ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကံမမြို့နယ် ကြို့ပင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ ပါတီဝင်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကံမ၊ သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဦးစွာတက် ရောက်ခဲ့သည်။

Read more

ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပေါ့ဂ်ဘာ သဘောတူခဲ့တယ်လို့ သတင်းများ ထွက်ပေါ်

ယူနိုက်တက်ကတော့ ပေါ့ဂ်ဘာကို ရောင်းချလိုခြင်းမရှိပဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ သြဂုတ်လ (၉)ရက်နေ့မှာ ပိတ်သိမ်းမှာ ဖြစ်ပေမယ့် စပိန်လာလီဂါအပြောင်းအရွှေ့ ဈေးကွက်ကတော့ သြဂုတ်လ (၃၁)ရက်နေ့မှသာ ပိတ်သိမ်းမှာ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာကို သြဂုတ်လအကုန်ထိ ထိန်းသိမ်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

Read more

မန်စီးတီးဂိုးသမား ဂျိုးဟတ် ဘန်လေအသင်းသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

လန်ဒန်- မန်စီးတီး၌ ပွဲထွက်နေရာဆုံးရှုံးပြီးနောက် အင်္ဂလန်ဂိုးသမား ဂျိုးဟတ်သည် ပရီးမီးယားလိဂ်ကလပ် ဘန်လေနှင့် ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့သည်။

ဂျိုးဟတ်၏ ပြောင်းရွှေ့ကြေးပမာဏကို ဘန်လေအသင်းက မဖော်ပြသော်လည်း ပေါင် ၃ ဒသမ ၅ သန်းခန့် အကုန်အကျခံ ရဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြသည်။

Read more

မြန်မာယူ ၂၁ အသင်း တရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်

တရုတ်ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ မြန်မာယူ ၂၁ အသင်းသည် တရုတ် ယူ ၂၁ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၄ရက်မှ ၈ရက်အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင် တရုတ်ယူ ၂၁ အသင်း၊ ဥဇဘက်ကစ္စတန် ယူ ၂၁ အသင်း၊ တာဂျစ်ကစ္စတန် ယူ ၂၁ အသင်းနှင့် မြန်မာယူ၂ ၁ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Read more

အင်ဒိုနီးရှားငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၅ ဦးရှိလာ

သြဂုတ် ၈

အင်ဒိုနီးရှားရှိ လွမ်ဘော့ခ်ကျွန်းမှာ ငလျင်ပြင်းထန်စွာလှုပ်ခဲ့ရာ သေဆုံးသူ ၁၀၅ ဦးရှိကြောင်း အာဏာပိုင်တွေက ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

ငလျင်ဒဏ်ကြောင့် အိမ်ခြေပေါင်းများစွာပျက်စီးခဲ့ရပြီး ဂီလီစ်ကျွန်းစုပေါ်မှာ သောင်တင်နေတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ ဘာလီကျွန်းကို ပို့ဆောင်ပေးခဲ့တြာ ဖစ်ပါတယ်။

Read more

နျူးကလီယားလက်နက်ဖျက်သိမ်းရေးကတိ မြောက်ကိုရီးယား ပျက်ကွက်

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton

 

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့၂ ဦး စင်္ကာပူမှာ ဇွန်လက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီယားလက်နက် ဖျက်သိမ်းရေးလုပ်ဖို့ မြောက်ကိုရီးယားက ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်နေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကစွပ်စွဲပြောဆိုလိုက်ပါတယ်။

Read more

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ငွေကြေး ခ၀ါချမှုဖြင့် တရားစွဲ

သြဂုတ် ၈

ဒေါ်လာ ဘီလီယံပေါင်းများစွာနှင့်ချီသော ဘဏ္ဍာရေး အရှုပ်တော်ပုံကြီးနှင့် ဆက်စပ်သည့် စွဲချက်သစ်များဖြင့် မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ခ်ကို သြဂုတ် ၈ ရက်မှာ တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နာဂျစ်ကို ငွေကြေး ခ၀ါချမှု စွဲချက် သုံးခုဖြင့် ကွာလာလမ်ပူ တရားရုံးတစ်ခုမှာ စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

Read more

နာမည်ပျက်မှတ်တမ်းရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ရာထူးမှ အနားပေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ရာထူး စတင်တာဝန်ယူချိန်မှစကာ နာမည်ပျက် မှတ်တမ်းရှိသည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၂ဝဝဝကျော်ကို ရာထူးမှ ထုတ်ပယ်ခဲ့ ကြောင်း သြဂုတ် ၆ ရက်က ဖိလစ်ပိုင် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဟာရီရော့က ပြောခဲ့သည်။

Read more

ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လုပ်ပိုင်ခွင့်ကျယ်ပြန့်စွာပေးမည်ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင်ကို လုပ်ပိုင် ခွင့်ကျယ်ပြန့်စွာ ပေးထားမည်ဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၆ ရက်တွင် ပြောကြားသည်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ထည့်သွင်းပြောကြားသည်။

Read more

ကြားဖြတ်ရွေးကောက်ပွဲမှာ NLDက ၁၃ ယောက်နဲ့ ပြည်ခိုင်ဖြိုးက ၁ဝယောက် ၀င်ပြိုင်မယ်

၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထား လာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ် ၆ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု လိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြလာတဲ့ ပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ယောက် စုစုပေါင်းကိုယ်စားလှယ် ၆၉ ယောက်ကို ခွင့်ပြု ပေးလိုက်တာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။

Read more