တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ ချိတ်ဆက်သော ကျည်ဆန်ရထားလိုင်း ဖွင့်လှစ်

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ ချိတ်ဆက်ထားသော ပထမဆုံး ကျည်ဆန်ရထားပြေးဆွဲခြင်း အခမ်းအနားကို ဟောင်ကောင်တွင် ကျင်းပခဲ့သည်။ The Express Rail Link သည် ဟောင်ကောင်နှင့် တရုတ် နိုင်ငံတောင်ပိုင်း ဂွမ်ဂူးမြို့သို့ ပြေးဆွဲချိန် မိနစ် ၄၀ ခန့်သာ ကြာမြင့်မည်ဖြစ်ကာ ရထားအဟောင်းများ ပြေးဆွဲချိန်ထက် ထက်ဝက် မက လျော့ကျသွားသည်။

Read more

MNL ချန်ပီယံဆု ရန်ကုန်အသင်း ငါးကြိမ်မြောက်ဆွတ်ခူး

စက်တင်ဘာ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2018 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်က ဆောက်သမ်းမြန်မာကို ၄-၀ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူပြီး ၅ ကြိမ်မြောက်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက်နဲ့ ပြိုင်ဘက် ရှမ်းယူနိုက်တက် အသင်းတို့ ချန်ပီယံဖြစ်ဖို့ အပြိုင်အဆိုင်ဖြစ်နေပြီး  ရန်ကုန်က ၁ မှတ်အသာနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားတာပါ။

Read more

ဒေါ်အောင်ဆန်း စုကြည်နှင့် ဂျယ်ရီမီဟန့် ရခိုင်ပြည်နယ်အရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆွေးနွေး

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို နေပြည်တော်တွင် ယမန်နေ့က လက်ခံတွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေ့းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့တွင် ရန်ကုန်မြို့မှ ရခိုင် ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ကာ မွန်းလွဲတွင် နေပြည်တော် သို့ ရောက်ရှိလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးဟန်က ရှင်းပြသည်။

Read more

သတင်းထောက် ၂ ဦး လွှတ်ပေးဖို့ ကုလအကြီးအကဲ တောင်းဆို

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်း ထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာအစိုးရကို တောင်းဆိုလိုက် ပါတယ်။

Read more

ဒုကာကွယ်ရေးဦးစီးချုပ် အိန္ဒိယ စစ်ဌာနချုပ်လေ့လာ

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါအဖွဲ့ဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၊ Fort William မှာရှိတဲ့ အိန္ဒိယ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ပူနီမြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တဲ့ ဘင်းမ်စတက် ညီလာခံကို တက်ရောက်ဖို့ အိန္ဒိယကို ရောက်ရှိ နေခဲ့ကြတာဖြစ်ပါတယ်။

Read more

ကတ်များရဲ့ ဘုရင် ရာမို့စ်

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ဗုဒ္ဓဟူးနေ့က ရိုးမားအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဝါကတ်အပြခံခဲ့ရပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ အဝါကတ်အများဆုံးအပြခံရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ရာမို့စ်ဟာ ရီးယဲလ်အသက်းက ရိုးမားအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ကွင်းလယ်လူ အန်ဇွန်ဇီအား ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကြောင့် ၂၃ မိနစ်မှာ အဝါကတ်အပြခံရရာ သူ့ရဲ့ ချန်ပီယံလိဂ် ၁၁၅ ပွဲမှာ ၃၇ ကြိမ်မြောက် အဝါကတ်အပြခံခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ အဝါကတ်အများဆုံးအပြခံရတဲ့ မန်ယူအသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ရဲ့ အဝါကတ် အရေအတွက်ကို ကျော်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Read more

ယခုနှစ်မကုန်ခင်အထိ အိမ်ကွင်းသစ် ပြီးစီးဖို့ အဆင်သင့်မဖြစ်သေးဆိုတဲ့ သတင်းတွေကို စပါးအသင်း ပယ်ချ

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အိမ်ကွင်းသစ် တည်ဆောက်မှုဟာ ယခုနှစ်မကုန်ခင်အထိ ပြီးစီးရန် အဆင်သင့်မဖြစ်သေးဘူးလို့ ဖော်ပြတဲ့ သတင်းတွေကို စပါးအသင်းက ပယ်ချသွားခဲ့ပါတယ်။

စပါးကွင်းသစ်တည်ဆောက်မှုဟာ လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်မှာ ပြီးစီးဖို့ သတ်မှတ်ထားတယ်လို့ Construction News က ဖော်ပြထားတာကို စပါးအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

Read more

ကြယ်ပွင့်တွေစုံခဲ့တဲ့ FIFA 2019 ပါတီပွဲ

ကမ္ဘာကျော်ဂိမ်းကုမ္ပဏီဖြစ်တဲ့ EA Sports ဟာ လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ FIFA 2019 ဂိမ်းအသစ်ကို တရားဝင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဲဒီအတွက် အကြိုပါတီပွဲကို မနေ့က လန်ဒန်မြို့မှာကျင်းပသွားခဲ့ပြီး ဘောလုံးကြယ်ပွင့်တော်တော်များများလည်း တက်ရောက်ခဲ့ကြပါတယ်။

Read more

ပြည်ပလွှင့် နိုင်ငံတကာသတင်း တရုတ်ပိတ်ပင်ဖွယ်ရှိ

ပြည်ပကထုတ်လွှင့်တဲ့ လက်ရှိ နိုင်ငံတကာရေးရာ သတင်းတွေကို တရုတ်နိုင်ငံမှာ ပြသခွင့်မပြုဘဲ ပိတ်ပင်မယ့် အလားအလာ ရှိနေတာကို တရုတ် ရေဒီယိုနဲ့ ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့က ရေးဆွဲထားတဲ့ စည်းကမ်းသတ်မှတ်ချက် မူကြမ်းထဲမှာ ဖော်ပြ ထားပါတယ်။

Read more