ဖိလစ်ပိုင်မှာ မြေပြိုမှုဘေး ထပ်ဖြစ်ကာ ၁၂ ဦး သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေ

မနီလာ၊ စက်တင်ဘာ ၂၁

မုန်တိုင်း ၀င်မွှေထားတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ထပ်ဆောင်းဘေးဒုက္ခအဖြစ် စက်တင်ဘာ ၂၀ ရက်က မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းပြီး စီဘူးကျွန်းမှာ မြေပြိုထပ်ဖြစ်ရာမှာ သေဆုံးသူ ၁၂ ဦးရှိပြီး ဒါဇင်များစွာ ပျောက်ဆုံးနေပါတယ်။

Read more

မြောက်ကိုရီးယား အားကစားပွဲတော်တွင် တောင်ကိုရီးယား သမ္မတ မိန့်ခွန်းပြော

မြောက်ကိုရီးယားတွင် ကျင်းပနေသည့် အားကစား ပွဲတော်ကြီး၌ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ကြိုတင် ကြေညာခြင်း မရှိဘဲ မိန့်ခွန်း ပြောကြားသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ပြုံယမ်းတွင် ကျင်းပနေသည့် အားကစား ပွဲတော်သို့ မွန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့်အတူ တက်ရောက်ခဲ့သည်။

Read more

အာဏာရပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပြန်လည်ရွေးကောက်တင်မြှောက်ခံရ

တိုကျို၊ စက်တင်ဘာ ၂၀

ဂျပန်နိုင်ငံရဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာ ၂၀ ရက်မှာ ပြန်လည်ရွေးကောက် တင်မြှောက်ခံရတာကြောင့် နိုင်ငံရဲ့ အစိုးရ အကြီးအကဲအဖြစ် ဆက်လက်တာဝန်ထမ်းသွားရဦးမှာ ဖြစ်ပါတယ်။

Read more

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

မြန်အောင်၊ စက်တင်ဘာ ၂ဝ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဆည်ရွာအုပ်စု တလုတ်ကုန်းကျေးရွာ အောင်သုခ ဝေဠုဝန်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနား မစတင်မီ အောင်သုခဝေဠုဝန်ဆရာတော်အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့က ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပြီး ဆရာတော်ထံမှ သြဝါဒခံယူခဲ့ကြသည်။

Read more

မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လစ်လပ်ကော်မတီဝင်များ ရွေးချယ်ပွဲ ကျင်းပ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် အစည်းအဝေးနှင့် လစ်လပ်ကော်မတီဝင်များ ရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မင်းပြားမြို့ ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင် ဦးဦးဘသိန်း၊ ခရိုင်ကော်မတီဝင် ဦးသခင်ချို ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်း၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးဦးဘစိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ကြသည်။

Read more

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုးများ၍ ရာသီဥတုဒဏ်​​ကြောင့် ပျိုကျပျက်​စီး သံကူကွန်​ကရစ်​တံတား(၂) စင်း အား အမြန်​​ဆောက်​လုပ်​​ပေးရန်​ အစီအစဉ်​ရှိ.မရှိ မေးခွန်းမေးမြန်း

 မော်လမြိုင်၊ စက်တင်ဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျိုက်မရော မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်းအောင်မွန်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ​မွန်​ပြည်​နယ်​လွှတ်​​တော်​ (၁၁) ကြိမ်​​မြောက်​ ပုံမှန်​အစည်းအ​ဝေး (ပဉ္စမ) ​နေ့တွင် ကျိုက်​မ​ရောမြို့နယ်​ မိကသစ်​​ကျေးရွာအုပ်​စုရှိ မိကသစ်​နှင့် လေးအိမ်​စုကျေးရွာသို့ ဆက်​သွယ်​ထား​သော လမ်း​ပေါ်ရှိ တံတား (၂) စင်းသည်​ မိုးများ၍ ရာသီဥတုဒဏ်​​ကြောင့် ပေါက်​ပြဲပျိုကျပျက်​စီး​နေသဖြင့် အစိုးရမှ အဆိုပါ​ကျေးရွာ၏ အဓိကကျ​သောလမ်း​ပေါ်ရှိ သံကူကွန်​ကရစ်​တံတား (၂) စင်းအား အမြန်​​ဆောက်​လုပ်​​ပေးရန်​ အစီအစဉ်​ရှိ/မရှိ မေးခွန်းအား မေးမြန်းခဲ့သည်။

Read more

တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

တံတားဦး၊ စက်တင်ဘာ ၂ဝ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို စက်တင်ဘာ (၂၀) ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

Read more

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေး အဖွဲ့ သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များအား ကွင်းဆင်းကုသမှုဆောင်ရွက်ပေး

 ရန်ကုန်၊ စက်တင်ဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေးအဖွဲ့သည် စက်တင်ဘာ (၂၀) ရက်နေ့နံနက် ၉ နာရီခွဲက (၃၈) ရပ်ကွက် ဆရာဖေလမ်းရှိ သန္တိသုခဓမ္မာရုံတွင် သွားနှင့် ခံတွင်းရောဂါဝေဒနာရှင်များအား အခမဲ့ ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးကြောင်း သိရသည်။

Read more

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲသို့ တိုင်ဒေသကြီး ပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် တက်ရောက်အမှာစကားပြောကြား

မုံရွာ၊ စက်တင်ဘာ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သုံးရက်ကြာ သင်ကြားပို့ချပေးသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မုံရွာခရိုင် မုံရွာမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲကို ယခုလ ၁၈ ရက်က ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်တကွ တိုင်းဒေသကြီး ပါတီကော်မတီဝင်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၂၀) ရက်နေ့တွင် သင်တန်းကျင်းပပြီးစီးခဲ့ခြင်းဖြစ်သည်။

Read more

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ တက်ရောက်အားပေး

မကွေး၊ စက်တင်ဘာ ၂ဝ

Read more