ခင်ဦးမြို့နယ် ကျွန်းလည်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

ဝက်လက် စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ်တွင် ဗဟိုအမျိုး သမီးရေးရာညီလာခံကိုကြိုဆိုဂုဏ် ပြုသောအားဖြင့် ကျွန်းလည်ကျေး ရွာ ဦးကြည်မောင်၏နေအိမ်တွင် ပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ပါတီဆိုင်းဘုတ်တင်ပွဲ နှင့်အတူ လူထုတွေ့ဆုံပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာဦးမြင့်သိန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေး နှင့်ခင်ဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်း မြင့်တို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။

Read more

ဗဟိုအမျိုးသမီးညီလာခံဂုဏ်ပြုကြိုဆို သီလရှင်စာသင်တိုက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အမျိုးသမီးထုစုပေါင်းလှုပ်ရှားမှုဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီ လာခံကို ဂုဏ်ပြုကြိုဆိုသောအား ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုး သမီးရေးရာအဖွဲ့မှ ဦးဆောင်ကာ ယမန်နေ့ နံနက် ၉ နာရီက ၄၈ ရပ် ကွက် စိန္ဒကျော်သူဦးသြလမ်းရှိ သုဝဏ္ဏဘူမိခေမာရာမ သီလရှင် စာသင်တိုက်အတွင်းအမျိုးသမီးလှုပ် ရှားမှုအဖြစ် သန့်ရှင်းရေးလုပ်အား ပေးပေါင်းမြက်များရှင်းလင်းခြင်း၊စာ သင်သားသီလရှင်များအား သွားနှင့် ခံတွင်းရောဂါကုသခြင်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လောင်းလှူ ခြင်းများပြုလုပ်ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက အင်အား ၂ဝခန့်ဖြင့် စည်းရုံးမှုများပြုလုပ်

 

ရန်ကုန် စက်တင်ဘာ ၂၆

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု တာမွေ မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်း ကျော်က အင်အား ၂ဝခန့်ဖြင့် စည်းရုံးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read more

ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီက ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဝန်းနှင့် ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

ပျဉ်းမနား၊ စက်တင်ဘာ ၂၆

Read more

အင်္ဂလန်နည်းပြဆောက်ဂိတ် (၄)နှစ်စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှုရ

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အသင်းနဲ့(၄)နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆောက်ဂိတ် ကိုင်တွယ်ခွင့် ရမှာပဲဖြစ်ပြီး တစ်နှစ် လုပ်ခလစာပေါင်(၃)သန်း ကျော်ရရှိမှာပဲဖြစ်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုရခြင်း မရှိပေမယ့် မကြာခင်မှာ အတည်ပြုထုတ်ပြန်နိုင်မယ်လို့ အက်ဖ်အေက မျှော်လင့်နေပါတယ်။

Read more

ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြာဇံချက်များကျွေခြင်း၊ စုပေါင်းလုပ်အားဒါနများပြုလုပ်ခြင်းများ ပြုလုပ်ကုသိုလ်ယူ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဝေဘူတောင်တွင် နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော ဆယ်ဆူဘုရားပွဲတော်တွင် ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးမှ ” ချမ်းသာရဘုရား ” တွင် ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆီုဂုဏ်ပြုသောအားဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ကြာဇံချက်များကျွေးခြင်း၊ စုပေါင်းလုပ်အားဒါနများပြုလုပ်ခြင်းများကို ယနေ့ (26.9.2018) ရက်၊ နေ့လည်ပိုင်း (2) နာရီအချိန်တွင်ေ ဝဘူတောင်ပေါ်ရှိ ” ချမ်းသာရ ” ဘုရားတွင် ပြုလုပ်ကုသိုလ်ယူခဲ့ကြပါသည်။

Read more

မက္ကဆီကို မြို့တစ်မြို့မှ ရဲတပ်ဖွဲ့ဝင်အားလုံးကို လက်နက်ဖြုတ်သိမ်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

မက္ကဆီကိုရှိ မြို့တစ်မြို့မှ မြို့ခံ ရဲတပ်ဖွဲ့ အားလုံးကို ရာထူးမှ ဆိုင်းငံ့ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အေကာပယ်လ်ကို ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၏ စိမ့်ဝင် ထိန်းချုပ်မှုကို ခံထားရကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည့်နောက် ဗဟို အစိုးရ ရဲတပ်ဖွဲ့က မြို့ခံ ရဲတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းခဲ့သည်။

Read more

တရုတ်ဆိုက်ဘာအန္တရာယ် ရုရှားထက် စိုးရိမ်ဖွယ်ရှိ

တရုတ်နိုင်ငံရဲ့ ဆိုက်ဘာအင်တာနက် စွမ်းရည်ဟာ တနေ့တခြားပိုမို ကြီးထွားလာနေပြီး ကမ္ဘာမှာ ထိပ်တန်း ရောက်လာနိုင်တာကြောင့်၊ အမေရိကန် ရွေးကောက်ပွဲတွေကို နှောက်ယှက်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားနိုင်ငံထက်တောင် အန္တရာယ်ကြီးမားကြောင်း အမေရိကန်ထိပ်တန်း ထောက်လှမ်းရေး အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုဟာ ရည်ရွယ်ချက်ရှိရှိ၊ စနစ်တကျနဲ့ သိမ်သိမ်မွေ့မွေ့ ရှိတာကြောင့် ရုရှားလို နာမည်ပျက်မယ့် အခြေအနေမျိုးကို ရှောင်လွဲနိုင်ခဲ့ကြောင်းလည်း အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Dan Coats က ပြောဆိုခဲ့တာပါ။

Read more

အမေရိကန်လွှတ်တော်ရွေးကောက်ပွဲမှာ တရုတ်က ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေဟု ထရမ့် ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇

တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန်တွေ ချမှတ်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ နိုဝင်ဘာ ၆ ရက်မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

Read more