ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပရေးညှိနှိုင်း

 

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုထောက်ခံ မြောက်ဥက္ကလာပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏လမ်းညွှန်မှုဖြင့် ဗဟိုအမျိုးသမီးညီလာခံ အကြို ထောက်ခံကြိုဆိုလုပ်အားပေးပွဲကို ယမန်နေ့နံနက်၈နာရီမှ စတင်၍ မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် အလက(၁)စာသင်ကျောင်းအတွင်း အပြင် ချုံနွယ်ပိတ်ပေါင်းများရှင်း ခြင်း၊အမှိုက်များရှင်းလင်းခြင်း၊ ကျောင်း ဘေးပတ်ဝန်းကျင် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ခြင်း၊သွေး လွန်တုပ်ကွေးကာကွယ်ရေး၊ခြင်ဆေး ဖျန်းဆောင်ရွက်ခြင်းများ ပြုလုပ် ဆောင်ရွက်ကြကြောင်းသိရသည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့ဝင်များ မိုးကုတ်​မြို့ရှိ သမိုင်းဝင်​တန်​ခိုးကြီးဘုရားများအား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ အလှူ​ငွေများအား ​လှူဒါန်းပူဇော်

 

မိုးကုတ်၊ စက်တင်ဘာ ၂၃

မန္တ​လေးတိုင်း​ဒေသကြီး၊ပြင်​ဦးလွင်​ခရိုင်​၊မိုးကုတ်​မြို့သို့ ​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ယမန်​​နေ့နံနက်​၁၁နာ ရီ၃၀မိနစ်​ခန့်​က မိုးကုတ်​မြို့ရှိ သမိုင်းဝင်​တန်​ခိုးကြီးဘုရားများဖြစ်​သော ​ဖောင်​​တော်​ဦးဘုရားနှင့်​ချမ်းသာကြီးဘုရား တို့အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ ​ဂေါပကအဖွဲ့များထံသို့ အလှူ​ငွေများ ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ထို့​နောက်​ ပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ မိုးကုတ်​မြို့နယ်​ ကသဲ​ကျေးရွာအုပ်​စု ခြ​င်္သေ့​ရေရပ်​ရှိ သီရိမင်္ဂလာ စွမ်​မွန်​​ကျောင်းတိုက်​သို့ သွား​ရောက်​၍ တိုက်​အုပ်​ဆရာ​တော်​ဘဒ္ဒန္တပဏ္ဏိတအား ဖူး​မျှော်​ကြည်​ညိုကန်​​တော့ကာ လှူ ဖွယ်​ပစ္စည်းနှင့်​အလှူ​ငွေများအား ဆက်​ကပ်​လှူဒါန်းခဲ့ကြပြီး စေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။

Read more

မိုးကုတ်​မြို့တွင်​ ကျင်းပ​​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးတက်​​ရောက်​အား​ပေး

 

မိုးကုတ်​၊ စက်တင်ဘာ ၂၃

မိုးကုတ်​မြို့၊ထင်​ရှူးခြံရပ်​ကွက်​၊မဏိရတနာခန်းမတွင်​ ယ​နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်​(၉)နာရီခွဲ အချိန်တွင် ကျင်းပ​သည့် ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦး သန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

Read more

မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု မြင်းခြံမြို့တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြော

 

မြင်းခြံ စက်တင်ဘာ ၂၂

မြင်းခြံမြို့၊အမှတ်​(၁၈)ရပ်​ကွက်​၊လူထုဟစ်​တိုင်​ကွင်းတွင်​ ယ​နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်တွင် ကျင်းပ​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲတွင် မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး မှပြောကြားလိုက်ခြင်းဖြစ်သည်။

Read more

ကမ္ဘာ့အကြီးဆုံး ကျန်းမာရေး စီမံကိန်း ‘မိုဒီကဲယား’ ကို အိန္ဒိယ စတင်

နယူးဒေလီ၊ စက်တင်ဘာ ၂၄

ဆင်းရဲသား ပြည်သူ သန်း ၅၀၀ ခန့်ကို လွှမ်းခြုံပေးနိုင်မှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် နာရန္ဒြာမိုဒီ ပြောထားတဲ့ ကမ္ဘာ့အကြီးဆုံး ကျန်းမာရေး အာမခံ စီမံကိန်းကို အိန္ဒိယနိုင်ငံဟာ စက်တင်ဘာ ၂၄ ရက်မှာ စတင်လိုက်ပါတယ်။

Read more

၂ဝ၁၉ ခုနှစ် အင်ဒိုနီးရှား ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ စတင်

ဂျကာတာ စက်တင်ဘာ ၂၃

လာမည့်နှစ် ဧပြီ ၁၇ ရက်တွင် ကျင်းပမည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၂၃ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

သမ္မတရာထူးနေရာအတွက် လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုက ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို နှင့် ယှဉ်ပြိုင်ရွေးကောက်ခံမည်ဖြစ်သည်။

Read more

အစ္စရေးရဲ့ လွဲမှားတဲ့ သတင်းပေးပို့မှုကြောင့် စစ်လေယာဉ် ပစ်ချခံရတာဖြစ်တယ်လို့ ရုရှပြော

မော်စကို၊ စက်တင်ဘာ ၂၄

ဆီးရီးယားမှာ ရုရှစစ်လေယာဉ် ပစ်ချခံရတာဟာ အစ္စရေး လေတပ်ရဲ့ လွဲမှားတဲ့ သတင်းပေးပို့မှုကြောင့် ဖြစ်တယ်လို့ ရုရှက ပြောပြီး အစ္စရေးလေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုကိုလည်း ရှုတ်ချသွားပါတယ်။

Read more

ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုများ ပေးအပ်မည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က တနှစ်တာအတွက် အကောင်းဆုံးဆုတွေ ပေးအပ်မယ့် အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီမှာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ  ပြုလုပ်သွားမှာပါ။

Read more

ပြိုင်ဘက်ကို တစ်ချီတည်းထိုး၍ ချန်ပီယံဆုယူမည်ဟု UFC ဖိုက်တာ မက်ဂရီဂေါ ကြုံးဝါး

ကိုယ်ခံပညာ ပေါင်းစုံသုံး ထိုးသတ်သော UFC ဖိုက်တာကော်နာမက်ဂရီဂေါက ၎င်းအနေဖြင့် ပြိုင်ဘက် ခါဘစ်နာ မာဂိုမီဒေါ့ဗ်ကို တစ်ချီတည်းဖြင့် အနိုင်ယူကာ UFC လိုက်ဝိတ်ချန် ပီယံဆုရယူမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဧပြီလက နာမာဂိုမီဒေါ့ဗ်နှင့် အခြား UFC ကစားသမားများ လိုက်ပါသော ဘတ်စ်ကားမှန်ပြ တင်းကို သံခုံတစ်ခုဖြင့် ပစ်ပေါက် ခဲ့သောအဖြစ်အပျက်ကို မက်ဂရီ ဂေါက အကြိမ်အကြိမ် ရည်ညွှန်းခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် မက်ဂရီဂေါ ဖမ်းဆီးခံရကာနောက်ပိုင်း တွင် အပြစ်ရှိကြောင်းဝန်ခံသည်။

Read more