မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ဝေဖန်ခဲ့တဲ့ ကာပယ်လို

ဖီဖာရဲ့ The Best  ဆုပေးပွဲအခမ်းအနားကို  စီရော်နယ်ဒိုနဲ့ မက်ဆီတို့ တက်ရောက်မှု မရှိခဲ့ခြင်းဟာ လေးစားမှုကင်းမဲ့တဲ့ အပြုအမှုများဖြစ်ကြောင်း အီတလီနည်းပြဟောင်း ကာပယ်လိုက ဝေဖန်ခဲ့ပါတယ်။ အကောင်းဆုံးဆုရဖို့အတွက် ရေပန်းစား မှုတွင် မိုဒရစ်က ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အကောင်းဆုံးဆုကိုလည်း မိုဒရစ်ကပဲရရှိခဲ့တာဖြစ်ပါတယ်။မက်ဆီမှာအကောင်း ဆုံး ဆန်ကာတင် ၃ ဦးစာရင်းတွင် အံသြဖွယ်ပါဝင်လာခြင်း မရှိခဲ့ပေမယ့် စီရော်နယ်ဒိုကတော့ ပါဝင်ခဲ့ပြီး ဆုပေးပွဲကို မတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

Read more

မောင်မောင်လွင်ကို ထိုင်းကလပ်အသင်းငါးသင်း ကမ်းလှမ်းထား

ရန်​ကုန်​ယူနိုက်​တက်​အသင်းနှင့်​ မြန်​မာ့လက်​​ရွေးစင်​အသင်း​တောင်​ပံကစားသမား ​မောင်​​မောင်​လွင်​ကို​ခေါ်ယူရန်​ ထိုင်းလိဂ်​ – ၁ ကလပ်​အသင်း ငါးသင်းမှကမ်းလှမ်းထားပြီး ၎င်းအ​နေဖြင့်​လည်း လာမည့်​​ဘောလုံးရာသီတွင်​ ပြည်ပသို့ သွား​ရောက်​ကစားရန်​ ဆန္ဒရှိ​နေ​ကြောင်း ထုတ်​​ဖော်​​​ပြောကြားခဲ့သည်​။

“ကျွန်​​တော့်​ကို ကမ်းလှမ်းထားတဲ့ ပြည်​ပကလပ်​​တွေရှိပါတယ်​ ​​လော​လောဆယ်​​တော့ ထိုင်းလိဂ်​ (၁) ကငါးသင်း​လောက်​ကမ်းလှမ်းထားတယ်​ ​ပြောင်း​ရွှေ့ဖို့အတွက်​က​တော့ ကျွန်​​တော်​မှာ ​အေးဂျင့်​ရှိတယ်​သူက ဂျာမနီနိုင်​ငံသားပါ သူကိုယ်​တိုင်​ ကျွန်​​တော်​အ​ပြောင်းအ​ရွှေ့ကိစ္စကို လုပ်​​နေပါတယ်​ ” ဟု​ ပြောကြားခဲ့သည်​။

Read more

မြောက်ကိုရီးယားကို ဆက်လက်ပိတ်ဆို့မယ်လို့ ထရမ့် ပြောကြား

လက်နက်ဖြုတ်သိမ်းဖို့စီစဉ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ သတ္တိကို အမေရိကန်သမ္မတ Donald Trump က မနေ့က ချီးကျူးလိုက်ပေမဲ့ နျူကလီးယားမဖြုတ်သိမ်းမချင်း ဆက်လက်အရေးယူ ပိတ်ဆို့ထားရမှာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေတုန်းပါပဲလို့ ပြောကြားပါတယ်။

Read more

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးကစားသမားအတွက် ဘလွန်းဒီအောဆုကို ၂ဝ၁၈ ခုနှစ်ကုန်မှာ စတင်ပေးအပ် ချီးမြှင့်မည်

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ကစားသမားအတွက် ဘလွန်း ဒီအောဆုကို ၂ဝ၁၈ ခုနှစ်ကုန်မှာ စတင်ပေးအပ် ချီးမြှင့်မယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံးအမျိုးသား ကစားသမားအတွက် ပေးအပ်ချီးမြှင့်တဲ့ ဘလွန်း ဒီအောဆုကိုတော့ ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ် ကတည်းက စတင်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အခုပေးအပ်ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားအတွက် ဘလွန်းဒီအောဆုကိုတော့ အခုနှစ်မှာ စတင်ပေးအပ်ချီးမြှင့်မှာ ဖြစ်တဲ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Read more

Instagram – ဖေ့စ်ဘုတ်ကနေ ခွဲထွက်မည်

Instagram ဖန်တီးခဲ့သူ တယောက်ဖြစ်တဲ့ Kevin Systrom

 

ကမ္ဘာကျော် Instagram အင်တာနက်လူမှုကွန်ယက်ကို Facebook ကုမ္ပဏီက ပိုင်တာပါ။ အခုတော့ Instagram ကိုဖန် တီးထူထောင်ခဲ့သူတွေက Facebook ကုမ္ပဏီကနေနုတ်ထွက်ေ တာ့မယ်လို့ တနင်္လာနေ့ကပဲ ကြေညာခဲ့ပါတယ်။ သူတို့ ကိုယ်ပိုင်လုပ်ငန်းသီးသန့်ထူထောင်ဖို့ ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။

Read more

စိုးလင်းဦးနှင့် တရုတ်မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ထိုးသတ်မည်

၆ ကြိမ်မြောက်ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် စိုးလင်းဦးနဲ့ တရုတ် မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။

အသက် ၂၁ နှစ်ရှိ ကျောက်ဝမ်ဝမ်ဟာ တရုတ်မွေထိုင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားပြီး ကစ်ဘောင်ဆင် ကစားသမား တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

Read more

တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ယုံကြည်စွာမဲပေးနိုင်ရေးဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၅

နိုဝင်ဘာ ၃ ရက်တွင် ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် (USDP) ကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က ပြည်သူအများ ယုံကြည်စွာမဲပေးနိုင်ရေးအတွက် ယခုအခါ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Read more

လယ်ဝေးမြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၅

နေပြည်တော် လယ်ဝေးမြို့နယ် ဗဟို အမျိုးသမီးညီလာခံအကြိုအမျိုးသမီးနှီးနှော ဖလှယ်ပွဲအခမ်းအနားကို မြို့နယ်ပါတီရုံး ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားအစီအစဉ်အရ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံ အားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုကာဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည် ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း က အဖွင့်အမှာစကားပြောကြားခြင်း၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် အမျိုးသမီးတာဝန်ခံမှ အမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲကျင်းပရခြင်း၏ရည် ရွယ်ချက်များအားရှင်းလင်းခြင်း၊ စာတမ်း များဖတ်ကြားခြင်းအစီအစဉ်များကို ဆက် လက်ဆောင်ရွက်သည်။

Read more

ဇွဲကပင်ဆရာတော်ထံသို့ ပါတီဌာနချုပ်မှ ဆန် ဆီ နဝကမ္မ အလှူငွေအား ကရင်ပြည်နယ်တာဝန်ခံသွားရောက်လှူဒါန်း

 

ဘားအံ စက်တင်ဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည် နယ်တာဝန်ခံဦးသူရိန်ဇော်သည် ယမန်နေ့ နံနက်ပိုင်းက ဇွဲကပင်ဆရာတော်ထံသို့ ပါတီဌာနချုပ်မှလှူဒါန်းသော ဆန်အိတ်၊ ဆီပုံးနှင့် နဝကမ္မအလှူငွေများကို သွား ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Read more

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ရန်လင်းဖိုင်အမကတွင် ဗလာစာအုပ်များလှူဒါန်း ဝါဆိုသင်္ကန်းဆက်ကပ် ကျောင်းဝင်းသန့်ရှင်းရေးလုပ်အားပေး

 

တမူး စက်တင်ဘာ၂၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တမူးခရိုင်မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ သည် ယမန်နေ့က တမူးမြို့နယ် ရန်လင်းဖိုင်အမကတွင် ဗလာ စာအုပ်လှူဒါန်းခြင်း၊ထင်းဇင်ကျေးရွာဆရာတော်အားဝါဆိုသင်္ကန်း နှင့်နဝကမ္မဆက်ကပ်ခြင်း၊ ဘုန်းကြီးကျောင်းဝင်းအတွင်း သန့်ရှင်း ရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကြိုဆိုဂုဏ်ပြုပွဲ သို့ ခရိုင်မြို့နယ်မှအမျိုးသမီးရေးရာတာဝန်ခံများ၊ ရပ်/ကျေးအမျိုး သမီးရေးရာအဖွဲ့ဝင်များအင်အား ၇ဝ ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြ ပြီး ခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့်ခရိုင်မြို့နယ်မှ ပါတီကော် မတီဝင်များတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

Read more