Author: USDP 2016
ဂျာကာတာမြို့ထဲ ရေမ၀င်အောင် မြို့ပတ်လည် တံတိုင်းဆောက်မည်

မြေအနိမ့်ပိုင်းဖြစ်တဲ့ ဂျာကာတာမြို့တော်ကို ပင်လယ်ရေအောက်နစ်မြုပ်မသွားစေဖို့အတွက် မြို့ပတ်လည်မှာ အလွန်ကြီးမားတဲ့ရေတားနံရံကြီးတွေ အမြန်တည်ဆောက်တော့မယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလိုက်ပါတယ်။ မြေအောက်ရေအလွန်အကျွံ တူးဖော်သုံးစွဲတာတွေကြောင့် လူသန်းပေါင်းများစွာနေထိုင်တဲ့ ဂျာကာတာမြို့တော် မြောက်ပိုင်းဟာ တစ်နှစ်ကို ၄ လက်မခန့် နိမ့်ဆင်းလာနေပြီး လာမယ့် ဆယ်စုနှစ်တွေအတွင်း တစ်မြို့လုံး ပင်လယ်ရေအောက်နစ်မြုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။
Read moreဘာစီလိုနာအတွက် ဂရစ်ဇ်မန်း ကစားပေးခြင်းအား တားမြစ်ထားရန် တောင်းဆို

အက်သလက်တီကိုအသင်းသည် ဘာစီလိုနာ အတွက် ဂရစ်ဇ်မန်းကစားပေးခြင်းအား အပြောင်း အရွှေ့အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းများ အဆုံးသတ်ချိန်အထိ တားမြစ်ပေးရန် တောင်းဆိုခဲ့ သည်။ ဘာစီလိုနာက ဂရစ်ဇ်မန်းအား ပေါင် ၇၂ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ကြောင့် အတည်ပြုထားသော်လည်း အက်သလက်တီကိုအသင်း တာဝန်ရှိသူများက ဘာစီလိုနာသည် ဂရစ်ဇ်မန်းအား တရားမဝင်နည်းလမ်းများကို အသုံးပြုကာ ခေါ်ယူခဲ့ခြင်းဖြစ်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် စပိန်ဘောလုံးအဖွဲ့ချုပ်အား တိုင်ကြားထားသည်။
Read moreနိုင်ငံခြားအလုပ်သမားတွေ ဂျပန် ခေါ်ယူနေ

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ပြုစုစောင့်ရှောက်မယ့် ဝန်ထမ်းအဖြစ် သွားရောက်လုပ်ကိုင်လိုတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ နီပေါနဲ့ မွန်ဂိုလီယားနိုင်ငံသားတွေကို လာမယ့် အောက်တိုဘာနဲ့ နိုဝင်္ဘာလအတွင်း စာမေးပွဲစစ်မယ်လို့ ဂျပန် အလုပ်သမားဝန်ကြီးဌာနက ကြေညာတဲ့သတင်းကို ကျိုဒိုသတင်းဌာနက ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။ အဲဒီ နိုင်ငံခြားသားတွေကို ဂျပန်စာပေနဲ့ ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲအပြင် သူနာပြုအရည်အချင်းနဲ့ လုပ်ငန်းဆိုင်ရာ ဂျပန်ဘာသာ ဝေါဟာရအသုံးအနှုန်း နားလည်ကျွမ်းကျင်မှု စာမေးပွဲတွေလည်း စစ်ဆေးမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် စာမေးပွဲကို လာမယ့် နိုဝင်ဘာလ ၄ ရက်ကနေ ၇ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။
Read moreကမ္ဘာ့အကြီးဆုံး နီလာကျောက်ကို သီရိလင်္ကာနိုင်ငံက အရောင်းပြခန်းတစ်ခုမှာ ပြသ

အမျိုးမျိုးသော နီလာကျောက်မျက်တွေထဲကမှ blue star sapphire အမည်ရှိတဲ့အပြာရောင် ကျောက်အမျိုးအစား တစ်ခုကို သီရိလင်္ကာနိုင်ငံက အရောင်းပြခန်းတစ်ခုမှာပြသခဲ့ပါတယ်။ ဒီအပြာရောင်နီလာကျောက်ဟာ ကမ္ဘာ့အကြီးဆုံး ကျောက်မျက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ အမေရိကန်ဒေါ်လာ(၂.၅)သန်းကျော် တန်ဖိုးရှိတဲ့ ဒီအပြာရောင်နီလာကျောက်ကို ရွှေသရဖူရဲ့ထိပ်မှာတင်ထားပြီး ပြသထားတယ်လို့ သိရပါတယ်။
Read moreတိုက်စစ်ပစ်မှတ်ကို ဈေးမဆစ်ဘဲ ခေါ်ယူပေးဖို့ အသင်းကို ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဒီဘာလာအတွက် ဂျူဗင်တပ် အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏအတိုင်း ပေးချေပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Metro ရဲ့ သတင်းအရ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခုနွေရာသီမှာ နောက်တန်း ကို အဓိကအင်အား ဖြည့်တင်း လိုနေတာဖြစ်ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းက ဝမ်ဘစ်စ်ကာကို ခေါ်ယူခဲ့ပြီး ဖြစ်သလို လက်စတာစီးတီး ကြယ်ပွင့် မက်ဂွိုင်းယားကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
Read more(၁၀)နှစ်အကြာက လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုမှာ ရော်နယ်ဒို အပြစ်မရှိကြောင်းဆုံးဖြတ်

ဘောလုံးကြယ်ပွင့်တစ်ဦးဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုဟာ လွန်ခဲ့တဲ့(၁၀)နှစ်အကြာက လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရမှုမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အီတလီစီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်၊ ဇွန်လ(၁၃)ရက်က အမေရိကန်ပြည်ထောင်စု၊ လတ်စ်ဗီးဂတ်စ် မြို့မှာ ကက်သရင်းမာယော်ဂါဆိုသူ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ ဟော်တယ်တစ်ခုမှာ အလိုမတူပဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး ၂၀၁၀ ခုနှစ်မှာတော့ ရော်နယ်ဒိုနဲ့ အမျိုးသမီးတို့ကျေအေးမှု ရသွားခဲ့ပါတယ်။
Read moreမြောက်ကိုရီးယား ရေငုတ်သဘောင်္သစ်တစ်စီးကို ခေါင်းဆောင် ကင်ဂျုံအန် ကြည့်ရှုစစ်ဆေး

တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ ကျင့်မှုများက နျူဆွေးနွေးညှိနှိုင်း မှုများကို တိမ်းစောင်းစေနိုင် ကြောင်း မြောက်ကိုရီးယားနိုင်ငံ က သတိပေးပြီး တစ်ပတ်အကြာတွင် ခေါင်းဆောင် ကင်ဂျုံအန် သည် ရေငုပ်သင်္ဘောသစ်တစ်စီး ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Read more


