ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ကျောင်းအချို့ ပိတ်ထားရ

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်၊ မြွေပုသိမ်ကျေးရွာရှိ အ.မ.က (၁၀၇) နှင့် (၁၀၈) စာသင်ကျောင်း နှစ်ကျောင်း၊ တံတားဦးမြို့နယ်၊ မုန့်တီစု ကျေးရွာအပါအ၀င် ၁၁ ရွာ၌ စာသင်ကျောင်း ၁၁ ကျောင်း ၊အမရပူရမြို့နယ်၊ ရွှေလေးကျေးရွာအပါအအ၀င် ရွာပေါင်း ၁၁ ရွာတို့မှ စာသင်ကျောင်း ၁၂ ကျောင်းတို့အား ခေတ္တပိတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Read more

မန်ယူအသင်းခေါင်းဆောင်ရာထူး လိုချင်နေတဲ့ ဂိုးသမား ဒီဂီယာ

လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်ရာထူး ရယူသွားချင်တယ်လို့ မန်ယူဂိုးသမား ဒီဂီယာက ပြောလိုက်ပါတယ်။

ဒီဂီယာဟာ အသင်းနဲ့ ၆ နှစ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ရာသီကြိုခရီးစဉ်ကနေ မန်ချက်စတာကို ပြန်ရောက်ရှိတဲ့အချိန်မှာ တရားဝင်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဒီဂီယာဟာ ၂၀၂၅ ခုနှစ်အထိ အသင်းနဲ့ သက်တမ်းတိုးခဲ့ပြီး တပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်းဝန်းကျင် ရရှိမှာပြီး ကမ္ဘာ့လစာအကောင်းဆုံး ဂိုးသမားဖြစ်လာမည်ဟုလည်း AS သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

Read more

အမေရိကန်သူလျှို ၁၇ ဦးဖမ်းဆီးခံဟု အီရန် ထုတ်ပြန်

အမေရိကန်သူလျှို ၁၇ ယောက်ကို ဖမ်းဆီးထားပြီး အဲဒီထဲက တချို့ကို သေဒဏ်ချလိုက်ပြီလို့ အီရန်နိုင်ငံက ဇူလိုင် ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီသူလျှိုတွေကို ပြီးခဲ့တဲ့နှစ်အတွင်းက ဖမ်းခဲ့တာဖြစ်တယ်လို့ အီရန် ထောက်လှမ်းရေးဌာနက ဆိုပါတယ်။ အဲဒီလူတွေဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA အတွက် စစ်ဘက်နဲ့ နျူကလီးယားဆိုင်ရာ နေရာဌာနတွေကနေ လျှို့ဝှက် အချက် အလက်တွေကို စုဆောင်း ရယူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်က အဆင့်မြင့်ရှုပ်ထွေးတဲ့ သင်တန်းတွေ ပေးထားတဲ့ကြားကပဲ သူလျှိုလို့ စွပ်စွဲခံထားရသူတွေထဲက ဘယ်သူမှ အီရန် ကို ဒုက္ခပေးဖို့အကြံအစည်တွေ အောင်မြင်မှု မရခဲ့ဘူးလို့ အီရန် တန်ပြန်ထောက်လှမ်းရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

Read more

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

ပုသိမ် ဇူလိုင် ၁၅

ဧရာဝတီတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမတွင် သတင်းစာ ရှင်းလင်းပွဲတစ်​ရပ်​ ပြုလုပ်​ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်​ တိုင်း​ဒေသကြီး ပါတီအ​နေနှင့် သတင်းထုတ်​ပြန်​ချက်​ ၂ ခု၊ သ​ဘောထားထုတ်​ပြန်​ချက်​ ၂ ခုအား ထုတ်​ပြန်​ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်များမှာ

Read more

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ

 

ပုသိမ်ကြီး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇီးအုပ်ကျေးရွာအုပ်စု ကံကြီး ကုန်းကျေးရွာ ပါတီကော်မတီဝင် ဦးအောင်ဇော်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက်က တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မြိုင် (နယ်မြေမှူး)၊ ကျေးရွာပါတီ ကော်မတီဝင် ဦးအောင်ဇော်ဝင်းနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါတွင်းကာလ သံဃာတော်များအား အရုဏ်ဆွမ်း ကပ်လှူ

 

ရန်ကုန် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူး၍ တတိယအကြိမ်မြောက် (ဝါတွင်းကာလ) လပြည့်လကွယ် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၅နာရီက မြို့နယ်ပါတီရုံး ခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုကို မြို့ပေါ်ရပ်ကွက်အတွင်း ဘုန်းတော်ကြီး ကျောင်းတိုက်ပေါင်း ၁၄ ကျောင်းမှ ဝါဆို သံဃာအပါး ၁၅၅ ပါးတို့အား တတိယအကြိမ်မြောက် ရပ်ကွက်ပါတီဝင်များနှင့် စုပေါင်းလျက် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းဇော်လတ်နှင့် မြို့နယ်ကော်မတီများ ဦးဆောင်ကာ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။  သူရအောင်(ပျော်ဘွယ်ကြီး)

Read more

တောင်တွင်းကြီးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ဆတ်သွားစု ရပ်ရေနွေးကြမ်း စကားဝိုင်း ကျင်းပ

 

တောင်တွင်းကြီး ၊ ဇူလိုင် ၁၆

တောင်တွင်းကြီးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် ဆတ်သွားစုရပ် ရပ်မိရပ်ဖများ၏ ရေနွေးကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။ အဆိုပါ စကားဝိုင်းသို့ ဗဟိုကော်မတီဝင် ဦးသန်းဝင်း၊ တောင်တွင်းကြီး မြို့နယ်ဥက္ကဌ ဦးကြည်သိန်း၊ မြို့နယ် ကော်မတီဝင် ဦးဌေးဦးတို့ တက်ရောက်ခဲ့ပြီး ရပ်မိရပ်ဖ များနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆဌမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 

ကယားပြည်နယ် – ဇူလိုင် ၁၆

ကယားပြည်နယ်၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ယ​မန်နေ့ မနက် ​(၉:၃၀)နာရီ အချိန်​တွင်​ ဆရာ​တော်​သံဃာ​တော်​များအား ပင့်ဖိတ်​၍ ဆဌမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်​ကပ်​လှူဒါန်း ခဲ့သည်။

Read more

ဟိုပင်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆးရုံတွင် လူနာများအား အားဖြည့်အချိုရည်နှင့် မုန့်များလှူဒါန်း

 

ဟိုပင် ဇူလိုင်-၁၆

မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ (၁၆.၇.၂၀၁၉) ရက်နေ့တွင် ဟိုပင် ပြည်သူ့ဆေးရုံ ကြီးတွင် အားဖြည့်အချိုရည်နှင့် မုန့်များလှူဒါန်း ခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲတွင် ဟိုပင်တာဝန်ခံ ဒေါ်သန္တာဝင်းမောင် မြို့နယ်ကော်မတီဝင် ဦးတင်ထွန်းမြင့်နှင့် ရပ်ကျေး အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

Read more

ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရွှေပြည်တော်ဆုံမှတ်တို့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

 

ပွင့်ဖြူ ဇူလိုင် ၁၆

နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ဝင်းတို့အား အမှူးထား၍ တည်ထောင် ထားသည့် ရွှေပြည်တော်ဆုံမှတ် ပရဟိတလူမှုကူညီရေး အသင်းမှ အဖွဲ့ဝင်များနှင့် ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစန်းထွန်း၊ ပါတီဝင်များ လိုက်ပါ၍ ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ရွှေလှေ ကျေးရွာအုပ်စုရွာ ထောင်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။

Read more