ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြည်ခိုင်ဖြိုးပါတီ ကန့်ကွက်ရှုတ်ချ

 

စလင်း ၊ သြဂုတ် (၄)

နိုင်ငံခြားသားကလေး မွေးစားခွင့်ဟု လူသိများနေသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအား ကန့်ကွက်ရှုတ်ချပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ် ခဲ့သည့် လှုပ်ရှားမှုကြီး တစ်ရပ်အား မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ယမန်နေ့ နံနက် (၈) နာရီက စတင် ပြုလုပ်ခဲ့သည်။

Read more

မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက် လှူဒါန်း

 

ရန်ကုန် သြဂုတ် ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက် လှူဒါန်းခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဝေါမြို့နယ် ဒေသခံပြည်သူများနှင့် ဆွေးနွေးပွဲ ပြုလုပ်

 

ဝေါ သြဂုတ် ၎

Read more

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပညာရည်ချွန် ဆုချီးမြှင့်ခြင်းနှင့် အစည်းအဝေး ကျင်းပ

 

ဘားအံ သြဂုတ် ၎

Read more

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ကို ရှင်းပြခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး

 

ပျော်ဘွယ်၊ သြဂုတ် ၎

လွှတ်တော်တော်နားရက်မှာ ပြည်သူ့တစ်ယောက်ရဲ့ တာဝန်ဖြစ်တဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို နားထောင်ဖို့ ဖြေရှင်းပေးဖို့ မျှော်နေတဲ့ ကျေးရွာလူထုဆီသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည့်သူလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် အဖွဲ့မှ သွားရောက်တွေ့ဆုံ ခဲ့ကြပါသည်။

Read more

စီရော်နယ်ဒိုမကစားခဲ့ခြင်းကြောင့် ပွဲစီစဉ်သူများကို တရားစွဲဆိုမည်

ကိုရီးယားပရိသတ်များသည် ကေလိဂ်အောစတားအသင်းနှင့် ဂျူဗင် တပ်တို့ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် စီရော်နယ်ဒို ပါဝင်ကစားခဲ့ခြင်း မရှိ၍ ပွဲစီစဉ်သူများကို တရားစွဲဆိုရန်ပြင်ဆင်နေကြပြီဖြစ်သည်။ သုံးဂိုးစီသရေ ကျခဲ့သော ပွဲစဉ်တွင် စီရော်နယ်ဒိုသည် အရန်ခုံ၌သာ ပွဲချိန်ပြည့်ထိုင်နေခဲ့ပြီး လူစားဝင်ခဲ့ခြင်း မရှိပေ။

ပွဲစီစဉ်သူများက ကစားသမား၏ကြံ့ခိုင်မှုကြောင့် မပါဝင်နိုင်ခြင်းဟု အကြောင်းပြထားသော်လည်း ပရိသတ်များက မကျေနပ်ကြပေ။ ထို့ကြောင့် လက်မှတ်ခ ၄၈ ပေါင်အား ပြန်လည်ရရှိ ရန်တရားစွဲဆိုကြမည်ဖြစ်သည်။

Read more

မွတ်စလင်တို့၏ ချက်ချင်းကွာရှင်းမှု တရားမဝင်ကြောင်း အိန္ဒိယလွှတ်တော် မဲခွဲဆုံးဖြတ်

မွတ်စလင်အမျိုး သားတစ်ဦးက ၎င်း၏ဇနီးကို ချက်ချင်း ကွာရှင်းခွင့်ရှိသည့် ရာစုနှစ်များစွာ သက်တမ်းရှိသော အခွင့်အရေးကို တရားမဝင်ဟု သတ်မှတ်သည့် ဥပဒေကြမ်းတစ်ရပ်ကို အိန္ဒိယလွှတ်တော်က အတည်ပြုသဖြင့် အစိုးရသည် လူ့အသိုင်း အဝိုင်းကိစ္စတစ်ခုတွင် ကြားဝင် စွက်သည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာသည်။

မွတ်စလင်အမျိုးသားတစ်ဦးအနေဖြင့် ၎င်း၏ဇနီး ရှေ့မှောက်တွင် အာရပ်ဘာသာဖြင့် ကွာရှင်းသည်ဟု အဓိပ္ပာယ်ရသော ‘တာ လက်ခ်’ဟု သုံးကြိမ်ရွတ်ဆိုခြင်းဖြင့် လင်မယားကွာရှင်းနိုင်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေး ဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရက တွန်းအားခဲ့သည်။

Read more

အောင်သူကို အတုယူကြိုးစားရန် မြောင်တောင်အသင်းသားများကို နည်းပြသတိပေး

မြောင်တောင်ယူနိုက်တက်အသင်းနည်းပြ ဂါမာက အသင်းသားတွေကို ပွဲထွက်ခွင့်ရရန်အတွက် အခွင့်အရေး ရချိန်မှာ အောင်သူကဲ့သို့ ကြိုးစားပြဖို့အတွက် သတိပေးပြောကြားခဲ့ပါတယ်။ “အသင်းမှာ ပွဲထွက်ကစားသမား ဖြစ်နိုင်တဲ့ အရေအတွက်က ၁၁ယောက်ထက်ပိုပါတယ်။ ကစားသမားတိုင်းက လေ့ကျင့်ရေးမှာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း ပြသဖို့လိုပါတယ်။ ဘယ်သူမဆို ပွဲထွက်ကစားဖို့အတွက် အခွင့်အရေးရှိပါတယ်။ အောင်သူကို ကြည့်ပါ။ ကစားခွင့်ရတဲ့အချိန်တိုင်း သူဘယ်လောက်ကစားနိုင်လဲဆိုတာ သက်သေပြနိုင်ခဲ့တယ်။ သူက ကစားသမားကောင်း တစ်ယောက်ဆိုတာ ကျွန်တော်အမြဲယုံကြည်တယ်။”လို့ မြောင်တောင်ယူနိုက်တက်နည်းပြ ဂါမာက ရက်ချာဘူရီကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ DuwunSporrs

Read more

ဒီနှစ်အတွက် ဒုတိယမြောက်မေဂျာဆုဖလားကို တောင်ကိုရီးယားသူ ဂိုဂျင်ယောင်းရယူ

အမျိုးသမီးဂေါ့ဖ်ပြိုင်ပွဲရဲ့ မေဂျာပြိုင်ပွဲ(၅)ခုအနက် (၁)ခုဖြစ်တဲ့ အီဗီယန်ချန်ပီယံရှစ်ဂေါ့ဖ်ပြိုင်ပွဲမှာ တောင်ကိုရီးယား သူ ဂိုဂျင်ယောင်းချန်ပီယံဆုရယူခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအီဗီယန်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ပြိုင်ပွဲ နောက်ဆုံး နေ့ပွဲမှာ ဂိုဂျင်ယောင်းက(၆၇)ချက်ရိုက်ခဲ့ပြီး စုစုပေါင်းရိုက်ချက်(၂၆၉)ချက် ရိုက်ခဲ့ပါတယ်။ ဒါကြောင့် ဂိုဂျင်ယောင်းဟာ သတ်မှတ်ရိုက်ချက်အောက်(၁၅)ချက် လျော့ရိုက်ပြီးချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်(၂၄)နှစ်သာရှိသေးတဲ့ ဂိုဂျင်ယောင်းဟာ (၂၀၁၉)ANAအင်စပီရေးရှင်း ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာဖြစ်လို့ ကစားသမားဘ၀ဒုတိယမြောက် မေဂျာဆုဖလားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ (၂၀၁၈)LPGAတစ်နှစ်တာအကောင်းဆုံးတက်သစ် ကစားသမားဆုကို ရရှိခဲ့တဲ့ဂိုဂျင်ယောင်းဟာ လက်ရှိကမ္ဘာ့ အဆင့်(၁၀)မှာ ရပ်တည်နေပါတယ်။ ပြိုင်ပွဲတစ်ရပ်လုံးအတွက် ဆုကြေး ဒေါ်လာ(၄ဒဿမ၁)သန်း ချီးမြှင့်တဲ့ ဒီပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့ဂိုဂျင်ယောင်းကဆုကြေးဒေါ်လာ(၆၁၅၀၀၀)ရရှိခဲ့တယ်လို့သိရပါတယ်။ Skysports

Read more

၂ဝ၁၉ ခုနှစ်၏ ဂျာမနီအကောင်းဆုံးကစားသမားအဖြစ် မာကိုရူးစ် ရွေးချယ်ခံရ

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်သည် ၂ဝ၁၉ ခုနှစ်၏ ဂျာမနီ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ် ခံခဲ့ရသည်။ ဂျာမနီရှိ အားကစားဂျာနယ်လစ်များက မဲပေးရွေးချယ်ပြီး Kicker အားကစားမဂ္ဂဇင်းက ဆုချီးမြှင့်ပေး ခြင်းလည်းဖြစ်သည်။ မဲပေးရွေးချယ် သူစုစုပေါင်း ၅၄ဝ အတွင်းမှ ၁၅၈ ဦး၏ မဲပေးခြင်းကို ခံခဲ့ရသည်။ လီဗာကူဆင်မှ ကိုင်ဟာ ဗတ်သည် ၁၂၁ မဲဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး ဘိုင်ယန်မှကင်မစ်ခ်ျ က ၃၅မဲဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ မာကို ရူးစ်သည် ပြီးခဲ့သောရာသီတွင် လိဂ်ပွဲ ၂၇ ပွဲ၌ ၁၇ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။ Ref ;Bundesliga

Read more