ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၂၆

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့်ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ အထိ ဥတ္တရသီရိမြို့နယ်ရွှေနံ့သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ရန်အောင်မြင်ဆုတောင်းရစေတီ ထီးတင်ပွဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ နဝကမ္မအလှူတော်ငွေများ လှူဒါန်း

 

မိတ္ထီလာ၊ စက်တင်ဘာ ၂၅

Read more

ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ဗဟိုအမျိုးသမီးရေးရာညီလာခံ ကြိုဆိုလုပ်အားပေး

 

ရေစကြို၊ စက်တင်ဘာ ၂၅

ရေစကြိုမြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များသည် အမျိုးသမီးညီလာခံအား ကြိုဆိုထောက်ခံသောအားဖြင့် မဇ္ဈိမာရုံဘုန်းတော်ကြီးကျောင်း စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုလုပ်ခြင်းနှင့် လှုံဆော်ရေးဆိုင်းဘုတ်အား
မြို့ နယ်ပါတီရုံးမုဒ်ဦးတွင် စိုက်ထူခဲ့ကြပါသည်။


Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုသောအားဖြင့် တောင်တွင်းကြီးပြည်ခိုင်ဖြိုးပါတီမှ လူငယ်များသန့်ရှင်းရေးဆောင်ရွက်

 

တောင်တွင်းကြီး စက်တင်ဘာ ၂၅

တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ဗဟိုအမျိုးသမီးညီလာခံအကြိုထောက်ခံကြိုဆိုလုပ်အားပေးပွဲ ကို ရွှေအင်းတောင်စေတီတော်မြတ်ကြီး ဘုရားရင်ပြင်တော်အတွင်းအပြင် ချုံနွယ် ပိတ်ပေါင်းများ၊ အမှိုက်များရှင်းလင်းခြင်းကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲထောက်ခံကြိုဆိုလုပ်အား ပေးပွဲအား မြို့နယ်ပါတီအတွင်းရေးမှူး၊ မြို့နယ်လူငယ်တာဝန်ခံတို့ ဦးဆောင်လျက် ရပ်ကွက်နှင့် ကျေးရွာအမျိုးသမီးကော်မတီဝင်များ၊ လူငယ်ကော်မတီဝင်များဖြင့် စုပေါင်းသန့်ရှင်းကုသိုလ်ယူခဲ့ကြောင်း သိရသည်။

Read more

ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး ခရိုင်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေဘို စက်တင်ဘာ ၂၅

ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ခရိုင် တိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ရွှေဘိုခရိုင် ပါတီရုံးတွင်ကျင်းပရာ တက်ရောက်လာကြသော မြို့နယ်ပါတီဥက္ကဋ္ဌများက မိမိတို့ မြို့နယ်အလိုက်လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေး ကြသည်။

ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးခဲ့သည်။

Read more

ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံမိတ်ဆက်

 

တမူး စက်တင်ဘာ၂၅

တမူးပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အတူ ယမန်နေ့က ထင်းဇင်ကျေး ရွာသို့ရောက်ရှိရာ ကျေးရွာပြည်သူ များက လှိုက်လှဲပျူငှာစွာကြိုဆိုခဲ့ ကြသည်။ ခရိုင်ကော်မတီဝင် ဦးအောင်ကိုလတ်က မဲပေးနည်း စနစ်များကို ရှင်းလင်းပြောကြားပြီး ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာက မိမိအနေဖြင့်ဒေသဖွံ့ဖြိုး ရေးအထူးဦးစားပေးလုပ်ဆောင်ပေး မည်ဖြစ်ကြောင်း၊ ပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနေမည့်ပြည်သူ့ ကိုယ်စားလှယ်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမိတ် ဆက်စကားပြောကြားခဲ့သည်။

Read more

ပေါ့ဘာကို လက်ထောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားကြောင်း မော်ရင်ဟို အတည်ပြု

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက ပေါ့ဘာကို လက်ထောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း အတည်ပြုခဲ့ပြီး သူနဲ့ ကွင်းလယ်ကစားသမားကြား ဘာပြဿနာမှ မရှိဘူးလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ယူအသင်းက ဝုဗ်ကို ၁-၁ ဂိုးနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ပေါ့ဘာဟာ အသင်းရဲ့ ကစားဟန်ကို ထောက်ပြဝေဖန်ခဲ့ပြီး အိမ်ကွင်းမှာ ကစားတဲ့ မန်ယူအနေနဲ့ တိုက်စစ်ဆင် ကစားသင့်တဲ့အကြာင်း ပြောကြားခဲ့ပါတယ်။

Read more

ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်၏ ဈာပနအခမ်းအနားကျင်းပ

စက်တင်ဘာ ၂၆

ယနေ့မနက်မှာတော့ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ရဲ့ ဈာပနအခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ ဂူဗိမာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဈာပနအခမ်းအနားမှာ အကြီးအကဲပုဂ္ဂိုလ်တွေ၊ ဗီယက်နမ်ဒေသခံတွေ၊ စစ်သည်တွေဟာ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဂါဝရပြုခဲ့ကြတာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ၊ ၂၇ ရက်မှာတော့ သမ္မတ ကျန်ဒိုင်ကွမ်ကို ၎င်းရဲ့ဇာတိမြေဖြစ်ရာ Ninh Binh ပြည်နယ်မှာ မြုပ်နှံသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

Read more

အီရန်အစိုးရကို ဖြုတ်ချဖို့ ထရမ့် လုံးပမ်းနေလို့ သမ္မတ ရိုဟာနီ ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆

အမရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် သမ္မတဟောင်း အိုဘားမားလက်ထက်မှာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီမှုကနေ ထရမ့်အစိုးရက နုတ်ထွက်သွားပြီးမှ သဘောတူညီမှုသစ်ရဖို့ ဆွေးနွေးမယ် ဆိုမျိုးဟာ လက်သင့်ခံစရာ မရှိကြောင်း ပြောကြားရင်းနဲ့ ခုလို စွပ်စွဲပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

Read more