ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာရေးကူညီထောက်ပံ့မှုလုပ်ဆောင်

 

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်တာက မြို့နယ်သတင်းစာ ဆရာအသင်း ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဦး၏ မိခင် ဒေါ်အုန်းကြည် ကွယ်လွန်သွားသဖြင့် ယနေ့တွင် နာရေးကူညီထောက်ပံ့ငွေပေးအပ် ခဲ့သည်။

ကိုကျောက်တန်း


Read more

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းတာဝန်ခံဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ၊ ခမ်းပါတ်မြို့ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြား

 

တမူး၊ ဇူလိုင် (၈)

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်/ တမူးမြို့နယ် ခမ်းပါတ်မြို့ မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ခမ်းပါတ်မြို့ အမှတ်(၂)ရပ်ကွက် လူငယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးမှ တွေ့ဆုံအမှာ စကားပြောကြားခဲ့ပါသည် ။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

 

8-8-2018 နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များ၏ သား/သမီးများထဲမှ ၂၀၁၈ -၂၀၁၉ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်/ အထက်တန်း/ အလယ်တန်း/ မူလတန်း တက်ရောက်ပညာသင်ယူနေသာ ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း နှင့် ၂၀၁၇ – ၂၀၁၈ ခုနှစ်ပညာသင်နှစ်တွင် အထက်တန်းစာမေးပွဲအား ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လည် ၀၁း၀၀ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

မာဆယ်လိုနဲ့ ဂျူဗင်တပ်မှာပြန်ဆုံချင်နေတဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း မာဆယ်လိုကို ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့လာဖို့အတွက် တိုက်စစ်မှူး စီရော်နယ်ဒိုက စည်းရုံးနေကြောင်း အီတလီသတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၃၀ နှစ် အရွယ် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၀၇ ခုနှစ်ကတည်းက ဘရာဇီးကလပ် ဖလူမင်နိစ်ကနေ ရောက်ရှိနေခဲ့တာဖြစ်ပြီး အဓိကအကျဆုံး ကစားသမားတွေထဲမှာလည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ရယူနိုင်ခဲ့ရာမှာ ဘယ်တောင်ပံက မာဆယ်လိုရဲ့ စွမ်းဆောင်ရည်ကလည်း အများကြီးအရေးပါခဲ့ပြီး ရီးရဲလ်ဘယ်ခြမ်းမှာ စီရော်နယ်ဒိုနဲ့ အတွဲညီဆုံး ကစားနိုင်သူအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာပါ။

Read more

မီတာ ၁၀၀ ပြေးပွဲတွင် ဗြိတိန်အပြေးမယ် စံချိန်သစ်တင်ပြီး ချန်ပီယံဆု ရရှိ

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေတဲ့ ဥရောပချန်ပီယံရှစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဗြိတိန်အပြေးမယ် အက်ရှာစမစ်က စံချိန်သစ်တင်ပြီး ချန်ပီယံဆုရသွားပါတယ်။

အက်ရှာစမစ်ဟာ ဗြိတိန်စံချိန်အဖြစ် မီတာ ၁၀၀ ကို ၁၀.၉၂ စက္ကန့်နဲ့ စံချိန်တင်ထားတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ၁၀.၈၅ စက္ကန့်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။

Read more

မြန်မာကို အရေးယူဖို့ ကုလကို ဘင်္ဂလားဒေ့ရှ် တင်ပြ

( ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် Masud Bin Momen ကို တွေ့ရစဉ် )

ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည် လက်ခံရန် မြန်မာအစိုးရအနေနဲ့ လိုအပ်သလို လုပ်ဆောင်ခြင်း မရှိတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မနေ့က ပြောကြားလိုက်ပါတယ်။

Read more

အမေရိကန်သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမျိုးသမီးအရေအတွက် စံချိန်တင် မြင့်တက်

အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလ ကျင်းပမယ့် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးအရေအတွက်ဟာ စံချိန်တင် မြင့်တက်လာတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

အခုနိုဝင်ဘာမှာ ပြုလုပ်မယ့် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲဟာ အမေရိကန် အောက်လွှတ်တော် အမတ်နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာတွေအတွက် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

Read more

တရုတ်မှ အထည်အလိပ်သွင်းကုန် ၃၂ မျိုးကို အိန္ဒိယက အခွန်နှစ်ဆကောက်ခံမည်

အိန္ဒိယအစိုးရသည် ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းတိုးတက်စေရန်အတွက် တရုတ်မှ တင်သွင်းသော အထည် အလိပ်ကုန်ပစ္စည်း ၃၂၈ မျိုးအပေါ် အခွန်နှစ်ဆကောက်ခံမည် ဖြစ်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ပြန် ထားသည်။ ၁၉၆၂ ခုနှစ် အကောက်ခွန်ဥပဒေပုဒ်မ ၁၅၉ အရ တရုတ်မှ အထည်အလိပ်သွင်းကုန် ၃၂၈ မျိုးကို လက်ရှိ ကောက်ခံနေသော အခွန် ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် အောက်လွှတ်တော်၌ သြဂုတ် ၇ ရက်တွင် ဆွေးနွေးသည်။

Read more

အာဆီယံယူ-၁၆ ဆီမီးဖိုင်နယ် မြန်မာနှင့် ထိုင်း ယနေ့ညနေ ယှဉ်ပြိုင်မည်

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မြန်မာနဲ့ ထိုင်းအသင်းတို့ ဒီနေ့ညနေ မြန်မာစံတော်ချိန် ၃ နာရီ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Read more

ကနေဒါနဲ့ သံတမန်တင်းမာမှုမှာ ဖျန်ဖြေမှုမှန်သမျှ ဆော်ဒီအာရေဗျ ပယ်ချ

ရီယတ်၊ သြဂုတ် ၉

ကနေဒါနဲ့ သံတမန်တင်းမာမှုမှာ ဘယ်လို ဖျန်ဖြေမှုမျိုး မှန်သမျှကို ဆော်ဒီအာရေဗျနိုင်ငံက ပယ်ချလိုက်ပါတယ်။

ဒါအပြင်လည်း ကနေဒါကို နောက်ထပ် ပြစ်ဒဏ်ခတ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ကိုလည်း ဘုရင့်နိုင်ငံ ဆော်ဒီအာရေဗျအနေနဲ့ စဉ်းစားနေကြောင်းလည်း သြဂုတ် ၈ ရက်က နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

Read more