ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျ
ကနီ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးယင်းမာ ပင်ခရိုင် ကနီမြို့နယ် မုဌောအုပ်စု ရပ်/ကျေးပါတီဥက္ကဋ္ဌ နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
ကနီ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးယင်းမာ ပင်ခရိုင် ကနီမြို့နယ် မုဌောအုပ်စု ရပ်/ကျေးပါတီဥက္ကဋ္ဌ နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
ဇလွန် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပါတီဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ဒေါင့်ကြီး တိုက်နယ် ဒေါင့်ကြီးကျေးရွာအုပ်စပြည်လုံးချမ်းသာတန်ဆောင်းကြီးတွင် ယမန်နေ့ နံနက်ကကျင်းပခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သည့် နိုင်ငံ၊ အဖွဲ့အစည်းကမျှဝင် ရောက်စွက်ဖက်ဆုံးဖြတ်နိုင်ခွင့်မ ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ကပြောကြားသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများနှင့် စက်တင်ဘာ ၂၃ ရက်တွင် တွေ့ဆုံစဉ်ယင်းသို့ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂသဘောတူ ညီချက်များမှ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် သဘောတူညီချက်များကို လိုက်နာနေကြောင်းနှင့် ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြောကြားမှုများသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အမြင်လွဲမှားမှုကို ဖြစ်စေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြသည်။
Read more
၂၅.၉.၂၀၁၈ ရက်နေ့တွင် တာချီလိတ်မြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ခရိုင်ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လော်ယိုတို့နှင့်အတူ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကျားမနိုးကျေးရွာသို့ သွားရောက်ခဲ့ပြီး ပါတီဝင် ဒေါ်အားမြေ့၏နေအိမ်၌ ပါတီဝင်များဖြင့် တွေ့ဆုံခဲ့ပါသည်။
အဆိုပါကျေးရွာသည် အိမ်ခြေ (၂၄) အိမ်ရှိပြီး ကတ်သလစ်ဘာသာဝင် (၁၈) အိမ်တို့မှ ကျေးရွာရှိ သံယောဟန်အသစ်ေ ဆာက်လုပ်ရာတွင် လိုအပ်နေသည့်ကိစ္စများ၊ ပါတီဝင်ကိုယ်ဝန်သည် မအားမီ သားဦးမွေးဖွားရန်အတွက် ကူညီပေးနိုင်မည့်ကိစ္စများအပြင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည် ။
စက်တင်ဘာ(၂၅)၊ ပြင်ဦးလွင်
ပြင်ဦးလွင်မြို့နယ်၊ကျွဲနွားထောက်ကျေးရွာခန်းမတွင် ယနေ့နံနက်(၉)နာရီ(၃၀)မိနစ်မှ(၁၁)နာရီ(၃၀)မိနစ်အထိ ကျင်းပသော“၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့်ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်အား မဲဆန္ဒရှင်ပြည်သူလူထုထံ မိတ်ဆက်၍ ၎င်း၏ကိုယ်ရေးအကျဉ်းအား တွဲဖက်အခမ်းအနားမှူးဒေါ်ဟန်နီဇော်မှ ဖတ်ကြားပေးခဲ့သည်။
ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စက်တင်ဘာ (၂၃) ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီအချိန်ထိ အညာပန်းပလွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ပရဝုဏ်အတွင်းနှင့် ရွာဦးစေတီတို့တွင် သန့်ရှင်းရေးလုပ်အားဒါနများ ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါလုပ်အားဒါနပွဲသို့ မြို့နယ်ပါတီဥက္ကဌ ဦးဌေးမောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်စီလှိုင်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၈၀ ဦးခန့်ဖြင့် ပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
Read more
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်တွင် ဝါဆိုတော်မူကြသော စာသင် – စာချဆရာတော်၊ သံဃာတော်များ အပါး (၄၂၀) အတွက် ဆွမ်းဆန်စိမ်းများ၊ စားဆီပုံးများနှင့် ဝတ္တူအလှူတော် ကျပ်သိန်း (၅၀) အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုကိုယ်စား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်း ကုသိုလ်ပြုခဲ့သည်။
Read more
မြိုင်၊ စက်တင်ဘာ၂၄
ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြုကြိုဆိုထောက်ခံသောအားဖြင့် မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့တင်ကျေးရွာ သာသနာ့ဒီပံကျောင်းတိုက်ဆရာတော် ဦးဝိလာသ အရှင်သူမြတ်အား ဝါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းခြင်း နှင့် အဆိုပါကျောင်းတိုက်ရှိ သာသနာ့ဥယျာဉ် ဓမ္မစကူးလ်ကျောင်းသား/သူ ၁၀၀ ခန့်နှင့် ဆရာဆရာမများအား မုန့် ၊အချိုရည်များ လှူဒါန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်နိုင် အတွင်းရေးမှူး ဦးထိန်လင်း၊ မြို့နယ်ကော်မတီဝင်များဖြစ်သော ဦးစန်းယုနိုင်၊ ဦးအောင်ကြည်စိုး၊ ဦးခင်မောင်အေး၊ ဦးနန္ဒာအောင်နှင့် လူငယ်ကိုယ်စားလှယ်များဖြစ်သော ကိုချမ်းအေး၊ ကိုအောင်သူရထွန်းတို့ လိုက်ပါခဲ့ကြပါသည် ။
မိတ္ထီလာ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရွှေစစ်သည်အုပ်စု ရွာသစ်ကျေးရွာ ဘုရားကုန်းဓမ္မာရုံ၌ ယမန်နေ့ နံနက် ၁ဝနာရီမှစတင်၍ လျှပ်စစ်မီးလင်းရေးအတွက် အလှူငွေပေးအပ်ခြင်းနှင့် ပင့်သံဃာ ငါးပါးတို့အား ဆွမ်းကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်း ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ရာ စုစုပေါင်းကျပ်သိန်း ၁၄ဝ တိတိ လှူဒါန်းပေးအပ်ခဲ့ပြီး အလှူငွေပေးအပ်ပွဲသို့ မိတ္ထီလာမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုး အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ ကြသည်။