ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော် – စက်တင်ဘာ ၂၀

ယနေ့ ၂၀-၉-၂၀၁၈ ရက်နေ့ နံနက်(၁၀း၁၅)နာရီမှ နေ့လည် (၁၂း၂၅) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား သွားပါသည်။

Read more

ပရီးမီးယားလိဂ် ဥက္ကဌသစ်ဖြစ်ရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘဲ ရေပန်းစားနေ

ရာသီမကုန်ခင်မှာ ရာထူးကနေနုတ်ထွက်မယ့် စကူဒါမိုးရဲ့နေရာတွင် ပရီးမီးယားလိဂ်ရဲ့ အမှုဆောင်ဥက္ကဌ ဖြစ်လာရန် ရေပန်းစားသူများတွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ မှာ အံအားသင့်စရာပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ တိုနီဘလဲ မှာ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ရာထူးမှ အနားယူခဲ့သူဖြစ်ပါတယ်။

Read more

မြန်မာ-ထိုင်းနယ်ခြားကော်မတီမှ တနင်္သာရီရေဘေးသင့်ပြည်သူများသို့ ကယ်ဆယ်ရေးပစ္စည်းများ လွဲပြောင်းပေးအပ်လှူဒါန်း

 

ကော့သောင်း စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နှင့်အနီး တစ်ဝိုက်ဒေသကျေးရွာများရှိ ရေ ဘေးသင့်ပြည်သူများအား ထောက် ပံ့ပေးအပ်နိုင်ရေးကယ်ဆယ်ထောက် ပံ့ရေးပစ္စည်းများ လွဲပြောင်းပေး အပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကော့ သောင်းမြို့ မြို့မတံတားတွင် ပြု လုပ်သည်။

Read more

ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး၊ စက်တင်ဘာ ၁၉

Read more

စီရော်နယ်လ်ဒို အနီကဒ်ပြသခံရပြီးနောက် VAR စနစ်မရှိခြင်းကို ဂျုဗင်တပ်စ်နည်းပြ အယ်လီဂရီ မကျေနပ်ဖြစ်

ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ဗလင်စီယာနဲ့ပွဲမှာ အနီကဒ်နဲ့ စီရော်နယ်လ်ဒို ထုတ်ပယ်ခံရတဲ့နောက် ဂျူဗီတပ်စ်သင်းနည်းပြ အယ်လီဂရီက VAR စနစ် အသုံးပြုခြင်းမရှိတာကြာင့် အခုလိုဖြစ်ရတာလို့ မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

စီရော်နယ်လ်ဒိုဟာ ဗလင်စီယာနောက်ခံလူ မိုရီလိုရဲ့ ခေါင်းကို ပုတ်မိလို့ ကွင်းလယ်ဒိုင်လူကြီးက အနီကဒ်ပြ ထုတ်ပယ်ခဲ့တာကြောင့် ပထမပိုင်း ၂၉ မိနစ်မှာပဲ မျက်ရည်စတွေနဲ့ မက်စ်တဲလားကွင်းထဲကနေ ထွက်ခွား သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ကစားသမားဘဝ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယာနစ်ရဲ့ ပင်နယ်တီ ၂ လုံးနဲ့ ဂျူဗင်တပ်စ်တို့ ဒီပွဲကို အနိုင်ရခဲ့ပါတယ်။ 

Read more

ရုရှားလေယာဉ် မှားယွင်း ပစ်ချခံရမှုနှင့် ပတ်သက်သည့် အချက်အလက်များ မျှဝေပေးရန် အစ္စရေးကမ်းလှမ်း

အစ္စရေးနှင့် ဆီးရီးယား ပဋိပက္ခအတွင်း ကြားညပ်ပြီး ရုရှားလေယာဉ် ပစ်ချခံခဲ့ရမှုနှင့် ပတ်သက်၍ အချက်အလက်များ မျှဝေပေးသွားရန် အစ္စရေးဖက်က ကမ်းလှမ်းလာမှုကို ရုရှားက လက်ခံခဲ့ကြောင်း သိရသည်။

ယခုသီတင်းပတ် အစောပိုင်းက ဆီးရီးယားနိုင်ငံ၊ လာကက်တီရာရှိ စစ်ရေးပစ်မှတ် အချို့ကို အစ္စရေး တိုက်လေယာဉ်များက ဗုံးကြဲခဲ့ပြီး ဆီးရီးယား လေကြောင်းကာကွယ်ရေး တပ်ဖွဲ့က တုံ့ပြန် ပစ်ခတ်ခဲ့သည်။ အစ္စရေးသည် ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင် တိုက်ခိုက်နေသည့် ရန်သူတော် အီရန်နိုင်ငံ၏ စစ်တပ်များကို ယခင်ကလည်း ရှောင်တခင် ထိုးစစ်ဆင်လေ့ ရှိသည်။

Read more

တောင်နဲ့ မြောက်ကိုရီးယား သဘောတူညီမှုတွေ ရရှိ

(တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ကို မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်)

 တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ မနေ့က ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်တချို့ရရှိခဲ့ကြောင်း ကြေညာပါတယ်။

Read more

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်ရန် အမေရိကန် တောင်းဆို

ဝါရှင်တန် စက်တင်ဘာ ၁၉

ကိုရီးယားနှစ်နိုင်ငံဆွေးနွေးပွဲသည် မြောက်ကိုရီးယားတွင် နျူကလီးယား လက်နက်ကင်းစင်ရေးအတွက် ဦးတည်ဆွေးနွေးနေသည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်ဘက်မှ ပြောသည်။ သို့သော် ကုလသမဂ္ဂက ပြုလုပ်ထားသော ပြုံယမ်းအပေါ် ပိတ်ဆို့မှုများကိုမူ နိုင်ငံများက အပြည့်အဝလိုက်နာကြရန် တောင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနော့ကဝါရှင်တန်အနေဖြင့် ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ အဓိပ္ပာယ်ရှိပြီး နျူကလီးယား လက်နက် ကင်းစင်ရေးအတွက် အရေးပါသည့်အဆင့်များ ဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အင်္ဂါနေ့က ပြောသည်။

Read more

ဇနီးမယားကို ချက်ချင်းကွာရှင်းနိုင်တဲ့ မွတ်စလင်ကျင့်ထုံး အိန္ဒိယ ပိတ်ပင်

အိန္ဒိယနိုင်ငံမှာ မွတ်စလင်အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ဖက်ကို ရုတ်တရက်ကွာရှင်းနိုင်တဲ့ ဓလေ့ကို ဟန့်တားမယ့် ဗဟိုတရားရုံးရဲ့ စီရင်ထုံး တရပ်ကို Narendra Modi အစိုးရက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။
အာရပ်ဘာသာ စကားနဲ့ Talaq လို့ ၃ ကြိမ်ပြောရုံနဲ့ အမျိုးသားတွေက ကွာရှင်းနိုင်တယ် ဆိုပြီး ခွင့်ပြုထားတဲ့ ဓလေ့ကို ဟန့်တားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဓလေ့ဟာ မူစလင်အမျိုးသမီးတွေရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ရပိုင်ခွင့်ကို ချိုးဖေါက်ခြင်း ဖြစ်တယ်လို့ အိန္ဒိယ တရားရုံးတော်က ဆုံးဖြတ်ခဲ့ပေမယ့် ပါလီမန်က တနှစ်အကြာမှာ အတည်မပြုနိုင် ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Read more

မြက်ခင်းတုကွင်းမှာ ကစားသမားတွေဒဏ်ရာရမှာကို စိုးရိမ်ခဲ့ဟု မော်ရင်ညိုဝန်ခံ

မန်ယူနည်းပြမော်ရင်ညိုက ယန်းဘွိုင်းစ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ပြီးနောက် မြက်ခင်းတုကွင်းမှာ သူ့ကစားသမားတွေဒဏ်ရာရမှာကို စိုးရိမ်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

ဒါ့အပြင် မော်ရင်ညိုက မြက်ခင်းတုကွင်းတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ သင့်တော်မှု မရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။ မန်ယူနည်းပြမော်ရင်ညိုက “ဒဏ်ရာရမှာကို စိုးရိမ်ခဲ့ပါတယ်။ အင်္ဂါနေ့လေ့ကျင့်ခန်း အစီအစဉ်ပြီးတဲ့နောက် ကစားသမားတွေရဲ့ ဒူးနဲ့ ခြေချင်းဝတ်တွေ နာကျင်ခဲ့ပါတယ်။ ဒီလိုကွင်းတွေမှာ ကစားရတာမလွယ်ပါဘူး။ ဘာကြောင့် မြက်ခင်းတုကွင်းတွေကို ဥရောပအကောင်းဆုံးပြိုင်ပွဲမှာ ကစားခိုင်းလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး မော်ရင်ညိုက ယန်းဘွိုင်းစ်နဲ့ပွဲမှာ ကိုယ်တိုင်(၂)ဂိုးသွင်းခဲ့တဲ့ အပြင် တစ်ကြိမ်ဖန်တီးနိုင်ခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာကို ချီးကျူးခဲ့ပါတယ်။

Read more