ပုခန်းကျောင်းတိုက်ဆရာတော်ကြီးအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးနှင့်ဒေါက်တာမြင့်သိန်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရွှေဘို၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပုခန်းကျောင်းတိုက်ဆရာတော် ဥူးဝိမာလအား ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ပါတီဗဟို အလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီအလုပ်အမှုဆောင် ရွှေဘိုခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးစိုးအေး၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြို့နယ်ကော်မတီဝင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူပြီး နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ဦးခင်မောင်စိုး တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာတာဝန်ခံများ နှင့် တွေ့ဆုံ

ရန်ကုန်၊ သြဂုတ် ၇

Read more